အာဋာနာဋိယသုတ်တော် ဝတ္ထု ဖြစ်စဉ်


အာဋာနာဋိယသုတ်တော် ဝတ္ထု ဖြစ်စဉ်


ရာဇဂြိုဟ် ပြည်ကြီးအနီး ဂိဇ္ဈကုဋ် တောင်တွင် မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် တစ်ညသော သန်းခေါင်ယံ ၌မြင်းမိုရ် တောင်၏ လေးမျက်နှာတွင်နေကြကုန် သောဓတရဋ္ဌ နတ်မင်း ၊ ဝိရူဠှက နတ်မင်း ၊ ဝိရူပက္ခ နတ်မင်း ၊ ကုဝေရနတ်မင်း ၊ ဤ နတ်မင်းကြီးလေးပါး သည် မြတ်စွာဘုရား အားလာရောက်ဖူးမြှော်ကြလေသည် ။
ဖူးမြှော် ကြပြီး နတ်မင်းကြီးလေးပါးတို့ကိုယ်စား ကုဝေရ နတ်မင်းကြီး က ဦးဆောင်လျှောတ်ထားသည်မှာ ...လူကောင်း လူဆိုးအမျိုးမျိုး ရှိကြသလို နတ်လောက ၊ ဘီလူးလောက ၌လည်း အကောင်း ၊ အဆိုး နှစ် မျိုး ရှိကြပါသည် ။
အရှင်ဘုရား၏ သာသနာတော်အတွင်းရှိ တရားဓမ္မ၌ မွေ့လျော် သူ ဥပါသကာ ၊ ဥပါသိကီ တို့အား သာသနာတော် ကို မကြည်ညိုသူ ဘီလူးဆိုး ၊ နတ်ဆိုးများက ဝင်ရောက်နှောက်ယှက် ခြောက်လှန့်ခြင်း ပြုပါက တပည့်တော်မှာလည်း တာဝန်မကင်း ဖြစ်ပါလိမ့်မည် ။
သို့အတွက်ကြောင့် ထိုနတ်ဆိုးများအား ကြောက်ရွံ့စေသော ၊ နာခံစေသော ၊ တပည့် တော် ၏ နာမည်ပါသော အာဋာနာဋိယ နတ် မြို့တော်မှ ထုတ်ပြန်လိုက်သော အမိန့်တော် ပြန်တမ်း စည်းကမ်းသဖွယ် ဖြစ်သည့် အရံအတား ပရိတ်တော် တရားဒေသနာတော် ကို ဟောကြားတော်မူပါ ဟု နားတော် လျှောက်လေ၏ ။
ထိုအခါ မြတ်စွာဘုရား သည် ဝိပဿီ စသော မြတ်စွာဘုရား ခုနှစ်ဆူ အားရှိခိုးခြင်း မှအစ နတ်မင်းကြီးများ၏ အမည်ပါသော အာဋာနာဋိယ သုတ်တော် ကို ထုတ်ဖော် ဟောကြား၍ ရွတ်ပွါးသရဇ္ဈာယ်ခဲ့ ကြလေသည် ။
………………………………………………………………………….

အာဋာနာဋိယ သုတ်တော်ရွတ်ဖတ်ခြင်း ၏ အကျိုး

ဤသုတ်တော်ကို နေ့စဉ် မပြတ် ရွတ်ဖတ်သရဇ္ဈာယ် ခြင်းဖြင့်နတ်တို့က စောင်မ သည် ။ အကာအကွယ် ပေးသည် ။ အမှောင့်ပယောဂ များ မကပ်ရောက်နိုင် ၊ မိစ္ဆာ ဝါဒီ ပညာသည် တို့ ပြုစားခြင်းမှ ကာကွယ်နိုင်၏ ။ မကောင်းသော ဂြိုဟ်စီး ဒသာကံကြမ္မာ တို့မှလွတ်ကင်း ချမ်းသာ စေ နိုင်သော အကျိုး သတ္တိ ရှိလေသည် ။

ဆက်လက်ဖတ်ရှုရန်...

အများဆုံးစိတ်ပင်ပန်း စေတဲ့ သူတွေ


အများဆုံးစိတ်ပင်ပန်း စေတဲ့ သူတွေ

(သတိ နဲ့ပြောပါ စာအုပ်မှ )

Other people can be a big source of stress in our life.
သူ တစ်ပါးဟာ ကိုယ့်ဘဝမှာစိတ် ပင်ပန်း မှုဖြစ်စေနိုင်တဲ့ ကြီးမားတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။
ဖြစ်နိုင်တယ် ဆိုတာထက် ဖြစ်နေတယ် ဆိုတာက ပိုမှန်တယ် ။ သတိထား ကြည့်စမ်းပါ ။ ကိုယ့်ဘဝမှာ ပြောရေး ၊ ဆိုရေး ၊ ဆက်ဆံရေး အဆင်မပြေလို့ ဘယ်လောက် စိတ်ပင်ပန်းနေရတယ် ဆိုတာ...
အားလုံးပဲ ကြုံဖူးကြမှာပါ ၊ ကိုယ့်ဘဝကို သူ တစ်ပါးက လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ခံစားဖူးကြမှာပါ ၊ ကိုယ့်ကို အတင်း အကြပ် သူတို့သဘောအတိုင်း လုပ်ခိုင်းတာတွေကြုံဖူးကြပါတယ်။
သူတို့ ကိစ္စတွေ လုပ်ပေးဖို့ ကိုယ့်အချိန်တွေကို မရမက တောင်းဆိုကြတယ် ။ ပြောရဆိုရ ဆက်ဆံရ တာ သိပ်ခက်ခဲတယ် ။ ရန်လိုတယ် ။ ကိုယ်က မျှော်လင့်ထားတာကို လုပ်မပေးဘူး ။ ကိုယ့်ကို အလေးမထားဘူး ။ ဂရုမစိုက်ဘူး ။ ကိုယ့်ရဲ့ ခံစားချက်ကို လည်း အလေးမထားဘူး ။ ဂရုမစိုက်ဘူး ။ တစ်ဖက်သတ်အနိုင် ကျင့်ပြီး ဆက်ဆံနေတာတွေ တွေ့ကြုံဖူးမှာပဲ။
ဒါမျိုးက ဆက်ဆံရေးတိုင်းမှာ တွေ့ရတတ်ပါတယ်။ တော်တော်များများ တွေ့ရတတ်တယ်။ တဖက်သားရဲ့ ဆန္ဒ ၊ တဖက်သားရဲ့ ခံစားချက်ကို လုံးဝ အသိအမှတ် မပြုဘူး ။ တန်ဖိုးမထားဘူး ။ ငါပြောသလို လုပ် ၊ ငါသိတယ် ။ မင်း တို့ဘာမှပြောစရာ မလိုဘူး ဆိုပြီးတော့ ရာခိုင်နှုန်းပြည့်control လုပ်ထားကြတယ် ။ ဒီလို အပြောမျိုးတွေ ဒီလို သဘောထားမျိုးတွေ ရှိတယ် နော် ။
အားလုံးပဲ ကိုယ့်အလုပ်မှာ ၊ ကိုယ့်အိမ်မှာ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ၊ ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူ ဘယ်သူ ၊ ဘယ်ဝါ ရှိတယ်ဆိုတာ ပြန်စဉ်းစားကြည့်မယ် ဆိုရင် သိနိုင်တယ် ။ ရှိတယ် ။
ဖြစ်နိုင်ရင် အဲဒီလူတွေကို ရှောင်ချင်တယ် ။ ဒါပေမဲ့ အခြေအနေ တော်တော်များများ မှာမရှောင်သာဘူး ။ မရှောင်နိုင်ဘူး ။ ရှောင်လို့ မရဘူး ။
ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ်က သူ တို့နဲ့ အတူတူ နေနေရတယ်။ ခွဲသွားလို့ မရဘူး ။ သို့မဟုတ်ရင် အတူတူ အလုပ်လုပ် နေရတယ်။ရှောင်လို့မရဘူး ။ ကိုယ့်အထက်လူကြီးဖြစ်ချင်ဖြစ်မယ် ၊ တန်းတူရည်တူ လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်ဖြစ်မယ် ၊ ကိုယ့်အောက်လူ ဖြစ်ချင် ဖြစ်မယ် ။ သို့မဟုတ်ရင်လည်းမိသားစုဖြစ်နေ ရင် သူတို့ပတ်သက်ပြီး ကိုယ့်မှာ တာဝန်ရှိနေတယ်။ ဘယ်လိုမှ ထားခဲ့လို့ မရဘူး။
In fact many of the people who cause us the most stress may be people we love very deeply.
တကယ်တော့ ကိုယ့်ကို အများဆုံး စိတ်ပင်ပန်းစေတဲ့ သူတွေဟာ ကိုယ် အင်မတန် နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ် ။
We all know that love relationships can occasion deep emotional pain as well as joy and pleasure.
တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ဆက်ဆံနေတဲ့ ဆက်ဆံရေးတွေမှာ တစ်ယောက်ကို တစ်ယောက်စိတ်ချမ်းသာမှု ပျော်ရွှင်မှု ပေးနိုင်သလို အင်မတန် နက်ရှိုင်းပြင်းထန် တဲ့ စိတ် ဆင်းရဲမှု ကို လည်း ဖြစ်စေနိုင်တယ် ဆိုတာ အားလုံးသိကြပါတယ် ။

ဆက်လက်ဖတ်ရှုရန်...

ညှိနှိုင်းပြီး နေသွားရမှာ


ညှိနှိုင်းပြီး နေသွားရမှာ

(ဒေါသကို နားလည်ပါ စာအုပ်မှ )


လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ ၊ သူ့ဟာသူ ဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး ။ ဒီလောကကြီး ထဲမှာ ကိုယ်က မွေးဖွားလာရတာ၊ ဒါကို နားလည်ပြီး adapt လုပ်ပြီး ၊ ညှိနှိုင်းပြီး နေသွားရမှာ ။
ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင် တတ်နိုင်သလောက် ပြုပြင်ဖို့ တော့လိုပါတယ်။ စိတ်နေသဘောထား ကောင်းတဲ့သူတွေ ၊ သတိနဲ့ နေတတ်တဲ့သူတွေ ၊ ချင့်ချိန်နိုင်တဲ့ သူတွေ ၊ စည်းကမ်းရှိတဲ့ သူတွေ ပိုပြီး များလာအောင် ကူညီရမယ် ။
အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့ တွေ့ ရတဲ့ အခက်အခဲ တွေ ကို ဖြေရှင်းနိုင်အောင် စနစ်တကျသင်ကြား လေ့လာထားဖို့ လိုအပ်သလို ၊ ဆက်ဆံရေး နဲ့ ပတ်သက်ပြီး တော့ တွေ့ရတဲ့ အခက်အခဲတွေ ကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်အောင် စနစ်တကျ သင်ကြားလေ့လာထားဖို့ လိုအပ်ပါတယ် ။
နေ့စဉ် ကြုံတွေ့ နေရတဲ့ အတွေ့ အကြုံတွေ ၊ နေ့စဉ်ကိုယ့်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ ၊ သဘောထားတွေ ၊ နေ့စဉ် ပြောပုံ၊ ဆိုပုံ၊ လုပ်ပုံ ၊ ကိုင်ပုံ တွေ ၊ နေ့စဉ် လူတွေနဲ့ ဆက်ဆံပုံ တွေကို ကိုယ့်ကို" ဘယ်လိုလူ " ဆိုတာကို ပုံဖော်ပေးနေတယ် ။
ဒေါသ ဖြစ်တာ နည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာ လာမယ် ။ ကိုယ့်မိသားစု လည်း စိတ်ပိုချမ်းသာလာမယ် ။ ကိုယ့်လုပ်ဖော် ကိုင်ဖက် တွေလည်း စိတ်ပိုချမ်းသာလာမယ် ။
ဒေါသ နည်းလာရင် စိတ်မငြိမ်မှု နည်းသွားတယ် ။ အရင်စလို လုပ်တာ ၊ ပြောတာ ၊ နည်းသွားတယ် ။ ဒေါသ ဖြစ်တာ ၊ စိတ်တိုတာ များရင် စိတ်လှုပ်ရှားမယ် ။ စိတ်မတည်ငြိမ်နိုင်ဘူး ။ ဒေါသ ဖြစ်နေရင် လုပ်တာ ကိုင်တာ ပြောတာ ဆိုတာ အမှားများမယ် ။ ဆုံးဖြတ်ချက် မှားမယ် ။ ဆုံးဖြတ်ချက် မှားသွားရင် အများကြီး နစ်နာသွားမယ် ။ ဆုံးရှုံးသွားမယ် ...နော် ။
ကိုယ့်ဒေါသ ကကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ ခိုင်းတာ တွေ ကို မလုပ်မိအောင်သတိထားရမယ် ။ ဒေါသကို ဆရာတင် မိရင်မှားမယ် ။
ဒါကြောင့် စိတ်တိုလာရင် သတိ နဲ့ ကြည့်ပါ ။ စိတ်ထဲမှာ တင်းလာတယ် ။ ရင်ထဲမှာ တင်းကျပ်လာတယ် ။ ခေါင်းထဲမှာ တင်းလာတယ် ။ နားထင်တွေ ၊ နဖူးကြောတွေ တင်းလာတယ် ။ တင်း နေတာတွေကို သိပြီးတော့ လျှော့လိုက်ပါ ။ ရသလောက် လျှော့ပါ။

ဆက်လက်ဖတ်ရှုရန်...

ပုဗ္ဗဏှ သုတ်တော် ဝတ္ထု ဖြစ်စဉ်


ပုဗ္ဗဏှ သုတ်တော် ဝတ္ထု ဖြစ်စဉ်


ပုဗ္ဗဏှ သုတ်တော်သည် ဘုရား ၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးတို့ ၏ဂုဏ်တော် ကျေးဇူးတော်၊ အာနုဘော်များ ကို စုပေါင်း ၍ ကျက်သရေ ၊ မင်္ဂလာ ရှိစေရန်စီစဉ်ထားသော် သုတ်တော်ဖြစ်သည် ။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့ သမျှ ပရိတ်တော်များမှ ထုတ်နှုတ် စီစဉ်ထားခြင်းဖြစ်သည် ။ မြတ်စွာဘုရား ၏အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် ဘုန်းတန်ခိုးတောက်စေရန် ၊ တရားတော်မြတ်၏ အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် စီးပွါးလာဘ်လာပြီ ရောက်စေရန် ၊ သံဃာတော်များ ၏ အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် အကြံအစည် မြောက်စေရန် စီမံမိန့်ဆိုထားသော ပုဗ္ဗဏှသုတ်တော် ဖြစ်ပါသတည်း ။
……………………………………………………………….

ပုဗ္ဗဏှ သုတ်တော် ရွတ်ဖတ်ခြင်း၏ အကျိုး

ဤပုဗ္ဗဏှ သုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် သရဇ္ဈာယ် ပွါးများ ပါက ကြုံတွေ့ရမည့် အတိတ်ဆိုး ၊ နမိတ်ဆိုး မြား တို့ ပြေပျောက်နိုင်ခြင်း၊ အိမ်၏ကျက်သရေတိုးပွါးခြင်း ၊ ရာထူး ဌာနန္တရ တိုးတက်ခြင်း ၊ ထီပေါက်ခြင်း ၊ မိမိသာမက တစ်အိမ်သားလုံး စိတ်ချမ်းသာခြင်း ၊ ကိုယ်ကျန်းမာခြင်း ၊ သုခ ( ၂ ) ပါးအားလုံး ပြည့်စုံစေနိုင်ပါသည် ။


ဆက်လက်ဖတ်ရှုရန်...

ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်


ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်


တစ်ရံရော အခါ တန်ခိုးပြင်းထန် လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ် နာမကျန်း ဖြစ်လတ်လေသည် ။ ဟူးရား အကျော်သမားတော် များ၏ ဆေးဝါးများသောက်သုံးပါသော်လည်း ရောဂါဝေဒီနာ မသက်သာချေ။
ထိုအခါ ရှင်တော်မြတ်ဘုရား ကြွရောက်တော်မူလာပြီးဗောဇ္ဈင်ခုနှစ်ပါး တရားမန္တန် ပရိတ်တော်ကို ဟောဖော်ချီးမြှင့်တော်မူရာ ရှင်မဟာမောဂ္ဂလ္လာန် မထေရ် မှာ ရောဂါ ဝေဒနာ မှ လွတ်ကင်း ကျန်းမာခြင်းသို့ ရောက်လေရာ ထိုအခါမှ စ၍ ဗောဇ္ဈင် သုတ်တော်ဖြစ် ပေါ်ထင်ရှားပွါးများ ရွတ်ဆိုခဲ့ကြပါသတည်း ။
…………………………………………………………………………….

ဗောဇ္ဈင်သုတ်တော် ရွတ်ဖတ်ခြင်း ၏အကျိုး

ဤ ဗောဇ္ဈင်သုတ်တော် ကို နေ့စဉ်ရွတ်ဖတ် ပွါးများခြင်းဖြင့် ရောဂါ ဆိုး၊ ဝေဒနာဆိုး များ မကပ်ငြိနိုင်ပဲပျောက်ကင်းချမ်းသာစေနိုင်သည် ။ ရောဂါ ဝေဒနာ ကျရောက်နေသူများ အတွက်ဌာန်ကရိဏ်းကျ ပီပီသသ ရွတ် ပေးပါက ရောဂါ ကင်း ပျောက်ချမ်းသာရောက်ခြင်းသို့ မုချရောက်ရှိပါလိမ့်မည် ။

ဆက်လက်ဖတ်ရှုရန်...

အင်္ဂုလိ မာလသုတ်တော် ဖြစ်စဉ်


အင်္ဂုလိ မာလသုတ်တော် ဖြစ်စဉ်


သာဝတ္ထိပြည် ပေဿာနဒီကောသလမင်းကြီး ၏ အတိုင်ပင်ခံပညာရှိ ပရောဟိတ်ကြီး ၏ ဇနီးပုဏ္ဏေး မကြီး မန္တာနီ တွင် သား တစ်ယောက်ဖွားမြင်ရာဖွားမြင်သည့် အချိန်တွင် တစ်ပြည်လုံးရှိ လက်နက်များ အရောင်တဝင်းဝင်း ထွက်လာသဖြင့် ကောသလ မင်းကြီးက မေးရာ ပုဏ္ဏားတော်ကြီးက မိမိ၏ဇနီး မှမွေးဖွားသော သား၏နက္ခတ် ကြောင့်ဖြစ်ကြောင်း သံတော်ဦးတင်၍ ၎င်းသားကို သုတ်သင် ဖျောက်ဖျက်ပစ်ပါမည် ဟု သံတော်ဦးတင်လျောက်လေသည် ။
မင်းကြီးက " တိုင်းပြည်ကို လုယူမည့် သူပုန်ဖြစ်မည်လား " မေးရာ ပုရောဟိတ်ကြီးက ထီးနန်းကို လုယူမည့်သူမဟုတ်ပါ ၊ တောတွင်း လူဆိုးသာ ဖြစ်ပါမည် ပြောသဖြင့် မင်းကြီးက " ဇီဝိတဒါန အသက်ရှင်ပါစေ ၊ မသေပါစေနှင့်" ဟု မိန့်ကြားသဖြင့် " ဟိံသက " အမည်ပေး၍ ဆက်လက်မွေးမြူထားလေသည် ။
အရွယ်ရောက်သောတက္ကသိုလ်ဒိသာပါမောက္ခဆရာကြီး ထံပညာသင် စေလွှတ်ထား၏ ။ တပည့်ပေါင်းများစွာ ရှိသည့်အနက် ဟိံသက မှာ ဖျတ်လတ်သွက်လက် သဖြင့် ဆရာကတော်ကြီးက ဟိံသက ကို လက်စွဲပြုစေခိုင်းလေ့ရှိသည်။ ဆရာကတော်ကြီးက အရေးပေးသည်ကို မနာလိုသော တပည့်များသည် ဟိံသက မှာ ဆရာကတော်ကြီးအပေါ် ၌ မရိုးသားကြောင်း ဆရာကြီး အားကုန်းချောစကား ဆိုကြလေတော့သည် ။
ဆရာကြီး သည်အထင်လွဲကာ ဟိံသက အား ပညာစုံပြီဖြစ်၍ ပညာကြေး ကန်တော့ရန် " လူ့လက်ညှိုးတစ်ထောင်ဖြတ်၍ယူခဲ့" ဟု အနုနည်းဖြင့် သေလမ်းကို ညွှန်ကြားလိုက်လေသည် ။
ဟိံသက သည်လည်း ဆရာကြီးအပေါ်၌ ကြည်ညိုလေးစားစွာ ဖြင့် ဩဝါဒ အတိုင်း သာဝတ္ထိပြည် အနီး ဇာလိယတောတန်းထဲ တွင် နေကာ ဓားတစ်ချောင်း ဖြင့် လာလာ သမျှသော လူများကို သတ်၍ လက်ညှိုးဖြတ်ကာ ကြိုးနှင့်သီပြီး လည်ပင်းမှာ ဆွဲထားလေတော့သည် ။
ထိုအချိန်က စ၍ ဟိံသက အမည်မှ အင်္ဂုလိမာလ ဟုအမည်တွင်ကာ ဘုရင်မင်းမြတ် ကိုယ်တိုင်ထွက်၍ နှိမ်နင်းရန် ကြံသည်အထိ ရာဇဝတ်ကောင်ကြီး တစ်ဦးသဖွယ် ကြီးကျယ်လာတော့သည် ။
ကောသလ မင်းကြီးကိုယ်တိုင် စစ်တပ်နှင့် ထွက်၍ လက်ရ ဖမ်းမည်ဟု သိသောနေ့တွင် မန္တာနီ ပုဏ္ဏေး မကြီးသည် သားအပေါ့ချစ်ခြင်း မေတ္တာ ကရုဏာ ဖြင့်ဇာလိယ တောတန်းသို့ အပြေးလှမ်းကာ သားကို တော်ရာ လွတ်ရာ သို့ ရှောင်ရှားရန် ဟစ်အော် သတိပေးလေတော့သည် ။
အင်္ဂုလိမာလ အဖို့မှာ လည်း တစ်ထောင်ပြည့်ရန် လက်တစ်ချောင်းသာ လို သောနေ့မှာ မွေးသမိခင် ကျေးဇူးရှင် ကိုယ်တိုင် လာရောက်သတိပေးလေရာ ဘုယျာဉ်ကိုယ်တိုင်လူ ဆိုးဖမ်းထွက်မည့်နေ့ဖြစ်၍ ဤတောတန်းများ၌ ဖြတ်သန်းမည့်အခြားသူ မရှိဘဲ တစ်ဦးတည်းသောလာသူမှာလည်း မိခင်ရင်း ဖြစ်နေတော့ရာ ...ယနေ့ လက်ညှိုးတစ်ထောင်ပြည့်ပါက ဆရာ့ထံပြန်၍ ကန်တော့လိုသော အင်္ဂုလိမာလ မှာ " မာတာပိတု ဂူဏော အနန္တော " သဘောသက်ဝင် မဆင်ခြင်နိုင်ဘဲ မိခင်ရင်းလက်ညှိုး ကို ဖြတ်ရန်ကြံစည်ကာဓားဆွဲ၍ လိုက်လေသည် ။
သတ္တဝါ ဝေနေ များဗိုလ်ခြေကို ကရုဏာ တော် အနန္တဖြင့် ဒိဗ္ဗစက္ခု ဉာဏ်တော်မြတ်ဖြင့် ကြည့်ရှူ့ကယ်တင်ရန် ဆုံးဖြတ်တော် မူသောမြတ်စွာဘုရား သခင်သည် မိခင် နှင့် သားအကြား ဘွားခနဲဝင်၍မိခင် ကို ကာကွယ်လိုက်လေတော့သည် ။
အပြေးလျှင်သော သားသမင်ကို ပင် အစဉ်အမြဲရအောင် ဖမ်းယူနိုင်သော အင်္ဂုလိမာလ မှာ ဘုရားရှင်ကို လိုက်၍ မမီနိုင်သည့် အဆုံး" ရဟန်းကြီး ရပ်လော့ " ဟုလူဆိုး ပီပီ အမိန့်ပေးလေတော့သည် ။
ဗုဒ္ဓ ဘုရားရှင်က " အင်္ဂုလိမာလ ၊ ငါကားရပ်နေ၏ ၊ သင်သာ မရပ်သေးပါတကား " ဟု မိန့်ရာ အင်္ဂုလိမာလ က " ရဟန်းကြီး ၊ အဘယ့် ကြောင့် မုသားပြောသနည်း " ဟု ထပ်ဆင့်မေးသဖြင့် ဘုရားရှင် က သံသရာ အမိုက်ဇာတ်ကို အမြစ် မဖြတ်ဘဲ တဝဲလည်လည် မရပ်မနား ပြေးလွှားနေခြင်း အဓိပ္ပါယ်ကို အလွယ် နှင့် နားလည်ရန် ဟောသဖြင့် ပါရမီ ရင့်ပြီးသူ အင်္ဂုလိမာလ မှာ တစ်ထိုင်တည်း ဖြင့် " ဧဟိ ဘိက္ခု " ရဟန်း ဖြစ်လေတော့သည် ။
လူဆိုး ဖမ်းထွက်လာသော မင်းကြီးမှာ ဘုရားကျောင်းတော်တွင် ရဟန်းဖြစ်နေသော အင်္ဂုလိမာလ ကို ကန်တော့၍သာ နန်းတော်သို့ ပြန်ရရှာလေတော့သည် ။
ရဟန်းမြတ်ဣနြေ္ဒ နှင့်ပြည့်စုံစွာ ဆွမ်းခံထွက်လာသောအင်္ဂုလိမာလ ကို မြို့တွင်းမှ လက်ညှိုးဖြတ်ခံရသူများက တုတ် ၊ ခဲ ၊ အုတ် ၊ ကျောက် များဖြင့် ပစ်ခတ်သည့် အတွက် ဒဏ်ရာများရသော်လည်း သည်းခံ၍ သာသီတင်းသုံး နေရရှာသည် ကို မြတ်စွာဘုရား က ခေါ်ယူ၍ မီးမဖွားနိုင်သော သူ တို့အားသစ္စာ ပြုပြီး မီးဖွားစေသောဂါထာ မန္တန်တော်ကို သင်ကြားပေးတော်မူ၏ ။
အင်္ဂုလိမာလ ရဟန္တာမြတ် ၏ ကျေးဇူးတော်ကြောင့် မီးမဖွားနိုင်သူတို့ လွယ်ကူစွာ မီးဖွားနိုင်သည်မှ စ၍ကြည်ညိုသူပေါများ ခြင်း ရယူနိုင်သော ရဟန္တာ မထေရ်မြတ် တစ်ပါးဖြစ်သွားသည့် အချိန်မှစ၍ အင်္ဂုလိမာလ သုတ်တော်ကို ရွတ်ပွါးများခဲ့ကြသည် ။
…………………………………………………………………

အင်္ဂုလိ မာလသုတ်တော် ရွတ်ဖတ်ခြင်း၏ အကျိုး

မီးဖွားခက်ခဲ သော သန္ဓေဆောင်ကိုယ်ဝန်သည်များ ဤပရိတ်တော် မန္တန်ရေတိုက်ပေးပါက ကျန်းမာ ချမ်းသာစွာ အလွယ်တကူဖွားမြင်နိုင်ပါသည် ။ ကိုယ်ဝန်နှုတ်ပိုက်ရှိသူများ အမြဲတစေ ရွတ်ဖတ်ပါက ခက်ခဲမရှိ ချောမောစွာ ဖွားမြင်နိုင်၏ ။
လူသာမက အိမ်မွေးတိရစ္ဆာန်များ မွေးဖွားရ ခက်လျှင် ဤပရိတ်မန္တာန် ရေဖြင့်ပင် ဖျန်းပက်တိုက်ပေးပါက လွယ်ကူစွာ ဖွားမြင်ရသော အကျိုးကျေးဇူးရရှိစေနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်...

ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်



ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသခင် အထံမှာ ကမ္မဋ္ဌန်းကျင့်နည်းများကို တောင်းခံ ၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် လူသူကင်းရှင်းဆိတ်ငြိမ်ခြင်း ရှိသည့် နေရာတို့ကို ရွေးချယ် ၍ဘာဝနာ ကမ္မဋ္ဌန်း စီးဖြန်း ကြသူများ မှာ တစ်ခါတစ်ရံ စိတ်အားငယ်တတ် ကြသည် ။
တစ်ယောက်တည်း ဖြစ်နေသဖြင့် တုန်လှုပ် ချောက်ချား တရားမရနိုင်ဘဲ ကမ္မဋ္ဌန်း အာရုံ ပျက်စီးသူများ ဘုရားရှင် လက်ထက်တော်က ပေါ်ပေါက်ခဲ့ ဖူးလေသည်။
ထိုပုဂ္ဂိုလ် များအားလုံး အတွက် ဓဇဂ္ဂ သုတ်တော် ကို ရှင်တော် ဘုရားဟောကြား တော်မူလေသည် ။
ဓဇဂ္ဂသုတ် တော် ၏ အဓိပ္ပါယ် မှာ သိကြားမင်း နှင့် အသူရာနတ် တို့ စစ်ခင်းကြသော အခါ အသူရာတို့ က အင်အားကြီးမား လာ သဖြင့် နတ်စစ်သည် များကြောက်ရွံ့နောက်ဆုတ်ခဲ့ကြသည် ။
ထို နောက်ဆုတ်ကြောက်ရွံ့ နေသော နတ် စစ်သည်များကို သိကြားမင်း ကြီး က " မိမိ ၏ အောင်လံတံခွန် ထိပ်ဖျားကို ကြည့်ကြလော့ " ဟု ကြွေးကြော်လိုက်လေသည် ။ မိမိ ၏ အလံတော် ကို မမြင်ရပါက နတ်စစ်သူကြီး ပဇာပတိ ၏အလံတော်ထိပ်ဖျားကို ကြည့် ကြလော့ ။ သို့ မဟုတ် ဝရုဏ နတ်စစ်သူကြီး ၏ အလံတော်ကို ကြည့်ကြကုန်လော့ ။ သို့မဟုတ် ဤသာန စစ်သူကြီး၏ အလံတော် ကို ကြည့်ကြကုန်လော့ " ဟုကြွေးကြော် လိုက်ရာ .....နတ်စစ်သည်များသည် သိကြားမင်း၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ၊ နတ်စစ်သူကြီး ၃ - ပါး၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ကြည့်၍ တိုက်ခိုက်ရာ အသူရာ စစ်သားများ တပ်လန့်ရှုံးနိမ့်ပြီး သိကြားမင်း ၏ နတ်စစ်သည်များ အောင်ပွဲဆင်ခဲ့ ကြလေသည် ။
ယင်း အဖြစ်အပျက် ကို နမူနာယူ၍ ကမ္မဋ္ဌန်း တရားအားထုတ်လိုသူများ လည်း အားငယ်လာလျှင်၊ ကြက်သီးထလာပါလျှင် နတ်စစ်သည်များ သိကြားမင်း ၏ အလံ တော်ထိပ်ဖျား ကို ကြည့်၍ ရဲရင့် စိတ်သတ္တိ များပေါ်လာကာအောင် ရသကဲ့သို့ ....
ငါ ဘုရား၏ ဂုဏ် တော် ကိုးပါး တည်း ဟူသော ဘုရား အလံတော် ၊ဂုဏ် တော် ခြောက်ပါး တည်း ဟူသောတရား အလံတော် ၊ ဂုဏ် တော် ကိုးပါး တည်း ဟူသော သံဃာ့ အလံတော် များကို စိတ်တွင် ရည်ရွယ် မှန်းဆ ကြည်ညိုလိုက်ပါက ပေါက်မြောက်နိုင်လိမ့် မည် ဟု သိကြားမင်း ၏ အလံတော် နှင့် ဥပမာ တင်စားမြတ်စွာဘုရား ဟောတော်မူ သည့် အချိန်ကစ၍ ဓဇဂ္ဂ သုတ်တော် ဖြစ်ပေါ် ရွတ်ဆိုခဲ့ကြပါသတည်း ။

………………………………………………………………………

ဓဇဂ္ဂ သုတ်တော် ရွတ်ဖတ်ခြင်း ၏ အကျိုး
ဤသုတ်တော် ကို အမြဲ သရဇ္ဈာယ် ရွတ်ဖတ်နေသူ များမှာ ...ကြောက်ရွံ့အားငယ် စိတ်များ ကင်းကွာ သွားနိုင်ပါသည် ။ မကြာ ခဏ လန့်တတ်သူများ ၊ ကိုယ့်ကိုကိုယ် အထင်မကြီးသူများ အမြဲရွတ်ဖတ်ပေးပါက ရဲရင့်သော သတ္တိစိတ်များ ပွါးများလာနိုင်ပါသည်။ စာမေးပွဲ ဖြေမည့် သူများ လေးလေးစားစား ရွတ်ပါက အကျိုးထူးခံစားနိုင်ပါသည် ။

ဆက်လက်ဖတ်ရှုရန်...

ဝဋ္ဋသုတ်တော် ဝတ္ထု ဖြစ်စဉ်



ဝဋ္ဋသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသည် တပည့်သား သံဃာတော်တို့ နှင့် အတူ မာဂဓ တိုင်းအတွင်း ဒေသစာရီ လှည့်လည်တော်မူရာ တစ်ခုသော တောနက်အရောက်တွင် တောမီးကြီး လောင်သည် နှင့် ပက်ပင်းပါ တိုးမိကြလေသည် ။
သစ်ပင်ကြီးများ တဝုန်းဝုန်း လဲကျအောင် လောင်ကျွမ်းသော တောမီးကြီး ၏ အရှိန်ကို မြင်တွေ့ရသော ရဟန်းတော် များမှာ ....ဆောက်တည်ရာ မရ တုန်လှုပ် ချောက်ချားကြ၍ အချို့က ပြေးလွှား ရန် ကြံကြသည် ။အချို့ က မီးဖြတ် မီးတား လုပ်၍ လမ်း လွှဲရန်ကြံ ကြသည် ။ အားလုံးပင် ဣနြေ္ဒမရဖြစ်ကြသည် ။
ဤတွင် အမြော်အမြင် ရှိသော ရဟန်းတော် များမှာ .." ငါ တို့သည် မြတ်စွာ ဘုရားနှင့် အတူတကွ ကြွလာကြသဖြင့် ဣနြေ္ဒမရ မဖြစ်သင့် ၊ ဘုရားရှင်၏ အထံတော်မှာသာ ခစား ကြကုန်အံ့ " ဟု ဆိုကာ မြတ်စွာဘုရား ထံတော်ပါး ၌စုရုံး ကာ နေကြ လေသည် ။
အရှိန်အဟုန် ပြင်းစွာ လောင်ကြွမ်းနေသောတောမီးကြီးမှာလည်း မြတ်စွာဘုရား နှင့် ရဟန်းတော် များ အနီး၃၂ တောင်ပတ်လည် အကွာတွင် ဆက်ကာ မီးမလောင် တော့ ဘဲ ငြိမ်းအေးသွားလေတော့သည် ။
ဤဖြစ်ရပ်ကို မြင်ရသော ရဟန်းတော်များက မြတ်စွာဘုရား သခင်၏ ဘုန်းတန်ခိုးတော် ကို အံ့ဩချီးမွမ်းတော်မူကြလေလျှင် ဘုရားရှင်က " ဤမီးတောက် မီးလျှံများ ငြိမ်းအေးရခြင်း သည် ငါ ၏ဘုန်းတော် မဟုတ် ၊ ရှေးယခင်အခါ ငါ ဘုရား နုစဉ် ဘဝ က သစ္စာ ပြုကဲ့သော နေရာဒေသ ဖြစ်၍ မည် သည့် နည်း နှင့်မျှ မီးမလောင်နိုင်ချေ " ဟုမိန့်ဆို ကာ အတိတ်ဘဝ ကို ဟောတော်မူလေသည် ။
ငါဘုရား နုတော်မူစဉ်က ဤတောမှာပင် ငုံးငှက်ငယ်ဖြစ်ခဲ့လေသည် ။ အတောင်အလက် မစုံလင်မီ မိဘများက နှုတ်သီးဖြင့် အစာ ခွံ့ရသည့် ဘဝ တွင် ရခု မီးလောင်သော မီးကဲ့သို့တောမီးကြီး လောင်လေရာ တောတွင်းရှိ သက်ရှိ သတ္တဝါ မှန်သမျှ အသက်ရှင်ရေး ပြေးလွှားတိမ်းရှောင်၍ ဤတောကို စွန့်ခွါသွားကြလေသည် ။
အလောင်းတော် ငုံးငှက်ငယ်မှာ အသိုက်တွင်းမှ နေ၍ ဤသို့ သစ္စာ ပြု၏ ။
" ငါ့ ၌ အတောင်ရှိ၏ ၊ သို့သော် မပျံနိုင်သေး ။ ငါ့ ၌ခြေထောက်ရှိ၏ ၊ သို့သော်မသွားနိုင်၊ မလှမ်းနိုင်သေး ။ ငါ့၌ မိဘနှစ်ပါး ရှိ၏ ၊ သို့သော် ဤနေရာ၌မရှိ ၊ စွန့်ခွါ သွားကြကုန်၏ ။ ဤ မှန်ကန် သော သစ္စာ စကားကြောင့် ငါ့ အား မီးဘေးမှ ကင်း လွတ်စေ သတည်း "
ဟူ၍ သစ္စာ ပြုတော်မူ၏ ။ ထို အခါ အလောင်းတော် ငုံးမင်း စံရာ အသိုက်သစ်ပင် နှင့် ၃၂ - တောင်ကွာပတ်လည် အရောက်တွင်တော မီးသည် နေနှင့် တွေ့ သကဲ့သို့ ငြိမ်းအေးခြင်း သို့ ရောက်ခဲ့သည် ။
ယခု ချစ်သား တို့ နှင့် ငါဘုရား ရပ်တန့် နေသော ၃၂ - တောင်ပတ်လည် ရှိ ဤနေရာသည် ထို ငုံးမင်း ဖြစ်စဉ်က စံကာ သစ္စာ ပြုခဲ့ သည့်နေရာ ဖြစ်သောကြောင့် ဤ ဘဒ္ဒ ကမ္ဘာတည် အောင် သည်နေရာ တွင် လုံးဝ မီးမလောင်နိုင် - ဟုဟောဖော် ညွှန်းသည် ကစ၍ ဝဋ္ဋ သုတ်တော် ဖြစ်ပေါ်ရွတ်ဆိုခဲ့ကြပါသည် ။
…………………………………………………………

ဝဋ္ဋ သုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး

ဤ ဝဋ္ဋ သုတ်တော် ကို နေ့စဉ် ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား မီးကြောင့် ပျက်စီး ဆုံးရှုံးမှူမ ဖြစ်နိုင် ။ မိမိ အိမ် မီးကွင်းနိုင်၏ ။တစ်ရပ်ကွက်လုံး စုပေါင်း ရွတ်ဆိုပါက တစ်ရပ်ကွက်လုံး မီးဘေး အန္တရာယ် ကင်းဝေးစေ နိုင်၏ ။

ဆက်လက်ဖတ်ရှုရန်...

မောရသုတ်တော် ဝတ္ထု ဖြစ်စဉ်



မောရသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာ ဘုရားစံတော်မူရာ သာဝတ္ထိပြည် မွန် ဇေတဝန်ကျောင်းတော်နေ ရဟန်းတစ်ပါးသည် ဖြီးလိမ်း ဆင်ယင်အလှပြင်၍လာသော မိန်းမပျိုတစ်ဦးကို မြင်၍ စွဲလမ်းတပ်မက် သော စိတ်ဖြင့် ရဟန်းတရားများကို အားမထုတ်နိုင် ဖြစ်နေလေရာ ...သီတင်းသုံးဖော် ရဟန်းတော်များက ထိုရဟန်းအားခေါ် ၍မြတ်စွာဘုရား ထံသို့ ပို့ပြီး အကြောင်းစုံ လျှောတ်ထားကြလေသည် ။
ဘုရားရှင် က ....ထိုရဟန်းတော် ကို
" ချစ်သား ၊ သင်သည် မာတုဂါမ ကိုစွဲလမ်းသော စိတ်များဖြင့် တရားတော်၌ မမွေ့လျော်ခြင်း မှန်ပါသလား " ဟု မေးလေရာ မှန်ပါကြောင်း ပြန်ပြောင်း ဝန်ခံလေသည် ။
ထိုအခါ ဘုရားရှင်က " မာတုဂါမ ကိုစွဲလမ်းသော စိတ်သည် နှစ်ပေါင်းခုနှစ်ရာ စင်ကြယ်စွာ နေလာခဲ့သော သူတော်ကောင်းကို ပင် ကိလေသာ စိတ်ဖြင့် တုန်လှုပ်ချောက်ချား စေတတ် ၏" ဟု အစချီ ကာ ကိုယ်တော်တိုင် နုစဉ် အခါက ကြုံခဲ့ရသော မောရသုတ်တော် ကို ဟောဖော် မိန့်ကြား တော် မူလေသည် ။
ဗာရာဏသီပြည့် ရှင် ဗြဟ္မဒတ် မင်းကြီး ၏ ကြင်ယာတော် ခေမာ မိဖုရားကြီး သည် " ရွှေ အဆင်းရှိသော ဥဒေါင်းမင်း ၏တရားကို နာယူရသည် " ဟု အိပ်မက်မြင် မက်လတ် သဖြင့် ခင်ပွန်း လင် ဖြစ်သူ ဗြဟ္မဒတ် မင်းကြီး အား ရွှေဥဒေါင်း မင်း ထံ တရားနာယူ လိုကြောင်းပူဆာလေသည် ။
မင်းကြီးသည် တိုင်းပြည် အတွင်းရှိ မုဆိုးများကို ဆင့်ခေါ် မေးမြန်း ရာ ဒဏ္ဍက မည်သော တောင်ထွတ်၌ ရွှေရောင်ပဝင်း လှပတင့်တယ်ခြင်း ရှိသော ဥဒေါင်းမင်း ရှိပါကြောင်း သံတော်ဦး တင်သဖြင့် " မနာမကျင် စေ ဘဲ အရှင်ရအောင် ဖမ်း ယူရမည် " ဟုအမိန့်တော် ချမှတ်လေသည် ။
ဒဏ္ဍက ရွှေတောင်ရှိ ဥဒေါင်း မင်း ကြီးသည်ကား .....နံနက်အိပ်တန်းမှ ဆင်းလျှင်ဆင်းချင်း နေမင်းကြီးအား အရိုအသေ ပေးလျက် " ဥဒေတယံ " အစချီသော ဂါထာ ကို ရွတ်ဆိုပြီး မှ အစာရှာလေ့ရှိသည် ။ ညနေပိုင်းမှာ ဝင်လု ဆဲဆဲနေမင်းကြီးအား အရိုအသေပေးလျက် " အပေတယံ " အစချီသော ဂါထာတော်ကို ရွတ်ဆိုပြီးမှအိပ်တန်း တက်လေ့ရှိလေသည် ။
ထို နိစ္စဗတ်ဝတ် မပျက်ခြင်းကြောင့် ....မုဆိုးများက နည်းအမျိုးမျိုးဖြင့် အရှင်ရအောင် ညွှတ်ကွင်း ထောင်၍ ဖမ်းပါသော် လည်း မမိနိုင်ဘဲ ဖြစ်၍နေလေသည် ။ခေမာ မိဘုရားကြီးမှာလည်းထို ရွှေဥဒေါင်းမင်း ထံမှ တရားနာလို စိတ်နှင့် ပင် ခုနှစ် နှစ်တိုင်တိုင် စောင့်ပါသော်လည်း ဆန္ဒ မပြည့်ဝဘဲ နတ်ရွာစံရရှာလေသည် ။
ဗြဟ္မဒတ် မင်းကြီး လည်း ဤရွှေဥဒေါင်း ကို အကြောင်းပြု၍ ခေမာ မိဘုရားကြီး နတ်ရွာစံရလေသည် ဟု စိတ်နာကာ " ဒဏ္ဍက ရွှေတောင်ရှိ ရွှေဥဒေါင်း မင်း အသား ကို စားရပါက မအိုနိုင် ၊ မနာနိုင် ၊ မသေနိုင် " ဟု ရွှေပေလွှာကမ္ပည်း ထိုး၍ ထားခဲ့ပြီး နတ်ရွာလားလေသည် ။
ထို့နောက် မင်း ၆ ဆက်တိုင်တိုင် ရွှေပေလွှာအရ ဖမ်းကြသော်လည်း မမိနိုင်ဘဲ နှစ်ပေါင်း ခုနှစ်ရာတိုင်ကြာလာခဲ့ လေတော့သည် ။
ခုနှစ်ဆက် မြောက်မင်းလက်ထက် ရွှေဥ ဒေါင်းမင်းကြီး အားဖမ်းရန် တာဝန်ကျသော မုဆိုးမှာ လိမ္မာ ပါးနပ်သူ ဖြစ် သဖြင့် ရွှေဥဒေါင်းမင်းကြီး ၏ အဆင်း အတက်ကို သတိဖြင့် ကြည့်ရှူ့ကာ နေ့ စဉ် ပြုနေကျ အရံ အတား ပျက်ပြားအောင် ကြံလေတော့သည် ။
ဒေါင်းမ လှလှကလေး တစ်ကောင်ကို ရှာကြံမွေးမြူသင်ယူပြီးခါ တောတွင်းသို့ ခေါ်လာပြီး ဥဒေါင်းမင်းကြီး အိပ်တန်းအဆင်းမှာ ညွှတ်ကွင်းများထောင်လျက် အသံပေးလိုက်လေတော့သည် ။
ဒဏ္ဍက တောင်ထိပ်ပေါ်မှ နေမင်းကြီး အား အရိုအသေပေး၍ " ဥဒေတယံ " ဂါထာရွတ်ရန် ဆင်းလာသော ဥဒေါင်းမင်းကြီးမှာ မ သံကြားသဖြင့် ဂါထာ မရွတ်အားတော့ဘဲ ဒေါင်းမလေး ထံဆင်းအလာ ညွှတ်ကွင်းမှာ မိ၍ အဖမ်းခံရကာ ရွှေ နန်းတော်တွင်းသို့ ရောက်ရှိလာတော့သည် ။
ဘုရင်မင်းမြတ် ၏ မေးခွန်း အရ မိမိ၏ အသားကို စား၍ " မအို - မနာ -မသေ " ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၊ မိမိမှာ လွန်လေပြီးသော အတိတ်ဘဝ က ဤတိုင်းပြည်မှာ ပင် စကြဝတေး မန္ဓတ် မင်း ဖြစ်စဉ်က သီလ စောင့်ထိန်းခဲ့၍ ယခုကဲ့သို့ ရွှေရောင် အဆင်း ပဝင်း၍ လှပတင့်တယ် ကာ အသက်ခုနှစ်ရာ ရှည်ရကြောင်း နှင့် ဒါန ၊ သီလ တရားများကို ဟောကြားကာ မင်္ဂလာ ဥယျာဉ် ရေကန် တော်တွင်းမှ စကြာပျံရတနာ ကို ထုတ်ဖော်ကာ ပေးလိုက်လေသည် ။
ဘုရားအလောင်း တော် ဥဒေါင်းမင်း ဖြစ်စဉ်ဘဝက ဟောကြားတော်မူသော တရားတော် ကို နာယူရသည့် ရဟန်းတော်များမှာ ကိလေသာ ကင်းကွာ၍ ရဟန္တာ ဖြစ်သွားလေသည် ။ မြတ်စွာ ဘုရား ဟောကြားချက် အရ ပြန်လည် ပေါ်ပေါက်လာသော မောရသုတ် ခေါ် ပရိတ်တော် ကို ရွတ်ဖတ်ပွါးများ ခဲ့ကြပါသည် ။

ဆက်လက်ဖတ်ရှုရန်...

ခန္ဓသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်



ခန္ဓသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်

သာဝတ္ထိ ပြည် မွန် ဇေတဝန် ကျောင်းတော်တွင် သီတင်းသုံးနေတော်မူကြသော ရဟန်းတော်မြား အနက်တစ်ညဥ့်တွင် ရဟန်းတစ်ပါးကို မြွေ ခဲ၍ ပျံလွန်တော်မူလေသည် ။ ယင်း အကြောင်း ကိုမြတ်စွာဘုရား သိရှိတော်မူလေသော် ဝိရူပက္ခ စသော မြွေ ၄ - မျိုး ကို မေတ္တာ ပို့သော ခန္ဓသုတ်တော် ကို ရွတ်ဖတ်ခြင်း ဖြင့် အဆိပ်ရှိသော သတ္တဝါ မှန်သမျှ မကိုက်ခဲ ကြကုန် ဟု မိန့်ဆိုတော်မူကာ ခန္ဓ သုတ်တော် ကို ဟောတော်မူလေသည် ။
………………………………………………….

ခန္ဓ သုတ်တော်ရွတ်ဖတ် ရခြင်း အကျိုး

ခန္ဓ သုတ်တော်ကို အမြဲ သရဇ္ဈာယ် သူ တို့မှာမြွေ ၊ ကင်း မှစ၍ တောရိုင်း တိရစ္ဆာန်များ ကိုက်ခဲခြင်း ၊ ရန်မူခြင်းဘေးမှ ကင်းဝေးကြလျက် အဆိပ်သင့်ခြင်း ဘေးမှလည်း ကင်းဝေးစေ လေသည် ။

ဆက်လက်ဖတ်ရှုရန်...

မေတ္တာသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်



မေတ္တာသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်

သာဝတ္ထိ ပြည်မွန် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည် ။
ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခ ခံ ကာ နေထိုင်ကြရလေသည် ။
အချို့ ရုက္ခ စိုး များမှာ ကလေး ငယ်များ ရှိကြသဖြင့် ရဟန်းတော်များတစ်နေ့ ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စား နေ ပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေးစေ ရေး အတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီး သဏ္ဌဏ် ပြ၍ လည်းကောင်း ၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်း ခြောက်လှန့်ဖျက်ဆီးကြတော့သည် ။
ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရ သည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့် အဆုံးခေါင်းဆောင်မထေရ် ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည် ။
ဘုရားသခင်၏ ရှေ့ မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းများ ကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရား က ရဟန်းငါးရာ တို့ကို မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းကြစေရန် မေတ္တာ သုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည် ။
မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်း၍ မေတ္တာ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် သွားသော ရဟန်းတော်ငါးရာ ကို ရုက္ခစိုး နတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍ လူသဏ္ဌဏ် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို ၊ ခြေဆေးသူဆေး ၊ သပိတ်ပွေ့သူက ပွေ့ နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် မှ စ၍ မေတ္တာ သုတ်တော်ဖြစ်ပေါ်ရွတ်ဖတ်ခဲ့ကြပါသတည်း ။
အလျင်းသင့်၍ လူတို့ ၌ မထားသင့် မထားအပ်သော ဗုဒ္ဓ ၏အဆိုအမိန့် တစ်ရပ်ကို ထပ်မံ တင်ပြလိုပါသည် ။
" ပဋိဃနိမိတ္တဉ္စ ၊ မနှစ်သက်အပ်သော အနိဋ္ဌာအာရုံ သည်လည်းကောင်း ။ အယောနိ သော မနသိကာ ရောစ ၊ မတင့်မသင့်နှလုံး သွင်းခြင်းသည် လည်းကောင်း ။ ဘိက္ခဝေ ၊ ရဟန်းတို့ ။ခေါ ၊ စင်စစ် ။ ဒေါသဿ ၊ ဒေါသ ၏ ။ ဥပ္ပါဒါယ ၊ ဖြစ်ခြင်းငှါ ။ ပစ္စယာ ၊ အကြောင်းတို့ကား ။ ဣမေ ဒွေ ၊ ဤနှစ်ပါးတို့သာလျှင်တည်း ။" ဟု ဆိုပါသည် ။ ဒေါသ ၏ မူလ ရင်းမြစ် ကို ပယ်သတ်၍ မေတ္တာပွါးနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်းတင်ပြအပ် ပါသတည်း ။
……………………………………….

မေတ္တာ သုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး

မေတ္တာ သုတ်တော်ကိုအမြဲ မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိသူ တို့မှာ အပလောက ပယောဂ အခြောက်အလှန့် မခံရခြင်း ၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး ၊ နိမိတ်ဆိုး ၊ အတတ်ဆိုး များမကြုံရခြင်း ၊ လူ နတ် အများချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း ၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်း မှ စ၍ ဗြဟ္မာ့ ဘုံ ရောက်သည် အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည် ။

ဆက်လက်ဖတ်ရှုရန်...

ရတန သုတ်တော် ဝတ္ထုဖြစ်စဉ်



ရတန သုတ်တော် ဝတ္ထုဖြစ်စဉ်

ဘုရား ဒါယကာ ဗိမ်္ဗိသာရ မင်းကြီး စိုးစံ သော ရာဇ ဂြိုဟ်ပြည် နှင့် ရှစ်ယူဇနာ ကွာသော နေရာတွင် ဝေသာလီ တိုင်းပြည်ရှိ၏ ။လိစ္ဆဝီ မင်း စိုးစံ၏ ။ ထိုတိုင်းပြည် နှစ်ပြည် ၏ ဗဟို အလယ်တွင် ဂင်္ဂါမြစ် ခြားလျက်ရှိ လေသည် ။
ဂေါတမ မြတ်စွာ ဘုရားသခင် ရာဇဂြိုဟ် ပြည်တွင် ဝါဆိုနေ စဉ်က ဝေသာလီပြည်တွင် ကောက်ပဲ သီးနှံ များစိုက်ပျိုး မရ ၊ မိုးကြီးခေါင်ကာ ဒုဗ္ဘိက္ခန္တရ ကပ် ငတ်မွတ် ခေါင်းပါးသော ဘေးကြီး ဆိုက်ကာ အစာရေစာ မစားရ၍ သေကြေ ပျက်စီးကြသည် ။
အသေ အပျောက်များလာသော အခါ လူသေကောင်များ ကိုသုသာန် မပို့နိုင် တော့ဘဲ မြို့ထဲမှာ ပုပ်ပွ နေလေတော့သည် ။ ထို အနံ့ ကြောင့် မြို့ပြင်မှ ဘီလူး ၊ သရဲ များ မြို့ထဲ ဝင်ကာ စားသောက်ကြလေတော့သည် ။
ထိုဘီလူး ၊ သရဲ များကို မှီ၍ ကပ်ရောဂါ များ ပိုမို ဖြစ်ပွါးကာ ဝေသာလီ တစ်ပြည်လုံး စိုးရိမ်ဖွယ်ရာ ချောက်ချားလာ လေတော့သည် ။
တိုင်း သူပြည်သူ များက လိစ္ဆဝီ မင်းများအပေါ် မင်းကျင့် တရား ညီ ၊ မညီ စုံစမ်း သောအခါ မင်းကျင့်တရား လည်း မ ချွတ်ယွင်း ၊ လိစ္ဆဝီ မင်းများကလည်း တိုင်းသူပြည်သားများ ဖောက်ပြားကြလေသလော စစ်မေးရာ ဖောက်ပြားမှု မရှိ ၊ ကြံရာ မရ သည့် အဆုံး ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရ မင်းကြီးထံ အကူအညီတောင်းကာ ဂေါတမ မြတ်စွာ ဘုရားအား မဟာကရုဏာရှေ့ထားကာ ကြင်နာသ နားသဖြင့် ကယ်ဆယ်တော်မူပါရန် ဗိမ္ဗိသာရ မင်းကြီးမှတဆင့် တောင်းပန် ပင့်ဖိတ်ရတော့သည် ။
ယင်းသို့ ပင့်ဖိတ်လျှောက်ထားချက် အရ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နှင့် တကွ ရဟန္တာ ငါးရာ ခြံရံလျက် ဝေသာလီ ပြည် သို့ ကြွချီတော်မူလေသည် ။
ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရ မင်းကြီး က ကျောင်းတော်မှ ဂင်္ဂါမြစ်ကမ်း ထိ ဝေသာလီပြည် သို့ ကြွချီရန် မင်းခမ်း မင်းနား ဖြင့် ပို့ဆောင်ပူဇော် လေသည် ။
လိစ္ဆဝီ မင်းတို့ကလည်း လှပစွာ မွမ်းမံ ခြယ်လှယ် စီမံထားသော လှေတော်ကြီး ၂ စင်းတွဲဖြင့် မင်းခမ်း မင်းနား ဖြင့် ထည်ဝါ ခန့်ညားစွာ ပင့်ဆောင် လာကြ သည် ။
မြတ်စွာဘုရား သခင်အား ပင့်ဆောင်ခဲ့ ကြသော လိစ္ဆဝီ မင်းတို့၏ လှေဖောင်ကြီး ဝေသာလီ ဆိပ်ကမ်း ဘက်သို့ ရောက်သည် နှင့် တစ်ပြိုင်နက် မိုးသားတိမ်လိပ်များ တရိပ်ရိပ် တက်လာကာ ကောင်းကင်အလုံး မိုးထစ်ချုန်းလျက် တအုန်းအုန်း အောမြည်၍ မိုးကြီး သည်းထန်စွာ ရွာချလေတော့သည် ။
ဝေသာလီ တစ်ပြည်လုံး ရေ လွှမ်းဖုံးပြီး လူသေအလောင်း ကောင်များသည် ရေထဲ မျောပါသွားကြတော့ သဖြင့် မြို့အတွင်း သန့်ရှင်း ကျန်ရစ်တော့သည် ။ အနံ့ အသက် များပါ ကင်းသွားလေတော့၏ ။
မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတော် များခြံရံလျက် ဝေသာလီ မြို့ တံခါးဝ တွင်ရပ် လျက် ရဟန်းတော် များ နှင့် အတူ ရတန သုတ်တော် ကို ရွတ်ဆိုတော် မူလေသည် ။ သိကြားမင်း နှင့် နတ်မင်းကြီးများ လာရောက်၍ တရားနာယူကြ လေသည် ။
ထိုမှ တစ်ဆင့် မြို့လယ်ရှိ ရတနာ မဏ္ဍပ် သို့ ကြွချီတော်မူရာ ရဟန္တာ ငါးရာ နှင့် နတ်ဒေဝါ များ လိုက်ပါ ပူဇော် ကြ သဖြင့် သရဲ ၊ တစ္ဆေ၊ မြေ ဘုတ်ဘီလူး တို့ ဝေးရာသို့ ပြေးကြ လေတော့သည် ။
မြတ်စွာဘုရားသည် ဝေသာလီ မြို့တွင်း ပတ်၍ ဒေသစာရီ ကြွချီကာ ရတန သုတ်တော် ရွတ်ဖတ်ခြင်း ဖြင့်ကပ် ရောဂါ များကင်းဝေးစေခဲ့ သည် ။ယင်းသို့ ကင်းဝေးစေပြီး မှ ရာဇဂြိုဟ် မြို့သို့ ပြန်လည် ကြွချီလာခဲ့သည် ။ဤတွင် ရတန သုတ်တော်ဖြစ်ပေါ် ၍ ရွတ်ဆိုခဲ့ကြပါသတည်း ။
…………………………………………………………

ရတန သုတ်တော် ရွတ်ဖတ်ခြင်း အကျိုး

ရတနသုတ်တော် ကို အမြဲမပြတ် ရွတ်ဖတ် သရဇ္ဈာယ် ခြင်းဖြင့် ကပ်ကြီးသုံးပါး ကို ကျော်နင်းစေနိုင်သည် ။ စုန်း ကဝေ တစ္ဆေများ မပြုစားနိုင် ။ အချုပ် အနှောင် အဖွဲ့ များက ကင်းလွတ်စေနိုင်သော တန် ခိုးသတ္တိ ရှိလေသည် ။

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလ သုတ်တော် ဝတ္ထုဖြစ်စဉ်


မင်္ဂလ သုတ်တော် ဝတ္ထုဖြစ်စဉ်


မင်္ဂလသုတ်တော် ဖြစ်ပေါ်ရာ နေရာဒေသသည်ကား သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတော်တွင် ဖြစ်သည်။ ဂေါတမ ဗုဒ္ဓ ဘုရားသခင်သည် အနာထပိဏ် သေဋ္ဌေး ဆောက်လုပ် လှူဒါန်း သော ဇေတဝန် ကျောင်းတော်မှာ စံနေခိုက် လူ့လောက တွင် မင်္ဂလာ ဆိုတာ ဘာလဲ ဟူသောပြဿနာ ပေါ်ပေါက်လေသည် ။
မည်သည့် အချက်သည် မင်္ဂလာ ဖြစ်သည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသော ကာလ ဖြစ်သဖြင့် မိမိတို့ ထင်ရာ ၊ မြင်ရာ ၊ ကြိုက်ရာ ကို မင်္ဂလာ ဟုစွဲလန်းနေကြသော အုပ်စုကြီး ၃ ခုရှိလေသည် ။
တစ်အုပ်စု မှာ ကြားသော အသံကို စွဲ၍ ရယ်မောသံ ၊ ကျက်သရေရှိ သော စည်မောင်းသံ ၊ ခရုသင်းသံ စသော ဣဋ္ဌာရုံ ဖြစ်ဖွယ် အသံကြားလျှင် မင်္ဂလာ ဟုဆို၏။
တစ်အုပ်စုမှာ ကြားရုံနှင့် မင်္ဂလာ ဘယ်မှာ ဖြစ်ပါ့မလဲ ၊ မျက်စိနှင့် တပ်အပ်ထင်ထင် မြင်မှသာ မင်္ဂလာ ဖြစ်မှာပေါ့ ၊ လှပ သော ပန်း ကိုမြင်ခြင်း၊ စိန် ရွှေ ငွေ ရတနာ ဝတ်ဆင်ထားသော မိန်းမ ပျို ကို မြင်ခြင်း ၊ ရေ ပြည့်သော အိုး ၊ သွေးရောင် လှပြီ နွားမ ဝဝ စသည်တို့ကို မြင်မှ မင်္ဂလာ ဖြစ်သည်ဆိုပြန်သည် ။
ကျန်တစ်အုပ်စု က ကြားရုံ ၊ မြင်ရုံ နှင့် မင်္ဂလာ မဖြစ်သေး ၊ ကိုယ်တိုင် ဒိဋ္ဌ မြင်တွေ့ရမှ မင်္ဂလာ ဖြစ်ရပေမည် ။ပန်းလှလှကို မြင်ရရုံမဟုတ် လက်နှင့် ကိုင် ၊ နှာခေါင်း နှင့် နမ်းရှူရမှ မင်္ဂလာ ၊ရေ ပြည့်အိုး မြင်ရတာထတ် ရေကို သောက်ရမှပေါ့ ၊ နွားမ ဝဝ မြင်ရတာထက်နွားနို့မလိုင်ခဲ စားရမှမင်္ဂလာ ဟုဆိုကြသည် ။
ထိုအုပ်စု ( ၃ ) စုသည် သူ့အယူမှန်သည် ၊ ကိုယ့်အယူမှန်သည် ဟုငြင်းခုန်ကြရာ တစ်ဖက်နှင့် တစ်ဖက် စင်မြင့်ဆောက် ၍ ရက်ရှည်လများ ဟောပြောပွဲကြီးများ နှင့် ငြင်းခုံကြရာ လူပါမက ကိုယ်စောင့်နတ်ချင်းပင် ငြင်းခုန်ကြ၏ ။
ယင်းကဲ့သို့ ပြဿနာ စခဲ့ခြင်းမှ ဘုမ္မစိုး နတ် ၊ ရုက္ခစိုး နတ် များမှ တဆင့် အာလိန်ငါးဆင့်ကို ကျော်ကာ တာဝတိံသာ နတ်များထိ အုပ်စု ဖွဲ့ကာ ငြင်းခုန်ပွဲ ကူးစက်လာလေတော့၏ ။ထိုသို့သော ပြဿနာ ကြီးမားမှု ကြောင့် မည်သူ မှန်သည် ၊ မည်သူ မှားသည် အဆုံးအဖြတ်ပေးပါရန် သိကြားမင်း ထံဝင်၍ ရင်ဆိုင်ကြလေတော့သည် ။
ဤတွင် သိကြားမင်း က ဤမင်္ဂလာ ကိစ္စသည် ကျယ်ဝန်း နက်နဲ လှသည် ၊ ငါလည်း အမှန်မသိ ၊ ထို့ကြောင့် လူ့ပြည်တွင် ထင်ရှား ပွင့်တော်မူနေသော ဂေါတမ မြတ်စွာ ဘုရား သည် သိရှိနိုင်ရာ၏ ။ခေတ္တ စောင့်ကြ ဟု ဆိုကာ နတ်သား တစ်ပါးအား ဘုရားရှင် ထံ မေးမြန်းရန် လွှတ်လိုက်လေသည်။
ထိုနတ်သား မေးလျှောက်ချက်အရ ဘုရားသခင် ပြန်လည်ဟောကြား ဖြေဆိုသော မင်္ဂလာ တရား ( ၃၈ ) ပါး ပါဝင်သည့် ဤမင်္ဂလ သုတ်တော် ဖြစ်ပေါ်လာရ ခြင်း ဖြစ်လေ သတည်း ။
……………………………………………………………………….

မင်္ဂလသုတ် တော် ရွတ်ဖတ်ခြင်း အကျိုး

မင်္ဂလ သုတ်တော် ကို အမြဲ ရွတ်ဖတ်ခြင်း ဖြင့် မည်သည့် နေရာ ဒေသမှာ နေနေ မင်္ဂလာ ပြည့်တင်း ဘေးရန်ကင်းရှင်း စေပါသည် ။ မနာလိုသူ များက မိမိအား မကောင်း ကြံ၍မရ ။ မိမိ ၏ အိမ်ထောင်ရေး ၊ ပညာရေး ၊ စီးပွါးရေး အမြဲ အဆင်ပြေ ပြေ နေစေနိုင်သည် ။ လောကီ ကြီးပွါးရေးသာမက လောကုတ္တရာ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် ကိုပင် ရရှိနိုင်လေသည် ။

ဆက်လက်ဖတ်ရှုရန်...

အင်အားကြီးတဲ့ စိတ်


ပေးနိုင်တဲ့ စိတ်ဟာ အင်အားကြီးတဲ့ စိတ်

(လေးစားပါတယ် စာအုပ်မှ )


သူများကို အကူညီ ပေးလိုက်ခြင်းအား ဖြင့် ကိုယ့်ကိုကိုယ် လေးစားမှု တိုးလာတယ် ။ စိတ်ချမ်းသာမှုလည်း ရတယ်။ ဒါဟာ တော်တော် အဆင့်မြင့် တဲ့ ကျေနပ်မှု ဖြစ်တယ်။
သူများကို ဒုက္ခ ရောက်အောင် လုပ်ပြီး သူများ ဒုက္ခ ရောက်လို့ ကျေနပ်မှုရတယ် ဆိုတာမျိုးက တော်တော်အဆင့်နိမ့်တဲ့ ကျေနပ်မှု ဖြစ်တယ် ။ ဒီလို လူကို ပတ်ဝန်းကျင်က လေးစားမှာ မဟုတ်ဘူး ။
လူ့ လောက ကြီးကို ပိုပြီးကောင်းလာစေချင်ရင် ဒီလို အခြေခံလေးတွေကို အလေးထားပြီး လုပ်ရမယ် ။ ကိုယ့်စိတ်ထားကို အဆင့်မြှင့်ပါ ။ ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ထားကောင်း တဲ့ သူဖြစ်အောင် လုပ်တာဟာ လောကကြီးရဲ့ အကျိုးကို ဆောင်တာပဲ ။ ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ဖြစ်အောင် လုပ်ပါ ။
ကားမောင်းရင်း ဖြစ်တတ်တာကို ပဲ ဥပမာ ပေးပြီးတော့ စဉ်းစားကြအုန်းစို့ ။ ကိုယ်က ကားမောင်းပြီးတော့ သွားနေတယ် ။ နောက်က ကားတစ်စီး ကလည်း မောင်းလာပြီး တော့ ကျော်တက်ချင် နေတယ်။ အဲဒီ အခါမှာ ကိုယ် က လမ်းမပေးဘဲ ပိတ်မောင်းရင် လည်း ရတယ် ။ ( လမ်းကျဉ်း တဲ့ နေရာ ဆိုပါ တော့ ) ။ ဖယ်ပေးမယ် ဆိုရင်လည်း ရတယ်။ အဲဒီ အခါမှာ ကိုယ်က စိတ်ထားကောင်းကောင်းလေးနဲ့ ကိုယ့်ကားကို လမ်းဘေး ဘက်ကို ချပေးလိုက်တယ် ။ နောက်က ကားက ကျော်တက်သွားတယ် ။ ကိုယ်က လမ်းပေးလိုက်လို့ သူသွားရတာ ။ ကိုယ် ကခွင့်ပြုလိုက်လို့ သူ ရသွားတာ နော် ။ ဘယ်သူက Power ကြီးသလဲ ။ ခွင့်ပြုလိုက်ရတဲ့ သူက Power ကြီးတယ်။ စိတ်ဓာတ်အင်အားကြီးတယ်။
စဉ်းစားစရာနော် ။ ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းထားလို့ သူ ကျော်တက်လို့ မရတာကို Power လို့ခံစားရတာနဲ့ ကိုယ်က လမ်းပေးလိုက်လို့ သူ ကျော်တက်သွားလို့ ရသွားတာကို Power လို့ခံစားရတာ နှစ်မျိုးမှာ ၊ ကိုယ်က ခွင့်ပြုပေးလိုက်လို့ သူ ရသွားတာကို Power လို့ခံစားရတာက အကျိုးပြုတဲ့ Power ဖြစ်တယ်။ နှစ်ဦး နှစ်ဖက် စိတ်ချမ်းသာမှု ရတဲ့ Power ဖြစ်တယ်။ ကိုယ်က ခွင့်ပြုနိုင်ပါလျက်နဲ့ ခွင့်မပြုလို့ သူ မရတာကို Power လို့ခံစားရတာက အကျိုးမပြုတဲ့ Power ဖြစ်တယ် ။ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘူး ။ စိတ်မချမ်းသာဘူး ။ အဆင်မပြေဘူး ။
လူတွေရဲ့ စိတ်မှာ ကိုယ့်ကိုကိုယ်အင်အားကြီးတဲ့ သူ ဆိုတဲ့ ခံစားမှုမျိုး ကို လိုချင်ကြတယ် ။ အဲဒါကို မှန်ကန်တဲ့ နည်းနဲ့ ရအောင် လုပ်သင့်တယ် ။ ပေးတဲ့ သူက အင်အားကြီးတဲ့ သူဆိုတာကို နားလည်သင့်တယ် ။
ပေးနိုင်တဲ့ စိတ်ဟာ လွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မပေးနိုင် တဲ့ စိတ်ဟာ မလွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မအေးချမ်းတဲ့ စိတ်ဖြစ်တယ် ။ တွန့်တို တဲ့ စိတ်ဖြစ်တယ် ။
အင်အားကြီးတဲ့ သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ် ။ အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့ သူ ဖြစ်တယ် ။ အင်အားကြီး တဲ့ သူဟာ ဒီလို အသေးအမွှား( လမ်းပိတ်မောင်း တဲ့ ) နည်းမျိုးနဲ့ အနိုင်မယူသင့်ဘူး ။ အင်အားကြီး တဲ့သူဟာ အနိုင်အရှုံးကို မ စဉ်းစားဘူး ။ သင့်တော်သလား ၊ မသင့်တော်ဘူးလား ဆိုတာ ပဲစဉ်းစားတယ် ။ အင်အားကြီး တဲ့ သူဟာ အသိဉာဏ် နဲ့ ယှဉ်ပြီး စဉ်းစားတယ် ။ ဆုံးဖြတ်တယ် ။ ပုဂ္ဂိုလ် စွဲမပါ ၊ ဘက်လိုက်တာမပါဘဲ လက်ရှိ အခြေအနေ မှာ အသင့်တော်ဆုံး ၊ အကောင်းဆုံး ၊ အကျိုးအရှိဆုံး ကို ရွေးပြီး လုပ်တယ် ။ အသိဉာဏ် က ရွေးချယ်တယ် ။ ဆုံးဖြတ်တယ် ။ အတ္တစွဲ က ရွေးချယ်တာ ဆုံးဖြတ်တာမဟုတ်ဘူး ။
ပုဂ္ဂိုလ် စွဲ၊ အတ္တစွဲ ရဲ့ လွှမ်းမိုး မှုကြောင့် တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်နဲ့ ၊ ဘက်လိုက်တဲ့ စိတ်နဲ့ ၊ မသင့်တော်မှန်းသိရက် နဲ့ မသင့်တော်တာကို လုပ်နေတဲ့ သူဟာ စစ် မှန်တဲ့ စိတ်ချမ်းသာမှုကို မရနိုင်ဘူး ။ နောက်ဆုံးလိုရင်းကို ပြောရရင်ကိုယ့်ကိုကိုယ် တစ်နေ့တခြား ပိုပြီးလေးစားလာအောင် နည်းမျိုးစုံ နဲ့ လုပ်သင့်တယ် ။ ကိုယ့် ရဲ့ စိတ်နေသဘောထား ၊ နေပုံ ၊ ထိုင်ပုံ ၊ ပြောပုံ၊ ဆိုပုံ ၊ စည်းကမ်း ၊ သပ်ရပ်မှု ၊ သန့်ရှင်းမှု ၊ ကိုယ် နဲ့ပတ်သက်သာ မှန်သမျှ အားလုံးကို ပိုပြီး ကောင်းအောင် လုပ်သင့်တယ် ။
ကိုယ့်ကိုကိုယ်ပိုပြီး ကောင်းအောင် လုပ်တဲ့ နည်းနဲ့ ကိုယ့်ကိုကိုယ် လေးစားတဲ့သူ ၊ ကိုယ့်အကျိုးကို ရော ၊ အများအကျိုး ကို ပါ ဆောင်ရွက်နိုင်တဲ့သူ ။ လောကကြီး ကို အလှဆင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေ ။

ဆက်လက်ဖတ်ရှုရန်...

အရင့်ကျက်ဆုံးလူ


အရင့်ကျက်ဆုံးလူဟာ အခြိုးခြံဆုံးလူ

(လေးစားပါတယ် စာအုပ်မှ )


အဖိုးတန်ပစ္စည်းတွေ သုံးနိုင်မှ ၊ အဖိုးတန် အဝတ်အထည်တွေ ဝတ်နိုင်မှ လူ့အဖိုးတန် မဟုတ်ဘူး ။ ကိုယ့်တန်ဖိုးကို ကိုယ်သုံးတဲ့ ပစ္စည်း နဲ့ တန်ဖိုးမဖြတ်သင့်ဘူး ။
တကယ် အသိဉာဏ်လေးနက်တဲ့ သူဟာ သူများထက် အဆပေါင်းများစွာ သာအောင် ကြွားကြွားဝါဝါ မဝတ်ဘူး ၊မနေဘူး ။ စိတ်ထား ရင့်ကျက်လေလေ ၊ အနေအထိုင် အစားအသောက် ရိုးလေလေ ဖြစ်တာ တွေ့ရတယ် ။ အရင့်ကျက်ဆုံး လူဟာ အခြိုးခြံဆုံးလူ ဖြစ်တာ တွေ့ရတယ်။
ဒါကြောင့် ကိုယ့်မှာ ရှိပင် ရှိသော်လည်းခြိုးခြံ ရမယ် ။ မရှိလို့ ခြိုးခြံတာ မဟုတ်ဘူး ။ ဖြုန်းနေတဲ့ လူ ၊ ကြွားနေတဲ့ လူကို မြင်ရတဲ့ အခါ သူ့စိတ်ကို မြင်နေရင် ဘယ်လို သဘောထားမလဲ ။တကယ်လေးစားနိုင်မလား ။ မရင့်ကျက်တဲ့ သူကတော့ အားကျမယ် ၊အထင်ကြီးမယ် ။ ဉာဏ်ရှိတဲ့ သူကတော့ အထင်မကြီးဘူး ။
ဖြုန်းနိုင်တဲ့ သူတွေ ဖြုန်းနေကြတာ ကို အတုယူမှားပြီး တော့ လိုက်တုရင် လူ့ အသိုင်းအဝိုင်း ပျက်စီးမယ် ။ ဒါကြောင့် ကိုယ့် အသိုင်းအဝိုင်းကို ကောင်းစေချင် ရင် စည်းကမ်းရှိရှိ နေပြရမယ် ။ ခြိုးခြိုးခြံခြံ နေပြရမယ် ။ ကိုယ်က good example ဖြစ်အောင် နေတာကိုက လောကအကျိုးကို ဆောင်တာဖြစ်တယ်။ ကိုယ့်မှာ ပေါများနေရင် အများအတွက် အကျိုးရှိမည့် နေရာမှာ သုံးတာကောင်းတယ် ။
လူအများလေးစားတာကို ခံရတဲ့သူတွေကို ကြည့်ရင်သူတို့ဟာ အတတ်နိုင်ဆုံး အများအကျိုး ကိုဆောင်ရွက် ကြတယ်။ အဲသလို စေတနာ မှန်မှန်နဲ့ အများအကျိုးကို ဆောင်ရွက်တဲ့ လူတွေများလာရင် ဒီအသိုင်းအဝိုင်းဟာ ပိုပြီးတော့ ကောင်းလာမယ် ။ ပျော်စရာ ပိုကောင်းလာမယ် ။ အေးချမ်းမယ် ။ ဆင်းရဲချမ်းသာ မရွေး စိတ်ချမ်းသာမှု ရလာမယ် ။
သိပ် တကိုယ်ကောင်း ဆန်တဲ့ လူဟာ ကိုယ့်ကိုကိုယ် လေးစားမှု ( self-respect )မရှိဘူး ။ ပတ်ဝန်းကျင် ကလည်းသူ့ကို တကယ် လေးစားမှာ မဟုတ်ဘူး ။
တကိုယ်ကောင်း ဆန်တဲ့ လူဟာ တကယ်စိတ်ချမ်းသာ တဲ့ သူ ဖြစ်နိုင်မလား ။
တကိုယ်ကောင်း ဆန်တဲ့သူဟာ ဣဿာ မစ္ဆရိယ အားကြီး တယ် ။ ကိုယ့်မှာ ရှိတာကို မျှပြီး ခွဲဝေပြီး မသုံးနိုင်ဘူး ။ သူများရဲ့ ကြီးပွါးမှု ၊ တိုးတက်မှု ကို လှိုက်လှိုက်လှဲလှဲ ဝမ်းမသာနိုင်ဘူး ။ မ လွှဲသာလို့ ပေးရ ရင် စိတ်ချမ်းချမ်းသာသာ နဲ့ မပေးနိုင်ဘူး ။ ပေးလိုက်ပြီးမှ နှမြောနေ တတ်တယ် ။ ဒါကြောင့် လူအများနဲ့ ဆက်ဆံရာမှာ ကိုယ့်ဘက်က ပေးရမှာကို စိုးရိမ်နေတတ်တယ် ။ ငွေကြေး ပေးရမှာ ၊ ပစ္စည်းပေးရမှာ ၊ အချိန်ပေးရမှာ ၊ ပြုစုပေးရမှာ ၊ လုပ်ပေးရမှာ တွန့်ဆုတ်နေတတ်တယ် ။ဒါကြောင့် သူ့မှာ မိတ်ဆွေကောင်းရှားတယ် ။ သူ တစ်ခုခု ပေးပြီးရင် ဘာပြန်ရမလဲ လို့ တွေးနေတတ် တယ်။ပြန်မရရင် စိတ်ဆိုးတတ်တယ်။ သူ့ စိတ်ဟာ မလွတ်လပ်ဘူး ။ ပြန်မရရင်စိတ်ဆိုး တတ်တယ် ။ သူ့စိတ်ဟာ မလွတ်လပ်ဘူး ။ အပေးအယူ အရှုံးအမြတ်ကို ပဲ တွေးနေတတ်တယ် ။ ဆက်ဆံရေးတွေဟာ မျှော်လင့်ချက် နဲ့ဆက်ဆံတာများတယ် ။ ဒါကြောင့် စိတ်ချမ်းသာမှု တကယ်မရဘူး ။
ဒါကြောင့် စိတ်ချမ်းသာတဲ့ သူ ၊ လွတ်လပ်တဲ့ သူ ဖြစ်ချင်ရင် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကို မြင်နိုင်ဖို့နဲ့ ထိန်းနိုင်ဖို့လိုတယ် ။ အထူးသဖြင့် သူများ ဒုက္ခ ရောက်မှ ကိုယ့်မှာ အကျိုးရှိမယ့် အလုပ်မျိုးကို မလုပ်မိဖို့ သတိထားရမယ် ။

ဆက်လက်ဖတ်ရှုရန်...

လောကကို အကျိုးပြုတဲ့ သူ


လောကကို အကျိုးပြုတဲ့ သူ
(လေးစားပါတယ် စာအုပ်မှ )


ကိုယ့်ကိုကိုယ် လေးစားအောင် နေရမယ် ။ ပတ်ဝန်းကျင် ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ် ။ ဘယ်သူ ဘယ်လို ထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့နေချင်သလို နေလို့မရဘူး ။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့် အတွက်ကော ၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ် ။
ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ၊ သူတစ်ပါးကို လည်း လေးစားတဲ့ သူ ၊ သူတစ်ပါးရဲ့ လေးစားမှုကို လည်း ထိုက်ထိုက် တန်တန် ခံ ရတဲ့ သူဟာ လောက ကို အကျိုးပြုတဲ့ သူဖြစ်တယ် ။ ကိုယ့်ကိုကိုယ် လည်း လေးစားမှုရှိအောင် ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစား ပြီးနေ ရင် ဒီလောကကြီး ဟာ ပျော်စရာကောင်းတဲ့ လောကကြီး ဖြစ်မယ် ။
နားလည် စေချင်တာက ဘဝမှာ ဒီလို အခြေခံကျတဲ့ အချက် ကလေးတွေ က အရေးကြီးဆုံး ဆိုတာပဲ ။ အိမ်ရဲ့ အုတ်မြစ်လိုပဲ ။ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး ။ ဘယ်လောက်ပဲ ပညာတတ် နေ တတ်နေ ၊ စိတ်ထားမကောင်းဘူး ၊ အကျင့်စာရိတ္တ မကောင်းဘူး ၊ ခန္ဓာ ကိုယ် မသန့်ရှင်းဘူး ၊ နေထိုင်တဲ့ ပတ်ဝန်းကျင် လည်း မသန့်ရှင်းဘူး ဆိုရင် လူ့အဖိုးတန် လို့ပြောလို့ မရဘူး ။
တချို့ ပညာသိပ် မတတ်ပါဘူး ။ ဘာဘွဲ့မှ မရှိဘူး ။ ဒါပေမဲ့ စိတ်ထား ကောင်းတယ် ၊ အကျင့်စာရိတ္တ ကောင်းတယ် ၊ နေတာ ၊ထိုင်တာ သပ်ရပ်တယ် ၊ သန့်ရှင်းတယ် ။ အဲဒီလို လူကို လေးစားပါတယ် ။လုံ့ လဝီရိယ ရှိဖို့ သိပ်အရေးကြီးတယ် ။ ကိုယ်တကယ် တတ်နိုင်တာကို လုပ်ရဉ်း ပိုကောင်းအောင် လုပ်သွားရမယ် ။
ကိုယ့်ကိုကိုယ် " ငါလူပျင်း " လို့တွေးမိရင် ဘယ်လိုခံစားရမလဲ ။
ကိုယ့်ကိုကိုယ် လေးစားလို့ရမှာမဟုတ်တော့ဘူး ။
မရတော့ဘူးနော် ၊ ပတ်ဝန်းကျင်ကရော " ဒီလူဟာ လူပျင်းပါကွာ" လို့ ပြောလိုက်တဲ့ အခါ ၊ အဲဒီလို အတွေးမျိုး တွေးတယ် ဆိုရင်ဘဲ လေးစားမှုမ ရှိတော့လို့တွေးတာပဲ ။ ပျင်းတာဟာ လောကကြီးကို ဖျက်ဆီးတဲ့ အရာတစ်ခုဖြစ်တယ် ။
ကိုယ့်မှာ ခန္ဓာ ကိုယ်အင်အားတွေ ရှိတယ် ။ စိတ်ဓာတ်အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေရှိတယ် ။ အဲဒီ အင်အားတွေ ကို ကောင်းတဲ့ နေရာမှာ အပြည့်ဝ သုံးနေရမယ် ။ သုံးနေရင် ထွက်နေမယ် ။ မသုံးဘဲ ထားရင် ကြာရင် မထွက်တော့ဘူး ။ လုပ်နိုင်သလောက် အစွမ်းကုန် လုပ်မှ တကယ် ကျေနပ်မှုရမယ် ။ လုပ်နိုင်သလောက် မလုပ်ဘဲ လျှော့လုပ်ရင် ကြာရင် တဖြည်းဖြည်း နဲ့ လုပ်နိုင်တဲ့ စွမ်းရည် တွေ လျော့သွားမယ် ။
ကောင်းတယ် ၊ လုပ်သင့်တယ် ၊ အကျိုးရှိတယ် လို့ သိထားရင် လုပ်နေမှ ဖြစ်မယ် ။ ကောင်းတယ် ၊ အကျိုးရှိတယ် ၊ လုပ်သင့်တယ် လို့ သိလျက်နဲ့ မလုပ်ရင် ကိုယ့်ကိုကိုယ် လေးစားမှုနည်းသွားမယ် ။ ပတ်ဝန်းကျင် ကလည်း မလေးစားဘူး ။
လုပ်သင့်တာကို သိကြပါတယ်။ သိသလောက်ကို ဖြစ်အောင်လုပ်မယ် ဆိုရင်ပဲ တော်တော်တိုးတက်မှာပါ ။ သိသလောက်ကို တောင် တကယ်မလုပ်ကြဘူး ၊ သက်သာအောင်နေကြတယ် ၊ အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာ ဘူး ။ အပျော်အပါးကို ဦးစားပေးပြီး တော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့ သူဟာ ရေရှည် မှာ မပျော်နိုင်တော့ဘူး ။ ပူပင်သောက များမယ် ။
သိတော့သိတယ် ၊ ဘာဖြစ်လို့ မလုပ်တာလဲ ။ အဲဒါ စဉ်းစားဖို့ ကောင်းတယ် ။ အရေးမကြီးဘူးထင်လို့လား ။ ကိုယ့်ကိုကိုယ် လေးစားမှု ရှိအောင် နေဖို့ ဆိုတာ အရေးအကြီးဆုံးအလုပ်ဖြစ်တယ် ။

ဆက်လက်ဖတ်ရှုရန်...

မိုးကုတ်ဝိပဿနာ တရားတော်


မိုးကုတ်ဝိပဿနာ တရားတော် ၏ ပမာဏ အရသာ


တရားအားထုတ်တယ် ၊ တရားအားထုတ်တယ် ဆိုကြပေမယ့် ခန္ဓာဉာဏ် ရောက်မှုမရှိဘဲ တရားအားထုတ်နေရုံမျှ နှင့်လိုရင်းမပါ ဘူး ဟု ဆိုရပေမည်။ ဒါကြောင့် ခန္ဓာ ဉာဏ်ရောက်မှုသည် အဓိက ဖြစ်သည် ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ကြီးကဲ့ သို့သော သစ္စာ နှင့် ပဋိစ္စသမုပ္ပါဒ် ဖြတ်လမ်း ကို ဟောကြားသော ဆရာ ကောင်း၊ လမ်းညွှန်ကောင်း၏ ဥပနိဿယကိုကြားနာမှုရ မှသာလျှင် ခန္ဓာ ဉာဏ်ရောက်ဖို့ လွယ်ကူပေလိမ့် မည်။ အလုပ်တရားစရင် ခန္ဓာ ကိုယ်ကြီးဟာ တရားဘဲ ။ ခန္ဓာ ကြီးဟာ အရင်းခံပဲ ၊ သစ်ပင်ကြီး ၏ ဥပမာ ကဲ့သို့ပင် ဖြစ်တယ် ။ အပွေးလဲ ၎င်းမှာပင်ရှာ၍ ရနိုင်သည်။ အခေါက် ၊ အကာ ၊ အသား ၊ အနှစ်၊ အသီး ၊ အပွင့် ၊ဝတ်မှုံ၊ ဝတ်ဆန် ၊ အရွက်၊ အခက် ၊ အလက် စသည် ဖြင့် အစုံအလင် ၎င်းမှာရှာ၍ ရနိုင်သလို ခန္ဓာ ကြီးဟာလဲ ပင်မကြီးပင်ဖြစ် တယ် ။ ရုပ် ဆိုတာလဲ သူပဲ ၊ ဝေဒနာ ဆိုတာလဲ သူပဲ ၊ သညာ ဆိုတာလဲ သူပဲ ၊ သင်္ခါရ ဆိုတဲ့ စေတနာ ကံ တွေလဲ သူ ပဲ ၊ ဝိဉာဏ် ဆိုတဲ့ စိတ်ဆိုတာလဲ သူပဲ ၊ ဒွါရခြောက်ပါး ဆိုတာ လဲ သူပဲ ၊ သုခ ဆိုတာလဲ သူ ပဲ ၊ ဒုက္ခ ဆိုတာလဲ သူပဲ ၊ ဒွါရ ခြောက်ပါးမှာ ပေါ်လာ သမျှ သူ့မှီ၍ ပေါ်တာချည့်ပဲ ၊ အနိစ္စ - ဒုက္ခ - အနတ္တ တရားတွေ လဲ သူ့ အပေါ်မှာ ပေါ်တာပဲ ၊ ၎င်း မှ ဖြာ၍ ထွက်တဲ့ တရားတွေ ချည့်ပါဘဲ ၊ ဒါကြောင့် မြတ်စွာဘုရား သည်လည်း အလုပ်တရားဟောရင် ခန္ဓာ ကြည့်ဟော တော်မူတာပဲ ၊ ဒါကြောင့် တရားရှာ ခန္ဓာ မှာ တွေ့ တယ် ဟု ဟောတော်မူခြင်းဖြစ်တယ် ။ ခန္ဓာ ရှိလျက်သားနဲ့ တရားမရှာ တတ်လို့ ၊ တရားရှိလျက်သားနဲ့ တရားမရှာ တတ် လို့ သုတဝါ အရိယ သာဝကော ထံမှ တရားနာမှု သည်ပညာ မျက်လုံး မရ သေးလို့ ပညာ မျက်လုံးလာယူတယ် ဟုမှတ်ပါ ၊ ပညာ မျက်လုံး နဲ့ ခန္ဓာ ကို ကြည့် ရမှာ ၊ ခန္ဓာကြည့် တော့ ခန္ဓာ ၏ ပင်ကိုယ် သဘောကို ခန္ဓာ ကပြောလိမ့် မည်။ သူပြော လူပြော မယူနဲ့ ၊ ခန္ဓာ ကပြောတာ အမှန်ယူ ၊ ခန္ဓာ က ပြောတာ အမှန်သိမှ ယထာဘူတ ဉာဏ်ကို ရနိုင်သည် ။ ခန္ဓာ အမှန်သိအောင်လဲ ပဋိစ္စသမုပ္ပါဒ် သိမှ ခန္ဓာ ၏ ဖြစ်စဉ် ကို သိမည် ။ ခန္ဓာ ဘယ်က စသလဲ ၊ ဘယ်နေရာက နေပြီး ဆက် သလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ၊ ဒီလိုမှ မ သိရင်ရမ်း ရှု မှန်းရှု ဖြစ်လိမ့်မည် ၊ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် လို့မှတ်ပါ ၊ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် အစဉ်အတိုင်း ဖြစ်နေတဲ့ ခန္ဓာ လို့မှတ်ပါ ၊ ပဋိစ္စသမုပ္ပါဒ် ဆက်နေတာသည် ခန္ဓာ ကိုယ်ကြီး ၊ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် နိဗ္ဗာန် ခေါ်သည် ။
မိုးကုတ်ဝိပဿနာ ဓမ္မ ရိပ်သာ မှာ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ တရားချည့် နေ့စဉ်နှင့် အမျှ ကျေးဇူးတော် ရှင်ဆရာ တော်ကြီး ၏ အသံသွင်း တရားတွေ ဖွင့်လှစ် ဟောကြားနေသည် ၊ထို ပဋိစ္စသမုပ္ပါဒ်ပြတ်လို သူတိုင်း လာရောက်၍ နာကြားနိုင်ပါသည် ။
အလုပ်တရား ဆိုတာ ခန္ဓာက ပြောတာအမှန်ယူရမယ် ၊ အနိစ္စ လက္ခဏာ မြင်ရင် ပွါးများ နေတာပဲ ၊ သားသမီး များကိုမျက်ခြေမပြတ် စောင့်ပြီးကြည့်သလို ခန္ဓာ က ဖောက်ပြန် ပျက်စီးနေတာကို စောင့်ပြီး ကြည့်ရမှာ ၊ ခန္ဓာ နဲ့ ဉာဏ် တည့် ဘို့ အရေးဟာ အကြီးဆုံးအရေးပဲ ။
ဝိပဿနာ အလုပ် လုပ် တယ် ဆိုတာ တမင်ရှာပြီး လုပ်နေတာမဟုတ်ပါဘူး ၊ ကိုယ့်ခန္ဓာ ကိုယ် ကြည့်ရုံပါဘဲ ၊ ကြည့် တော့ဖောက်ပြန် ပျက်စီး နေတာ အမျိုးမျိုး ခန္ဓာ မှာ တွေ့ရမှာ ပဲ ၊ ခန္ဓာ အရှိ ကို ဉာဏ် အသိနဲ့ ကိုက်ရင် ယထာဘူတဉာဏ် ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ် နိဗ္ဗာန် ဆိပ်ဦး ရောက်ပြီလို့ ဆိုနိုင်တယ် ၊ တစ် အရှိနဲ့ နှစ် အသိ နဲ့ ကိုက်ရင် မဂ်ပဲ ၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ၊ အလုပ်ကြည့် ချင်ရင် ခန္ဓာ ကို ကြည့် ၊ တရားထိုင်ရတာ မကောင်းဘူး ဆိုရင် တရားကြားခိုနေတယ်လို့ မှတ် ၊ ခန္ဓာ ဆိုတာ ဓမ္မပဲ ၊ ထို ခန္ဓာ ဓမ္မ ကပြတာကို ကိုယ့်ဉာဏ်က မြင်လို့ ၊ ခန္ဓာ က အနိစ္စ ကိုပြလို့ အနိစ္စ ဉာဏ် ၊ ဒုက္ခ ကိုပြလို့ ဒုက္ခ ဉာဏ် ၊ အနတ္တ ကိုပြလို့ အနတ္တ ဉာဏ် ဖြစ်သွားတယ် ။ ဓမ္မ နဲ့ တည့်တဲ့ ဉာဏ်သာလျှင် ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ ဉာဏ် ၊ ကိုယ့်ဟာကိုယ် လုပ်ယူ လို့ရတဲ့ ဉာဏ် မဟုတ်ဘူး ၊ ကိုယ့်ဟာ ကိုယ် လုပ်ယူတဲ့ ဉာဏ် ဆိုရင် ပဋိစ္စသမုပ္ပါဒ် ကပြတ် ကို မပြတ်ဘူး ။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ( ဝါ ) ဖြစ်ပျက် ဆိုတာ ကိုယ့်ပါးစပ် ကဖြစ်တာ မဟုတ် ၊ ဓမ္မ ကပြတာ ဓမ္မ ကပြောတာ ၊ ကိုယ် ကလုပ်ယူတဲ့ ၊ အနိစ္စ မဟုတ် ဖြစ်ပျက်မဟုတ် ၊ ဓမ္မ ကပြတဲ့ အနိစ္စ ( ဝါ ) ဖြစ်ပျက် ၊ အဲဒါ မှ ဖြစ်ပျက် ဉာဏ် ။
အရေးကြီးတာ ကခန္ဓာ ထဲ ဉာဏ်သွင်း ဖို့ ဆိုတာ မှတ်ကြစမ်းပါ ၊ ခန္ဓာ ထဲ ဉာဏ်သွင်းတာ အလုပ် ခွင်ဝင် တာပဲ၊ ဉာဏ် သွင်းတယ် ဆိုတာ ကမ္မဿကတဉာဏ် လောက်သွင်းလို့ မရဘူး ၊ ဒါလောက်နဲ့ ဆိုရင် အရိုး ကြီးပွါးရေးပဲ ၊ ဘာဉာဏ် နဲ့ သွင်းရမလဲ ဆို ရင် သစ္စာနုလောမိက ဉာဏ်သွင်းရမယ် ၊ သစ္စာနုလောမိက ဉာဏ် ဆိုတာ သစ္စာ နဲ့ လျော်တဲ့ ဉာဏ်ပါပဲ ၊ သစ္စာ တခြား အနိစ္စ တခြားလို့ မမှတ်ပါနှင့် ( ဝါ ) သစ္စာ တခြား ဖြစ်ပျက်တခြား မမှတ်ပါနှင့်၊ ဖြစ်ပြီး ဖောက်ပြန်ပျက်စီးနေတာ သည် ဒုက္ခသစ္စာ ချည့်သာမှတ်ပါ ၊ အချို့ က ဒုက္ခသစ္စာ သိမှ တရားအားထုတ် ရမယ် ဆိုတော့ ဒုက္ခသစ္စာ ဆိုတာ လွယ်လွယ်နဲ့ ဘယ်သိနိုင်ပါ့မလဲ ဆိုပြီး ဆင်ခြေပေးနေကြသူတွေ များစွာ ရှိသည် ။ သို့ အတွက် ဖြစ်ပျက် ရှုနေတာသည် ဒုက္ခသစ္စာ ကိုသိ - သိ နေခြင်းဖြစ်သည် ဟု ဆုံးဖြတ်ချက် ချနိုင်ပါသည် ။
ဖြစ်ပြီးပျက် နေတဲ့ သဘော သည် ၊ ဖောက်ပြန်ပျက်စီးနေ တဲ့သဘော သည် ၊ သုခလား ဒုက္ခလား ဟူ၍သာ မိမိ ကိုယ်ပိုင်ဉာဏ် နှင့် ချင့်ချိန် စဉ်းစားဝေဖန် ၍ ကြည့်ပါ ။
အချို့ က ဒီမိုးကုတ်ရိပ်သာ မှာလာပြီး တရားနာနေရတာ တစ်ခါလာလဲ ဖြစ်ပျက် ၊ တစ်ခါလာလဲ ဖြစ်ပျက် ချည့် ဟောနေတာပဲ ဟုပြောချင်ပြော ကြပါလိမ့်မယ် ၊ မိမိ တို့ သန္တာန် မှာဖြစ်ပြီး ပျက်တဲ့ ဓမ္မ ကလွဲပြီး မဖြစ်မပျက် တဲ့ သဘောတရား များရှိပါရဲ့လား ဟု ဆင်ခြင်၍ ကြည့်ကြစေလိုပါသည် ။ ဖြစ်ပျက် ရှိလျက် မမြင်ကြ၍ ဆရာတော်ကြီး ဤမျှဟောကြားတော် မူနေရပါ သည်….. ယောဂီအပေါင်းတို့ ….. ။

ဆက်လက်ဖတ်ရှုရန်...

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ


ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ


• ၁။ ဖြစ်ပျက်သမျှ ၊ သင်္ခါရ ၊ ဒုက္ခ သစ္စာ မှတ်၊ ဖြစ်ပျက်မှုတွင် ၊ ငါကောင်ထင် ၊ ခင်မင်သမုဒယမှတ် ၊ ရုပ်နာမ် အားလုံး ၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ် ၊ ချုပ်ဆုံမှုတွင် ၊ ဉာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် ။
• ၂။ ယုံကြည်ကျမ်းမာ ၊ စိတ်ဖြောင့်စွာ ဖြင့် ၊ လွန်စွာ အားထုတ် ၊ နာမ် နှင့် ရုပ်ကို ၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း။
• ၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝီရိယလျှော့၊ အားအင်ပျော့ခါ ၊ လွန်စွာယူမှား ၊ဤငါးပါး ၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
• ၄ ။ သူတော် ဆည်းကပ်၊ မြတ်တရားနာ ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ ။
• ၅ ။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လို တော့ သည် ။


• ၁။ သစ္စာလေးပါး ဆိုတာ - သမုဒယသစ္စာ ၊ ဒုက္ခ သစ္စာ ၊ မဂ္ဂသစ္စာ ၊ နိရောဓသစ္စာ ။
• ၂။ ရခဲတဲ့ဘဝ လေး မှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့ ။
• ၃။ နားက တရားနာ ပါ ၊ ဉာဏ်က ခန္ဓာလှည့်ပါ ။
• ၄။ တရားနာတာသည် မိမိ အရေး ၊ တရားအားထုတ်တာ သည် မိမိအရေး ။
• ၅။ နားကြီးကြီးနဲ့ တရားနာပါ ။
• ၆။ ဝိပဿနာ အားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့ နေတာသည် ဉာဏ်ကမဦးဘဲ အသေက ဦးသွားရင် ကိုယ့် အတွက်နာမယ် ။
• ၇။ ဝိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့ ။
• ၈။ ပဋိစ္စ သမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး ။ မိမိခန္ဓာ ထဲမှာ ရှိတဲ့ တရား။
• ၉။ မိမိ ခန္ဓာ ထဲမှာ ရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် ကိုမိမိ ဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ ။
• ၁၀ ။ စာပဋိစ္စ သမုပ္ပါဒ် သိတာ သည် သညာသိ ၊ ခန္ဓာပဋိစ္စ သမုပ္ပါဒ် သိတာမှ ပညာသိ ။
• ၁၁။ သညာသိ နဲ့ နိဗ္ဗာန်မရောက်နိုင်ပါ ၊ ပညာသိမှ နိဗ္ဗာန် ရောက်နိုင်မယ် ။
• ၁၂။ ရှေ့ - နောက်ခွဲတတ်ပါစေ ။ မိမိ အရေး က ရှေ့ထား ၊ သားရေး သမီးရေး စီးပွါးရေး က နောက်ထား ။
• ၁၃။ ဘဝ ကူးကောင်းအောင် မလုပ်ပါနဲ့ ၊ ဘဝ ချုပ်ငြိမ်းအောင်လုပ်ပါ ။
• ၁၄။ဒါန က သံသရာ ရှည်တာလား ၊ ဒါန နောက်က အသိ မလိုက်လို့ သံသရာ ရှည်တာလား ။
• ၁၅။ ဒါန နောက်က အ သိ မလိုက်လို့ သံသရာ ရှည်တာပါ ။
• ၁၆။ သစ္စာ သိလျှင် ခန္ဓာရောင်းလှူပါ ၊ သစ္စာ မသိလျှင် သစ္စာ သိအောင် အလျင်လုပ်ဦး။
• ၁၇။ အိုရာက နာရာ မရောက်ခင် ဝိပဿနာလုပ်ပါ ။
• ၁၈။ အရှိ နဲ့ အသိ ကိုက်အောင် လုပ်တာ ဝိပဿနာ။
• ၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှု တာ ဝိပဿနာ ။
• ၂၀။ ရှေ့ နာမ်ကို နောက်ဉာဏ် နဲ့ ရှု တာ ဝိပဿနာ။
• ၂၁။ ရှေ့ အနေ ကို နောက်အနေ နဲ့ ရှုတာ ဝိပဿနာ။
• ၂၂။ အသေဖြစ်ပျက် ၊ အရှင်က မဂ် ၊ အပျက်နဲ့ မဂ် နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
• ၂၃။ ရှေ့ က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
• ၂၄။ အသေ ကို အရှင်ကကြည့် နေတာ ဝိပဿနာဖြစ်မည် ။
• ၂၅။ အသေ က ဖြစ်-ပျက်၊ အရှင် က မဂ်၊ အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ဝိပဿနာ။
• ၂၆။ သူများစိတ် အကဲမခတ်နှင့် ၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ် ကို ကိုယ် အကဲခတ်တာမှအမှန်ရမည် ။
• ၂၇။ အလုပ်ကြည့်ချင် ရင် ခန္ဓာ ကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ။
• ၂၈။ ကိုယ့်စိတ် ဖြစ်တာ ကိုယ်မ သိတာ အရုပ် အဆိုးဆုံး ။
• ၂၉။ ကိုယ့်စိတ် ဖြစ်တာကိုယ် အကဲ ခတ်နိုင်မှ ဝိပဿနာ ။
• ၃၀။ ခန္ဓာ ကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ် ။
• ၃၁။ ဘယ် ဗေဒင်မှ မယုံကြနဲ့ ၊ ခန္ဓာက သူ့လမ်း သူ ပြေးနေတော့ မနေ့ ကထက် ယနေ့ သေဖို့တရက်ပိုနီးသွားပြီ ဆိုတာ သာ ယုံလိုက်ပါ ။
• ၃၂။ ခန္ဓာ ၏ဝတ္တရား က အသေရှာတာ ၊ ဉာဏ်၏ ဝတ္တရား က အသေရှောင်တာ ။
• ၃၃။ ခန္ဓာ က အပြေးသွားနေတော့ သေ ကဦး၍ ဉာဏ် က နောက်ကျသွားလိမ့်မည်။
• ၃၄။ အပြေး မရပ်တဲ့ ခန္ဓာ ကိုယ်၊ သုဿန်မရောက် ခင် မဂ္ဂင် အလုပ် မြန်မြန်လုပ်ပါ ။
• ၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ် ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနည်း လိမ့်မယ် ။
• ၃၆။ သာသနာ နဲ့ ကြုံမှ သစ္စာ လေးပါး တက်မြောက်ရေး တရားပေါ်တယ် ။
• ၃၇။ ကိစ္စ ဟူသရွေ့ သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ ။
• ၃၈။ ဒကာ - ဒကာမ တွေဟာ တဏှာ( လောဘ) ခိုင်းတာ ကို ကျွန်သားပေါက် ပီပီ လုပ်နေကြတာပဲ ။
• ၃၉။ တဏှာကို အဖော်မလုပ်နဲ့ ၊ ဉာဏ်ကို အဖော်လုပ်ပါ ။
• ၄၀။ အလကား နေသရွေ့ အအားနေသရွေ့ အမှားချည်းသာ လို့ မှတ်ပါ ။
• ၄၁။ ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်း ဥစ္စာ တွေနဲ့ မသိ ပြုံး - ပြုံးနေသလောက်၊မသိပျော် ပျော် နေသလောက် နောင်သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မည် ။
• ၄၂။ ကိုယ့်ကိုကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုကိုယ်မသနား ရင် သားနဲ့ မယား - အလုပ်လုပ် ကြ ။
• ၄၃။ အသက်ကြီးလေလေ ကံမွဲ - ဉာဏ်မွဲ လေလေ မှတ် ၊ ကံမွဲတာ အရေးမကြီး ၊ ဉာဏ်မွဲရင်နိဗ္ဗာန် မရောက်။
• ၄၄။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန် ရမှာ ၊ ဉာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မည်။
• ၄၅။ နိဗ္ဗာန် သည် ကံ၏အကျိုး မဟုတ် ၊ ဉာဏ် ၏အကျိုး ဖြစ်တယ် ။
• ၄၆။ လူပြော - သူပြောတွေ မယုံနဲ့ ၊ မိမိခန္ဓာ က ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ ။
• ၄၇။ ခန္ဓာကြီး ရဲ့ စွမ်းရည် သတ္တိ ပင်ကို သဘော က ဖြစ်မှု - ပျက်မှု ပဲ ရှိတယ် ။
• ၄၈။ ဝိပဿနာ က ခန္ဓာမလို ချင်အောင် ရှုတာ ။
• ၄၉။ ဒါန သီလ သည် ကိလေသာရောဂါ သက်သာရုံ ရမယ် ၊ ဝိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မည်။
• ၅၀။ အလုပ် တရား ဆိုတာ ခန္ဓာ အရှိနဲ့ ဉာဏ်အသိ နဲ့ ကိုက်အောင် လုပ်တာ ။
• ၅၁။ ခန္ဓာ နဲ့ ငါ နဲ့ မရောပါနဲ့ ။
• ၅၂။ တရားနာ တယ် ဆိုတာ ဒီ အချိန်မှာ မတရားအလုပ်ကို မလုပ်တဲ့ အချိန်ပဲ ။
• ၅၃။ ကြားတဲ့ တရားနဲ့ သိတဲ့ တရား နှစ်ခု ထပ်ရင် သောတာပန် တည်နိုင်တယ် ။

မိုးကုတ် ဩဝါဒ ကထာ ပြီး၏ ။

ဆက်လက်ဖတ်ရှုရန်...

စနေ နေ့ဖွား


• စနေ နေ့ဖွား


တဏှင်္ကရော ရေဝတောစ ၊
သုဇာတာ စ ဝိပဿီကော ။
သောရီ ဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

သောကြာ နေ့ဖွား


• သောကြာ နေ့ဖွား


သုမနော သုမေဓော ဗုဒ္ဓေါ ၊
ဖုေဿာဇိနော စ ဂေါတမော ။
သုက္ကဝါ ရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

ကြာသပတေး နေ့ဖွား


• ကြာသပတေး နေ့ဖွား


မင်္ဂလော ပဒုမုတ္တရော ၊
တိေဿာနာထော စ ကဿပေါ ။
ဂုရု ဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

ဗုဒ္ဓဟူး နေ့ဖွား


• ဗုဒ္ဓဟူး နေ့ဖွား


ကောဏ္ဍညော နာရဒေါ သတ္တာ ၊
သိဒ္ဓတ္ထော ကောဏာဂမနော ။
ဗုဒ္ဓဝါရေ အဘိဇာတာ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

အင်္ဂါနေ့ဖွား


• အင်္ဂါနေ့ဖွား


ဒီပင်္ကရော ပဒုမော စ ၊
ဓမ္မဒဿီ ကကုသန္ဓော ။
ဘောမဝါရေ အဘိဇာတာ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

တနင်္လာ နေ့ဖွား


• တနင်္လာ နေ့ဖွား


သရဏင်္ကရော နောမာ စ၊
အတ္တဒ စ ဝေဿဘူ ။
စန္ဒဝါ ရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

တနင်္ဂနွေနေ့ဖွား



• တနင်္ဂနွေနေ့ဖွား

မေဓင်္ကရော သောဘိတောစ ၊
ပိယဒဿီ သိခီ ဇိနော ။
ရဝိဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

ဆက်လက်ဖတ်ရှုရန်...

သံဝေဂလင်္ကာ- ရှစ်ပုဒ်


သံဝေဂလင်္ကာ- ရှစ်ပုဒ်

• ၁ ။ နုနယ် ရုပ်ဆင်း၊ ပျိုမျစ်ခြင်း ကား ၊ အိုမင်းနောက်ဆုံး ရှိချေ၏ ။
• ၂ ။ ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား ၊ ယိုယွင်း နောက်ဆုံးရှိချေ၏ ။
• ၃ ။ ဝိညာဉ် ထင်လင်း ၊ အသက်ရှင်ခြင်းကား ၊ သေခြင်းနောက်ဆုံး ရှိချေ၏ ။
• ၄ ။ ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား ၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
• ၅ ။ တက်ကြွားကြွကြွ ၊ မြင်သမျှကား ၊ လျှောကျနောက်ဆုံး ရှိချေ၏။
• ၆ ။ ခုံမင်ခယ ၊ ချစ်သမျှကား ၊ သောက နောက်ဆုံး ရှိချေ၏ ။
• ၇ ။ ပွဲလယ်ပြင်ပ ၊ ချီးမွှမ်းသမျှ ၊ ရှုတ်ချ နောက်ဆုံး ရှိချေ၏ ။
• ၈ ။ ကြည်သာ ရွှင်ပျ ၊ ချမ်းသာလှလည်း ၊ ဒုက္ခ နောက်ဆုံး ရှိချေ၏။

သံဝေဂ လင်္ကာ ရှစ်ပုဒ် ပြီး၏ ။

ဆက်လက်ဖတ်ရှုရန်...

သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း


သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း


မြတ်စွာဘုရားသခင် သည် သတ္တဝါများ အပေါ် လွန်ကဲမြင့်မြတ် သော ကရုဏာတော် ဖြင့် မသေမီ စိတ်ချရသော တရားထူးကို ဟောကြားတော်မူရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးတို့ကြောင့် စိတ်မချရသေးသော် သေခါနီး နှလုံးသွင်း ဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟောကြားတော်မူ ခဲ့ပါတယ် ။
ဘယ်လိုဟောကြားတော်မူသလဲ ဆိုတော့
( က ) မကျန်းမာ သော အခါ ဖြစ်စေ ၊ သေခါနီး ရင်ဖြစ်စေ ၊ ရောဂါ ဝေဒနာ ( ဒုက္ခဒဏ်ချက် တစ်ခုခု ) ပေါ်လာမယ်။ အဲဒါပေါ်လာတဲ့ ဒုက္ခဝေဒနာ ကို ( ဖြစ်ပျက်ရှုပေး ) ။
( ခ ) ဪ နှိပ်စက်တဲ့ တရားပါလား ၊ နှိပ်စက်တာ ဧကန်ဖြစ်လို့ ဘဝ ရဲ့ ဒုက္ခ တရား ( ဒုက္ခကြီးပါပဲ ) ။
( ဂ ) ဒီဒုက္ခတရားဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ။ ( ဖြစ်ပြီး ပျက်သွားတာပဲ ) ။
( ဃ )အားလုံး ဖြစ်ပေါ်လာသမျှ တရားတွေ ဟာ ပျက်တာချည့်ပဲ ။
( င )ဘာပဲလာလာ ပျက်မှာ ချည့်ဘဲ ၊ အဖြစ် နဲ့ အပျက်ကလွဲ ရင် ၊ ဘာမှ မရှိပါကလား ၊ ( ဖြစ်ပျက်_ဖြစ်ပျက် ) လို့ ရှုနေရမယ် ။
( စ )ဖြစ်ပြီးပျက်သွား တဲ့ ဖြစ်ပျက် အစဉ်မှာ ( ဉာဏ် ရောက်နေရမယ် )။
( ဆ ) ဒီလိုဉာဏ် ရောက်နေတော့ ဝေဒနာ ချုပ်သွားတယ် ( ဝေဒနာ ချုပ်တာ ဒုက္ခ ချုပ်တာပဲ )
( ဝေဒနာ နိရောဓ တဏှာနိ ရောဓော )
( ဇ )ဝေဒနာ ချုပ်တဲ့ နောက် ( တဏှာအလိုလို သေတယ် )၊ ဒီတော့ ပဋိစ္စ သမုပ္ပါဒ် ဒီတွင်ဘဲပြတ် ၊ ပြတ်တော့ " ဒုက္ခ နိရောဓနိဗ္ဗာနံ " လာတာပဲ ။
( ဈ )ဒုက္ခ ဝေဒနာ လာသမျှ ( ဖြစ်ပျက်သာရှု ) ဖြစ်ပျက် အနိစ္စ နောက်မဂ် ဉာဏ် လိုက်ရမယ် ။ ဒီ ဖြစ်ပျက်နဲ့ မဂ် နဲ့ မပြတ်အောင် ဉာဏ်လိုက်သွားရင် မသေခင်ကလေးမှာ သောတာပတ္တမဂ် ၊သကဒါဂါမိမဂ် ၊အနာဂါမိမဂ် ဆိုတဲ့ ( သုံးမဂ် ကျအောင် ရနိုင်တယ် )။

အနိစ္စ - ဒုက္ခ - အနတ္တ

နာမ် ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက်၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ သဘာဝ အား ၊ ဤသုံးပါးကြောင့် ၊ဖြစ်ပွါးသမျှ ၊ အနိစ္စ သည် ၊ ဒုက္ခ- အနတ္တ ချည့်သာတည်း ။

ဆက်လက်ဖတ်ရှုရန်...

စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်


စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်

( ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း စာအုပ်မှ ---)


စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ် ။ မကောင်းတဲ့ မျိုးစေ့တွေ ကျလာရင် မကောင်းတဲ့ အပင်ပေါက်မယ် ။ ကောင်းတဲ့ မျိုးစေ့တွေ ကျလာရင် ကောင်းတဲ့ အပင်ပေါက်မယ် ။ ဒါကြောင့် နေ့စဉ်ဘယ်လိုမျိုးစေ့ တွေ ရောက်လာနေသလဲ ဆိုတာ ကို သတိထားဖို့ လိုတယ် ။
မကောင်းတဲ့ အပင်ကို ရေ မှန်မှန် လောင်းပြီး မြေဩဇာ မှန်မှန် ပေးနေရင် မကောင်းတဲ့အပင် ဟာ သန်လာမှာပဲ ။ ကောင်းတဲ့ အပင် ကို ရေ မှန်မှန် လောင်း ပြီး မြေဩဇာ မှန်မှန် ပေးနေ ရင် ကောင်း တဲ့ အပင်ဟာ သန်လာမှာပဲ ။
အတွေးတိုင်းဟာ မျိုးစေ့တွေ ပဲ ။ ဒါကြောင့် အတွေးတွေ ကို သတိထားပါ ။ မတွေးသင့်တာတွေ ကို များများတွေးနေ ရင်မကောင်း တဲ့အပင် ကိုရေလောင်း နေတာနဲ့တူပါတယ် ။
Take charge of your thoughts. ကိုယ့်အတွေးတွေ ကို ကိုယ်တာဝန်ယူပါ ။
ကိုယ့်ဘဝ အဆင်ပြေချင်ရင် အဲဒီ က စရမယ်နော် ။ တခြားနေရာ က စဖို့ စိတ်မကူးနဲ့ ၊ သဘာဝ မကျဘူး ။ သဘာဝ မကျရင် ရေရှည် အဆင်မပြေ နိုင်ဘူး ။ စေတနာမှန်မှန် သဘောထား မှန်မှန် အသိအမြင်မှန်မှန် နဲ့ လုပ်မှဘဲ ရေရှည် အဆင်ပြေပြီး စိတ်ချမ်းသာ မယ် ။ စေတနာ မမှန်တဲ့သူတွေ လုပ်ရပ် မမှန်တဲ့ သူတွေ ခဏအဆင်ပြေပြီး သိပ်မကြာခင်မှာ စိတ်ဆင်းရဲစရာ တွေ အမျိုးမျိုးနဲ့ ရှုပ်ထွေး တဲ့ဘဝ ကို နေသွားရတာ မျက်မြင် ကိုယ်တွေ့ပဲ ။
သေသည် အထိ တစ်သက်တာ စိတ်အေးအေးချမ်းချမ်း နေသွားနိုင်မယ့် စီမံကိန်း ကို ရေးဆွဲပါ ။ ခဏ အဆင်ပြေတဲ့ နည်းဟာ အတိုးနဲ့ ပြန်ဆပ် ရတတ်တယ် ။ ကိုယ့်စိတ်ကို ကိုယ် တကယ်ညာလို့  မရနိုင်ပါဘူး ။ စိတ်ထားမကောင်းရင် စိတ်ချမ်းသာမှု မရနိုင်ပါ ဘူး ။
ဉာဏ်နဲတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ် ။ ဉာဏ်ပညာ ရင့်ကျက်တဲ့ သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ် ။ ကိုယ့်ပတ်ဝန်း ကျင်မှာကိုယ်သိတဲ့ သူတွေ ကို လေ့လာ ကြည့်ပါ ၊ ဘယ်လိုလူမျိုးဟာ စိတ်အေးချမ်း သလဲ။ ငွေ ၊ ဂုဏ် ၊ ရာထူး ၊ ပစ္စည်း ဥစ္စာ ၊ ကျော်ကြားမှု စတဲ့ ပြင်ပတွေ ကို ဦးစားပေးတဲ့ သူတွေ စိတ်ချမ်းသာမှု မရကြပါဘူး ။စိတ်ထားမကောင်းရင် စိတ်အေးချမ်းမှု မရနိုင်ဘူး ဆိုတာ အင်မတန် သေချာတဲ့ တရားပါ ။ မလွဲပါဘူး ။
" စိတ္တေန နီယတိ လောကော " " လောက ကို စိတ်က ဦးဆောင်တယ် " လို့ ဘုရား ဟောတာ ရာနှုံးပြည့် မှန်ပါတယ် ။ ဒါကြောင့် ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့ တန်တဲ့ စိတ်ထား ကို အရင်မွေးပါ ။
နေ့ စဉ် ကိုယ့်စိတ်ကို လမ်းမှန်နေအောင် လမ်းတည့် ပေးနေရင် တဖြေးဖြေး အားမကိုးသင့်တာတွေ ကို အားမကိုးနေတော့ဘဲ အယူသည်းတာတွေ ဗေဒင် ယတြာ ယုံတာတွေ ပျောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေ ကို သဘာဝ ကျကျ အကြောင်းအကျိုး ကိုက်အောင် တွေးပြီး အကြောင်းမှန်ကို လုပ်လို့ အကျိုးမှန်ကို ရလာလိမ့်မယ် ။ ဒါကြောင့် စိတ်အေးချမ်းမှုလည်း ပိုရှိလာမယ် ။
ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးသ၍ စိတ်အေးချမ်းမှူ မရှိနိုင် သေးဘူး ဆိုတာ ကိုတော့ လေးလေးနက်နက် သဘောပေါက် မှဖြစ်မယ်နော် ။

ဆက်လက်ဖတ်ရှုရန်...

ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်


ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်
(အထီးကျန်ဘဝမှလွတ်မြောက်ခြင်း စာအုပ်မှ )


ဒီဘုန်းကြီး နဲ့ သိတဲ့ လူတစ်ယောက်အကြောင်းအရင်တုန်းက နဲနဲပြောဘူးပါတယ်။ အခုထပ်ပြောချင်တယ် ။ သူ့ကို အမေရိက မှာ တွေ့ ခဲ့တာပါ ။ သူဘုန်းကြီးကျောင်းကို လာတော့ သူ့ကို " ဘာဖြစ်လို့ကျောင်းကိုလာတာလဲ " လို့ မေးကြည့်တော့ " အိပ်မပျော်လို့ပါ " တဲ့ ။ " ကျောင်းကိုလာ ရင် ဘုန်းကြီးတွေ က အိပ်ပျော်တဲ့ နည်းများပေးမလားလို့ပါ " တဲ့ ။
အိပ်မပျော်တဲ့လူဟာ စိတ်မငြိမ်းချမ်းလို့ပါ ။ စိတ်ကို ငြိမ်းချမ်းအောင်လုပ်တတ်လို့ ရှိရင် အိပ်ပျော်ပါတယ် ။ စိတ်ထဲမှာသောက တွေ သိပ်များနေတယ် ။ စိတ်လှုပ်ရှားမှုတွေ သိပ်များနေတယ်။ စိုးရိမ်မှု ၊ ပူပန်မှုတွေ များနေတယ် ။ အတွေးတွေကို ရပ်လို့မရဘူး ဆိုရင် အိပ်ချင်နေပေမယ့် လည်း အိပ်လို့မပျော်ဘူး ။
သူ့အမူအရာ ၊ အပြောအဆိုကို ကြည့်ရတာ နဲနဲ ကြမ်းတမ်းတဲ့ အမူရာမျိုးရှိနေတာကို တွေ့ရတယ် ။ မကျေနပ်မှုတွေ တော်တော် များနေတာတွေ့ ရတယ် ။ ပြီးတော့ နဲနဲ ထိုင်းမှိုင်းတဲ့အမူရာ လည်းရှိတယ် ။ နောက်မှ သိရတာက အဲဒီ ဒကာမ ကြီးဟာ မူးရစ်ဆေးဝါးလည်း စွဲနေတယ်။ အိပ်ဆေး လည်း စွဲနေတယ် ။
သူ့ ကိုပထမ ဦးဆုံး စိတ်နူးညံ့ သွားအောင် ဆိုပြီးတော့ မေတ္တာ ပွါးနည်း သင်ပေးလိုက်တယ် ။ နောက်တစ်နေ့ကျတော့ " အဆင်ပြေ ရဲ့လား"လို့ မေးကြည့်တော့ " မေတ္တာပွါးလို့ မရဘူး" တဲ့ ။ ဒါနဲ့ သူ့ကို " မေတ္တာပွါးတာ ဘာခက်လို့တုန်း ။ ကိုယ့်ကိုကိုယ် စပြီး မေတ္တာ ပွါး ဘို့ဘဲ ၊ ကိုယ့် ကိုကိုယ် ချမ်းသာစေချင်တယ် မဟုတ်လား " လို့ ဆိုတော့ သူဘာမှ မပြောဘူး ။တိတ်နေတယ်။ နောက်တော့ ဆက်မေး ကြည့်တဲ့ အခါ ရောက်တော့ " ကိုယ့်အကြောင်း ကိုယ် မတွေးချင် ဘူး ၊ မေ့ထားချင်တယ် " တဲ့ ။ " တစ်ယောက်တည်းနေ လို့ မရဘူး ။ တစ်ယောက်တည်းနေ လိုက်ရင် ကိုယ့် အကြောင်း ကိုယ်တွေးမိ ပြီး စိတ်ပျက်တယ် " တဲ့ ။
" ကိုယ့်ကိုကိုယ် မချစ်ဘူးလား " ဆိုတော့ " ကိုယ့်ကိုကိုယ် မချစ်ဘူး" တဲ့ ။ ဒါနဲ့ တဆင့် တက်ပြီး မေးကြည့်တယ်။ " မိဘ တို့ ဆရာသမား တို့ကို ရော မချစ်ဘူး လား " ဆိုတော့ " အဖေ ကငယ် ငယ်ကတည်း က ကွဲသွားတယ် "တဲ့ ။" အဖေ က အရက်စွဲနေတယ်။ အလုပ်ကောင်း ကောင်း မလုပ်ဘူး ။ မိသားစု ကို လည်း ကောင်းကောင်း မထောက်ပံ့ဘူး " တဲ့။ နောက်တော့ အသည်းကြွမ်း တဲ့ ရောဂါ နဲ့ ဆုံး သွားတယ်။ အမေ က တော့ အဖေ နဲ့ ကွဲသွားတဲ့ နောက်ပိုင်းမှာ အလုပ်လုပ်ရ တဲ့ အတွက်ကြောင့် သူတို့ မောင်နှမတွေ ကို ဂရုမ စိုက်နိုင် ဘူး တဲ့ ။ ပြီး တော့ အမေ ဟာ ဂရုစိုက် မယ် ဆိုရင် စိုက်နိုင်ပါရဲ့ နဲ့ တစ်ခါ တစ်လေ သူ့ဟာသူ ပျော်သလို ၊ သက်သာ သ လို ပဲ နေတယ် တဲ့ ။ အဲဒီ တော့ သူဟာ အဖေ့ မေတ္တာ လည်း မရ ဘူး ။ အမေ့ မေတ္တာ လည်း မရဘူး ။
"အမေ့ ကိုချစ်သလား " ဆိုတော့ " အမေ့ အသံတောင် မကြားချင်ဘူး " တဲ့ ။ အဲဒီ လောက်ထိအောင် ဆိုးတယ်နော်။

" အမေ က တယ်လီ ဖုန်း ဆက်ရင် တယ်လီဖုန်း ကောက်ပြီး နားထောင်လိုက်တဲ့အခါမှာ အမေ့ အသံ ဆိုတာ သိလိုက်တာ နဲ့ တစ်ပြိုင်နက် ပြန်ချ လိုက်တာပဲ ၊ ဆက်မပြောတော့ဘူး " တဲ့ ။
" ဆရာ သမား တွေ ထဲ မှာရော " ဆိုတော့ " ဆရာ သမား တွေ ထဲမှာ လည်း ချစ်တဲ့ သူမရှိ ဘူး " တဲ့ ။ " သူငယ်ချင်း မိတ်ဆွေ တွေထဲမှာ ရော " ဆိုတော့ " ဒါလည်းဘဲ တွေ့ လို့ ကြုံလို့သာ ဆက်ဆံ နေရတာပါ ၊ ဘယ်သူ့ ကိုမှ တကယ် ချစ် တယ် ဆိုတာ မရှိဘူး " တဲ့ ။ ဒါနဲ့ ဘုန်းကြီး လည်း တော်တော် စိတ်ညစ်သွား တယ် ။ ဘယ်လိုမှ ပြောလို့မရတော့ဘူး ။ နောက်ဆုံး တော့ " ပွင့်ပွင့်လင်းလင်းပြောမယ်နော် ၊ လူဆိုတာ ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ဘုရားဟော လည်း ရှိတယ် ။ ကြား လည်းကြား ဘူးတယ် ။ စာတွေ ပေတွေ ထဲ မှာလည်း ဖတ် ဘူး တယ် ၊ ကိုယ့် ကို ကိုယ် လည်း ဒီလိုဘဲ ခံစားရတယ်။ ပြီးတော့ ဒီလောက် သတ္တဝါ တွေ များတဲ့ လောကကြီးထဲ မှာ တစ်ယောက် ကိုမှ မချစ်ဘူး ဆိုတာတော့ ဒီတစ်ခါ ကြားဖူးတာ ပထမ ဆုံးပါပဲ ။ အပြစ်တင်တယ် လို့ တော့ မထင်ပါ နဲ့ ။ တကယ် အံ့ဩလို့ပါ " လို့ပြောတော့ သူ လည်း စိတ်မကောင်း ဖြစ်သွားတယ် ။
သူဟာသူ အကြာကြီး စဉ်းစား ပြီး တော့ " ချစ်တာ တစ်ဦး တော့ ရှိတယ် " တဲ့ ။ " ဘယ်သူတုံး" ဆိုတော့ " သူငယ်ချင်း ရဲ့ ခွေးလေး " တဲ့ ။ သူ့ရဲ့ ကိုယ်ပိုင် ခွေး လည်း မဟုတ်ဘူ ။ " ဒီခွေး လေး နဲ့ ကစားရရင် ပျော်တယ် " တဲ့ ။ အဲဒီတော့ တစ်လောကလုံးမှာ ( ကိုယ့်ကိုကိုယ် လည်း မချစ်ဘူး ။ တခြား ဘယ်သူ့ကို မှလည်း မချစ်ဘူး ) ချစ်စရာ ဆိုလို့ ခွေးလေး တစ်ကောင်ပဲရှိတဲ့ သူ့ ရဲ့ အထီးကျန် အဖော်မဲ့ ခံစားမှု " Lonliness " ကိုမှန်းဆပြီး ကြည့်စမ်းပါ ။ ဘယ်လောက် သနား စရာ ကောင်းလဲလို့ ။
ဒါပေမယ့်  ဒီဒကာမ ကြီး ဟာ တရား ကို တော်တော်လေး ကြိုးစား အားထုတ်ပါတယ် ။ ငါးလ ၊ခြောက်လ လောက်ကြိုးစား အားထုတ်ပြီးတဲ့ နောက်မှာ အရက်တွေ ၊ မူးယစ်ဆေးဝါးတွေ ၊ အိပ်ဆေးတွေ အကုန်ပြတ်သွား တယ် ။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လာတယ် ။ သူ့စိတ်ထဲ မှာ ကြည်လင်မှု အေးချမ်းမှု ရှိလာတယ် ။ ဒီလို ဖြစ်လာ တဲ့ အခါမှာ သူ့အမေ အကြောင်း ပြန်တွေးတဲ့ အခါ အမေကို သနားလာ တယ်။ အမေဟာ ငယ် ငယ် ရွယ်ရွယ်နဲ့ ယောက်ျား နဲ့ ကွဲသွားတယ် ။ တစ်ယောက် တည်း ဒီကလေးတွေ နဲ့ ဘဝ ကို ရုန်းကန်ရတယ် ။ တစ်ခါ တစ်လေ လည်း သူပျော်သလို ၊ စိတ်ချမ်းသာ သလို နေမှာ ပေါ့ ။ အမေ့ စိတ်ထဲ မှာ ဘယ် လို ခံစား ရမလဲ ဆိုတာ တွေးပြီးတော့ နဲနဲ ကိုယ်ချင်းစာပြီး တော့ သနားသွားတယ် တဲ့ ။ အဲဒီ နောက်မှာ အမေ က တယ်လီဖုန်း ဆက်ရင် အေးအေးဆေးဆေး စကား ပြန်ပြောတယ် ။ နောက်တော့ အတွေ့ ခံတယ် ။
အမေ ကြီး ခမျာ အသက်ကြီးလာ တော့ သမီး ကို ပိုချစ်လာတယ် ထင်တယ် ။ ငယ်ငယ် တုန်း က တော့ သူ့ ဒုက္ခ နဲ့ သူ ဆိုတော့ သူ့သား သမီးတွေ ကို သိပ် ဂရုမ စိုက်နိုင်ခဲ့ဘူး ။ ကြီးလာ တော့ ဒီသမီး ကို ပိုချစ်လာတယ်။ သမီးကို အားကိုး လာ တယ် ။ သမီး နဲ့ တွေ့ချင် တယ် ။ သမီး နဲ့ နေချင်တယ် ။ ဒါပေမဲ့ သမီး က လုံးဝ လက်မခံခဲ့ ဘူး ။ ဘယ်လောက်ထိ အောင် ပြောသလဲ ဆိုတော့ " အမေ လာခဲ့ ရင် _တဲ့ ၊Bay Bridge တံတား ပေါ် ကနေ ခုန်ချ ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ် " တဲ့ ။အဲဒီ လောက်ထိအောင် သူ့ရဲ့ နာကြည်းနေ တဲ့ ခံစားချက် က ပြင်းထန် တယ်နော် ။ အခုတော့ အဲဒီ အမေ ကို သနားလာတယ် ။ အမေ နဲ့ အတွေ့ခံတယ် ။ တရားအားထုတ်လို့ နဲနဲ ငြိမ်းချမ်း မှု ရှိလာတဲ့ အခါကျတော့ သနားတတ်လာတယ်။ ချစ်တတ် လာတယ် ။ ကိုယ်ချင်းစာ တတ်လာတယ် ။ ဒီလို ချစ်တတ် ကိုယ်ချင်းစာတတ် လာတာနဲ့ ကိုပဲ အဖော်မဲ့ နေတဲ့ ခံစားမှု "Lonliness " ကတော်တော် သက်သာလာတယ် ။
( ဒီအချက် က သေသေချာချာ စဉ်းစားစေချင်တယ် ။ ချစ်တတ် ကိုယ်ချင်းစာတတ် တဲ့ သူဟာ အဖော်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနဲ တယ် ။ )
အနောက်နိုင်ငံ မှာ အဲဒီ လို ဖြစ်နေပြီနော် ။ မြန်မာပြည် မှာ လည်း နဲနဲ ဖြစ်လာနေတာ ကို တွေ့ နေရပါပြီ။ ဒီ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထား ပဲ လေးလေးနက်နက် စဉ်းစားပါ နော် ။ တချို့ လူတွေဟာ ကိုယ့်ကိုကိုယ် တောင်မှ မချစ်ဘူး ။ ကိုယ့် အကြောင်း ကို မေ့ထားချင်တဲ့ သူတွေ ၊ ကိုယ့်ကိုကိုယ် မုန်းတဲ့ သူတွေ ရှိတယ် ။ ဘာဖြစ်လို့ လဲ ဆိုတာ ကို စဉ်းစားပါ ။

ဆက်လက်ဖတ်ရှုရန်...

မေတ္တာဘာဝနာ အကျိုး ၁၁ ပါး


အိပ်ရချမ်းသာ ၊ ချမ်းသာစွာ နိုး ၊ အိပ်မက်ဆိုးပျောက် ၊ စောင့်ရှောက်နတ်များ ၊ ရင်ဝယ်သားသို့ ၊ လူများလည်းခင် ၊ နတ်လည်း ခင်၏ ၊ မီးလျှင်မပူ ၊ အဆိပ်ဟူလည်း ၊ ထို့တူပြေပျောက် ၊ လက်နက်ရောက်လည်း ၊ မပေါက်မဝင် ၊ ပြီးသလျှင်တည့် ၊ အစဉ်စိတ်တည် ၊ မျက်နှာ ကြည်၍ ၊ သေသည်ကာလ ၊ မတွေရရှင့် ၊ သေက ဗြဟ္မာ ၊ ပြည်သို့သာလျှင် ၊ လားရာဆယ့်တစ်မျိုး ၊ ဤအကျိုး သည်၊ တန်ခိုး မေတ္တာ ပွါးမှုတည်း ။


ဆက်လက်ဖတ်ရှုရန်...

ဒိသာဖရဏ မေတ္တာပို့


၁။ အရှေ့အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၂။ အနောက် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၃။ မြောက် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၎။ တောင် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။

၅။ အရှေ့တောင် ထောင့် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၆။ အနောက်မြောက် ထောင့် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၈။ အနောက်တောင် ထောင့် အရပ်၌ ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၉။ အောက်အရပ် ၌ ရှိသော ထက်ဝန်း ကျင် အနန္တ စကြဝဠာ အပါယ် ဘုံသား အနန္တ သတ္တဝါ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
၁၀။ အထက် အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြဝဠာ အနန္တ နတ်ဗြဟ္မာ တို့
• ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
• ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
• နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။

ဆက်လက်ဖတ်ရှုရန်...

သြဒိသ မေတ္တာပို့



၁။ သဗ္ဗာ ဣတ္ထိယော ၊ ပါဠိဟောအလာ ၊ မိန်းမတို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၂။ သဗ္ဗေ ပုရိသာ ၊ ယောက်ျား တို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၃။ သ ဗ္ဗေ အရိယာ ၊ သူမြတ်တို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၎။ သဗ္ဗေ အနရိယာ ၊ ပုထုဇဉ် တို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၅။ သဗ္ဗေ ဒေဝါ ၊ နတ်တို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၆။ သဗ္ဗေ မနုဿာ ၊ လူတို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၇။ သဗ္ဗေ ဝိနိပါတိကာ ၊ အပါယ်သားတို့မှာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

ဆက်လက်ဖတ်ရှုရန်...

အနောဓိသ မေတ္တာပို့



၁။ သဗ္ဗေ သတ္တာ ၊ များသတ္တဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၂။ သဗ္ဗေ ပါဏာ ၊ ထွက်သက် ဝင်သက် ရှိ သတ္တဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၃။ သဗ္ဗေ ဘူတာ ၊ ကိုယ်ထင်ရှားရှိ သတ္တဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၎။ သဗ္ဗေ ပုဂ္ဂလာ ၊ ပုဂ္ဂိုလ် သတ္တဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ ၊ အတ္တဘော ၌ အကျုံးဝင်လာ သတ္တဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။


ဆက်လက်ဖတ်ရှုရန်...

ဝိသေသ မေတ္တာပို့


၁။ ငါဟုခေါ်ရာ ၊ ဤခန္ဓာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၂။ မာတာပိတာ ၊ ဤနှစ်ဖြာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၃။ အာစရိယာ သင်ဆရာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၎။ ဉာတိမိတ္တာ ၊ ဆွေသဟာ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၅။ ကိုယ်မှာ စောင့်လာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၆။ အိမ် ခြံစောင့်လာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၇။ မြို့ ရွာ စောင့်လာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၈။ တောတောင် စောင့်လာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၉။ ဘုမ္မစိုး မဟာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၁၀။ ရုက္ခစိုး မဟာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

၁၁။ အာကာသစိုး မဟာ ၊ နတ်ဒေဝါ ၊ ချမ်းသာကိုယ် စိတ် မြဲပါစေ။
ဘေးရန် ပယ်ရှင်း ၊ စိုးရိမ်ကင်း ၊ ဆင်းရဲမရှိ ဖြစ်ပါစေ ။

ဆက်လက်ဖတ်ရှုရန်...

ဂုဏ်တော်ကွန်ချာ


ဂုဏ်တော်ကွန်ချာ


၁။ သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ဝတ သောဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ အရဟံ ။

၂။ သောဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ
သမ္မာ သမ္ဗုဒ္ဓေါ ဝတ သောဘဂဝါ
သမ္မာ သမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာ သမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ ။

၃။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာ စရဏသမ္ပန္နော
ဝိဇ္ဇာ စရဏသမ္ပန္နော ဝတ သောဘဂဝါ
ဝိဇ္ဇာ စရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာ စရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာ စရဏသမ္ပန္နော ။

၎။ သောဘဂဝါ ဣတိပိ သုဂတော
သုဂတော ဝတ သောဘဂဝါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ သုဂတော။

၅။ သောဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ဝတ သောဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပဉ္စမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ လောကဝိဒူ ။

၆။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မ သာရထိ
အနုတ္တရော ပုရိသ ဒမ္မ သာရထိ ဝတ သောဘဂဝါ
အနုတ္တရံ ပုရိသ ဒမ္မ သာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသ ဒမ္မ သာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မ သာရထိ။

၇။ သောဘဂဝါ ဣတိပိ သတ္တာဒေဝ မနုသာနံ
သတ္တာဒေဝ မနုသာနံ ဝတ သောဘဂဝါ
သတ္တာရံ ဒေဝ မနုသာနံ သရဏံ ဂစ္ဆာမိ
သတ္တာရံ ဒေဝ မနုသာနံ သိရသာ နမာမိ
သတ္တမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ သတ္တာဒေဝ မနုသာနံ ။

၈။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ဝတ သောဘဂဝါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။

၉။ သောဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ဝတ သောဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ ။

၁၀ ။ သောဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ဝတ သောဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပဉ္စမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ လောကဝိဒူ ။

၁၁ ။ သောဘဂဝါ ဣတိပိ သုဂတော
သုဂတော ဝတ သောဘဂဝါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ သုဂတော။

၁၂ ။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မ သာရထိ
အနုတ္တရော ပုရိသ ဒမ္မ သာရထိ ဝတ သောဘဂဝါ
အနုတ္တရံ ပုရိသ ဒမ္မ သာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသ ဒမ္မ သာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မ သာရထိ။

၁၃ ။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာ စရဏသမ္ပန္နော
ဝိဇ္ဇာ စရဏသမ္ပန္နော ဝတ သောဘဂဝါ
ဝိဇ္ဇာ စရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာ စရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာ စရဏသမ္ပန္နော ။

၁၄ ။ သောဘဂဝါ ဣတိပိ သတ္တာဒေဝ မနုသာနံ
သတ္တာဒေဝ မနုသာနံ ဝတ သောဘဂဝါ
သတ္တာရံ ဒေဝ မနုသာနံ သရဏံ ဂစ္ဆာမိ
သတ္တာရံ ဒေဝ မနုသာနံ သိရသာ နမာမိ
သတ္တမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ သတ္တာဒေဝ မနုသာနံ ။

၁၅ ။ သောဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ
သမ္မာ သမ္ဗုဒ္ဓေါ ဝတ သောဘဂဝါ
သမ္မာ သမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာ သမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ ။

၁၆ ။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ဝတ သောဘဂဝါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။

၁၇ ။ သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ဝတ သောဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ အရဟံ ။

၁၈ ။ သောဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ဝတ သောဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ဝဇီရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ ။

ဆက်လက်ဖတ်ရှုရန်...

အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်တော်


အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်တော်


အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ၊
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ။
ဧတေန သစ္စ ဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။

(ဤ ဗုဒ္ဓမန္တန် သည် အသက်အန္တရာယ် နှင့် ပတ်သက်သော ကိစ္စမျိုး တွင် အထူးအားကိုးရပါသည် ။ )


ဆက်လက်ဖတ်ရှုရန်...

ဓမ္မခဏ် ဂါထာတော်


ဇလွန်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဓမ္မခဏ် ဂါထာတော်


ဣတိပိ ပိဋကတ္တယံ အနိစ္စံ ၊ ဒုက္ခံ ၊ အနတ္တံ ။
သတ္တဗောဇ္ဈင်္ဂေါ အဋ္ဌဂီကော မဂ္ဂေါ စတုပဋ္ဌာနံ ၊
သဗ္ဗ ဿ ဣန္ဒော သဟဿ သူရိယော
သြောင်း နမော မေတ္တာနံ ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒကဘယံ ၊ အဂ္ဂိ ဘယံ ၊ သတ္တ ဘယံ ၊ သဗ္ဗ ဘယံ ၊ ဇယော ဇယတု မင်္ဂလံ ၊
အနိစ္စံ သင်္ခတံ ပဋိစ္စ သမုပ္ပနံ္န ၊ ခယ ဓမ္မံ ဝယဓမ္မံ ဝိရာဂ ဓမ္မံ နိရောဂဓမံ္မ ပဏ္ဍိတာ ခမန္တိ ။
( ဤဂါထာ ကို ရွတ်ဖတ်ခြင်းအားဖြင့် အတွင်း အပြင်ရန်များ ပပျောက်၍ သူတပါး မကောင်းမကြံ စည်နိုင်ခြင်း ၊လိုရာဆုကိုရရှိ ခြင်း ၊ အိမ်သူ အိမ်သား များနှင့် မကွဲမကွာ နေရခြင်း နှင့် မိမိနေလိုရာ အရပ်တွင် နေရခြင်း တို့ကိုရရှိစေပါသည် ။ )

ဆက်လက်ဖတ်ရှုရန်...

ဒိဝါတပတိ သဗ္ဗ မင်္ဂလာ ဂါထာတော်


ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိံယော တပတိ ၊ ဈာယီ တပတိ ဗြာဟ္မဏော ။
အထ သဗ္ဗ မဟောရတ္တိ ဗုဒ္ဓေါ တပတိ တေဇသာ ။

• နေမင်းသည် နေ့အခါ၌သာ တောက်ပ၏ ။
• လမင်းသည် ညအခါ၌သာ တောက်ပ၏ ။
• ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာဆင်ယင် ထားမှသာ တောက်ပ၏ ။
• ရဟန္တာသည် ဈာန်ဝင်စား နေမှသာ တောက်ပ၏ ။
• မြတ်စွာဘုရားရှင် သည်ကား နေ့ရော ညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏ ။

ဆက်လက်ဖတ်ရှုရန်...

နတ်ချစ်ဂါထာတော်


အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဘွဲ့ တံဆိပ်တော်ရ
တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၏
နတ်ချစ်ဂါထာတော်


တောင်တန်းသာသနာပြု ဆရာတော်ကြီး ရွတ်ပွါးပုံ


" အို လောကစောင့်ကြပ် နတ်များအပေါင်းတို့ ၊ တရားနာလာကြ ကုန်လော့ ။
တောစောင့်နတ် ၊ တောင်စောင့်နတ် အပေါင်း ၊ မြို့စောင့်နတ် ၊ ရွာစောင့်နတ် အပေါင်း ၊ ရုက္ခစိုး ၊ ဘုမ္မစိုး ၊ အာကာသ စိုး နတ်အပေါင်း တို့တရားနာ လာကြကုန်လော့ ။
မြေစောင့်နတ် ၊ရေစောင့်နတ် ၊သာသနာတော် စောင့်နတ်၊ သမုဒ္ဒရာ စောင့်နတ်၊ ဝဠာဟက နတ် ၊ ပဇ္ဇုန် နတ်၊ စတုလောက ပါလ နတ်၊ သိကြား ၊ ဗြဟ္မာ ၊ အသုရာ ၊ ယမာ အစ ရှိသော နတ်ဗြဟ္မာ အပေါင်းတို့ တရားနာလာကြကုန်လော့ ။
နဂါး ၊ ဂဠုန်၊ ကုမ္ဘန် ၊ ယက္ခိုက် အစ ရှိဟော ဥပါသကာ အပေါင်းတို့ တရားနာလာကြကုန်လော့။
ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီ အစ ရှိသော သူတော်ကောင်း အပေါင်းတို့တရားနာလာကြကုန်လော့ ။
အို လူအပေါင်း ၊ နတ်အပေါင်း ၊ အပါယ်လေးပါးသတ္တဝါ အပေါင်းတို့ အရားနာရန် ဖိတ်ခေါ်ကုန်၏ ။
အကျွန်ုပ် သည် ဝေနေများစွာ သတ္တဝါတို့ ၏ချမ်းသာမှု ကိုရှေးရှု၍ ကောင်းမြတ်သော စိတ်စေတနာ ဖြင့် ကဿ
ပမြတ်စွာ ဘုရားရှင်သည် ဟောကြားတော်မူခဲ့သည့် တစ်ဂါထာလျှင် အဖိုးတစ်သိန်း ထိုက်တန်သည့် အလွန်တရာကြားရ နာရ ခဲလှစွာသော " သတ သဟဿာ
ရဟ " ဂါထာတော် ကို ရွတ်ဖတ် သရဇ္ဈာယ် ပါကုန်အံ့ ။ ကောင်းမွန်ရိုသေစွာ နာကြားကြကုန်လော့ ။
တစ်ဂါထာလျှင် အဖိုးတသိန်းထိုက်တန် သော
သတသဟဿာရဟ အဖိုးတန် နတ်ချစ်ဂါထာတော်များ

၁။ သကိဒေဝ မဟာရာဇ ၊
သဗ္ဘိ ဟောတိ သမာဂမော ။
သာနံ ပါလေတိ သင်္ဂတိ ၊
နာ သဗ္ဘိ ဗဟု သင်္ဂမော ။


( အဆွေတော် မင်းမြတ် … သူတော်ကောင်းတို့နှင့်တစ်ကြိမ် တစ်ခါမျှသာလျှင် အကြောင်းအခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရပေ၏ ။ထို တစ်ကြိမ် မျှပေါင်းဆုံမှီဝဲ ရခြင်းသည် ထိုထို အခွင့် ကြုံ၍ ပေါင်းဆုံမှီဝဲရသော သူကို ဘေးရန် မနှောက် ချမ်းသာရောက်အောင် ကယ်မစောက်ရှောက် နိုင်ပါပေ၏ ။)

၂။ သဗ္ဘိ ရေဝ သမာသေထ ၊
သ ဗ္ဘိ ကုဗ္ဗေထ သ န္ထဝံ ။
သတံ သဒ္ဒမ္မ မညာယ ၊
သေယျော ဟောတိ န ပါပိယော ။

( တရားကင်းကွာ သူယုတ်မာ တို့နှင့် ကြိမ်ဖန်များစွာ ပေါင်းဆုံမှီဝဲသော်လည်း ဘေးရန် မနှောက် ချမ်းသာရောက်အောင် မစောင့်ရှောက် မကယ်မနိုင်ပေ ။ အဆွေတော် မင်းမြတ်…. ထို့ကြောင့် သူတော်ကောင်း တို့နှင့်သာလျှင် ပေါင်းဆုံအမြဲ မှီဝဲ ဆည်းကပ်ရာ၏ ။ သူတော်ကောင်း တို့နှင့် မိတ်ဆွေဖွဲ့ ခြင်း ကျွမ်းဝင်ချဉ်း ကပ်မှု ကို ပြုရာ၏ ။ ပြုပါလေ ။ ဘုရား အစ ရှိသော သူတော်ကောင်း တို့၏ ပစ္စုပ် သံသာ နှစ်ဖြာ ကြီးပွါး ချမ်းသာကြောင်း ပုည ကိရိယ ဗောဓိ ပက္ခိယ တရားကောင်း ကို တစ်လုံးတစ်ပါဒ စ၍ ကောင်းစွာ သိမြင်လာရသည် ရှိသော် တစ်နေ့တစ်ခြား ကြီးပွါး ချမ်းသာ မြင့်မြတ်လာနိုင်ပါလေ၏ ။ဆုတ်ယုတ်နိုင်ကြခြင်း အလျှင်းပင်မရှိနိုင်ပေ ။ )

၃။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ ၊
အထော သရီရမ္ပိ ဇရံ ဥပေတိ ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ ။
သန္တော ဟဝေ သဗ္ဘိ ပဝေ ဒယန္တိ ။

(အဆွေတော် မင်းမြတ် ….မွမ်းမံခြယ်လှယ်၍ အဆန်းတကြယ် လှပြီခိုင်ခံ့ ကုန်သော မင်းစီးရထား တို့သည် စင်စစ်ဧကန် အမှန်ပင် ဟောင်းနွမ်း ဆွေးမြေ့ တစ်နေ့နေ့ တွင် ပျက်စီး၍ သွားကြရကုန်၏ ။ ထို့အပြင် ကျွေးမွေး သုတ်သင် နေ့စဉ် နှင့်အမျှ မွမ်းမံ ခြယ်သကာ တယုတယ စောင့်ရှောက် ၍ နေကြသော သူသူငါငါ ဤခန္ဓာ ကိုယ် ကြီးသည်လည်း ပြုပြင်ရင်း က အိုမင်းဆွေးမြေ့ တရွေ့ ရွေ့ နှင့် ပျက်စီး ၍ သွားရမြဲသာတည်း ။ ပြုလည်း မပြု ၊ ပြင်လည်းမပြင် ပင်ကိုယ်မြဲတည်သူတော်ကောင်း တို့၏တရားဖြစ်သော နိဗ္ဗာန် သည်ကား ပျက်စီး ယို ယွင်း အိုမင်း ဆိတ်သုဉ်း ခြင်းသို့ ကမ္ဘာ လွှဲဖောက် ကပ်တွေ ပျောက်လည်း ဘယ်သောအခါ မျှ မရောက်နိုင်ပါချေ ။ဘုရား အစ ရှိသော သူတော်ကောင်းတို့သည် သူတော်ဥစ္စာ ဘယ်ခါ မပြတ် ထို နိဗ္ဗာန် ချမ်းသာမြတ် ကိုသာလျှင် စင်စစ်ဧကန် အမှန်ပင် ထုတ်ဖော် မြွက်ဟ ပြောဆို ချီးကျူးကြလေ ကုန်၏ ။ )

၎။ နဘံ စ ဒူရေ ပထဝီ စ ဒူရေ၊
ပါရံ သမုဒ္ဒဿ တ' ဒါဟု ဒူရေ ။
တတော ဟဝေ ဒူရ တရံ ဝဒန္တိ ၊
သတဉ္စ ဓမ္မော အသတဉ္စ ရာဇ ။

( အဆွေတော်မင်းမြတ်….. ထက်လဟာပြင် မိုးကောင်းကင်သည်လည်း မြေပြင်မှ တစ်စပ်တည်း ပင် ထင်ရစေကာ အလွန်ပင် ဝေးကွာလှချေ၏ ။ မြေပြင်သည်လည်း ထက်လဟာပြင် မိုးကောင်းကင်မှ တစ်စပ်တည်း ပင် ထင်ရစေကာမူ အလွန်ပင် ဝေးကွာလှချေ၏ ။ တင်းကြမ်းရေပြင် ကမ်း မမြင် သော ပင်လယ် သမုဒ္ဒရာ ၏ ဟိုမှာဘက်ကမ်းသည် ဤမှာ ဘက်ကမ်း မှ မှန်းဆနိုင်အောင် ဝေးကွာလှချေ၏ ။ ဤမှာ ဘက်ကမ်း သည်လည်း ဟိုမှာဘက်ကမ်း မှ မှန်းဆမထင် အလွန်ပင် ဝေးကွာလှချေ၏ ။ ထိုစကားကို ထို သို့ပင် ဘုရား အစရှိသော သူတော်ကောင်းတို့သည် ပြောဆိုတော်မူကြကုန်၏ ။ သူတော်ကောင်း တို့၏ တရားသည် လည်း မသူတော်တို့ တရားမှ ထိုမိုးမြေ နှစ်သွယ် ပင်လယ်ကမ်း နှစ်ခုတို့ထက် စင်စစ်ဧကန် အမှန်ပင် အရှေ့ အနောက် တောင် နှင့် မြောက် သို့ထောက်ဆနှိုင်းညှိ ၍ မရအောင် အ လွန့်အလွန် ပင် ဝေးကွာလှချေ ၏ ဟူ၍ ဘုရား အစရှိသော သူတော်ကောင်း တို့သည် မိန့်ဆိုတော်မူကြကုန် ၏။ )


ဆက်လက်ဖတ်ရှုရန်...

ကိုးပါးသီလခန်း


ကိုးပါးသီလခန်း

ကိုးပါးသီလတောင်းခြင်း

• အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ဘုရား ရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ကိုးပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၈။ ဥစ္စာ သယန မဟာသယန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၉။မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ဆက်လက်ဖတ်ရှုရန်...

ရှစ်ပါးသီလ ခန်း


ရှစ်ပါးသီလ ခန်း

ရှစ်ပါးသီလတောင်းခြင်း

• အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ဘုရား ရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ရှစ်ပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၈။ ဥစ္စာ သယန မဟာသယန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ဆက်လက်ဖတ်ရှုရန်...

ငါးပါးသီလခန်း


သြကာသ ကန်တော့ခန်း နှင့် ဆုတောင်း

သြကာသ သြကာသ သြကာသ ၊ ကာယကံ , ဝစီကံ , မနောကံ ,သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ,ဒုတိယ, တတိယ တစ်ကြိမ် ,နှစ်ကြိမ် ,သုံးကြိမ် မြောက်အောင် ဘုရားရတနာ ,တရားရတနာ ,သံဃာရတနာ ,ရတနာ မြတ်သုံးပါးတို့ ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး ၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊ရန်သူမျိုးငါးပါး ၊ဝိပတ္တိ တရားလေးပါး ၊ဗျသနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ,ဖိုလ်တရား ,နိဗ္ဗာန်တရားတော် မြတ်ကို ရပါလို၏ အရှင်ဘုရား ။


ငါးပါးသီလခန်း

ငါးပါးသီလတောင်းခြင်း

• အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
အာမ ဘန္တေ ပါ၏ ဘုရား ။


ဘုရား ရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ငါးပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၃။ ကာမေသု မိစ္ဆာ စာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ဆက်လက်ဖတ်ရှုရန်...

မဏိဇောတ (ပတ္တမြားရတနာဂါထာတော်)

၁။ ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိစန္ဒိမာ
ဿန္နဒ္ဓေါ ခတ္ထိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗာ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ
ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ၊ ဟောတု ဇယ မင်္ဂလံ ။
၂။ ဖုဋ္ဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ ၊ န ကမ္ပတိ
အ သောကံ ဝိရဇံ ခေမံ။
၃။ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ - ပိယေဟိ ပိယေဟိ မမပိယေဟိ-
သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ -
ရာဇ စိတ္တံ ပိယံမှိုင်းမှိုင်း - အမစ္စ ရာဇ စိတ္တံ ပိယံမှိုင်းမှိုင်း - အမစ္စ
စိတ္တံ ပိယံမှိုင်းမှိုင်း -
ဒေဝ စိတ္တံ ပိယံမှိုင်းမှိုင်း - ဒေဝီ စိတ္တံ ပိယံမှိုင်းမှိုင်း -
ပုရိသ စိတ္တံ ပိယံမှိုင်းမှိုင်း - ဣတ္ထိ စိတ္တံ ပိယံမှိုင်းမှိုင်း -
သဗ္ဗ စိတ္တံ ပိယံမှိုင်းမှိုင်း - သြောင်း ဧဟိ -ဧဟိ - ဗလံခြင်း -
သြောင်း ဧဟိ -ဧဟိ - ဗလံကပ် - သြောင်း ဧဟိ -ဧဟိ - ဗလံခြင်းကပ် စေ။
၎။ သဗ္ဗ ဟိတ - မင်္ဂလာနိ - ပုညာဘိ - သိရိသောဘဏီ
သူရဿတီစ - မေမာတာ၊ နိစ္စံ - ရက္ခန္တု - မံသဒါ ။
ဂါထာတော် တစ်ပုဒ် လျှင် ၂၇ ခေါက်စီဖြင့် ရွတ်ဖတ်သရဇ္ဈယ်
ရပါမည်။စုစုပေါင်း ဂါထာတော် ၄ ပုဒ် ဖြစ်၍ အခေါက်ရေပေါင်း ၁၀၈ ခေါက်
စေ့အောင် ရွတ်ဖတ်သရဇ္ဈယ် ရပါမည်။ ထို့  ပြင် ထို ဂါထာတော် ၄ ပုဒ် ကို
၁၀၈ ခေါက် စေ့အောင် ရွတ်ဖတ်သရဇ္ဈယ် ရာ တွင် တထိုင်ထဲ နှင့် ( ဝါ )
ဣတ္ထိယာ ပုတ် တစ်ပါးထဲ နှင့် ပြီးစီးအောင် ရွတ်ဖတ်သရဇ္ဈယ် ရမည် ကို
အထူးသတိပြုပါလေ။

ဝေပုလ္လာ ရာမ ဆရာတော်
(မဟာ သဒ္ဓမ္မ ဇောတိကဓဇ)
ပြည်မြို့။

#by NwayLeL

ဆက်လက်ဖတ်ရှုရန်...