ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်



ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသခင် အထံမှာ ကမ္မဋ္ဌန်းကျင့်နည်းများကို တောင်းခံ ၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် လူသူကင်းရှင်းဆိတ်ငြိမ်ခြင်း ရှိသည့် နေရာတို့ကို ရွေးချယ် ၍ဘာဝနာ ကမ္မဋ္ဌန်း စီးဖြန်း ကြသူများ မှာ တစ်ခါတစ်ရံ စိတ်အားငယ်တတ် ကြသည် ။
တစ်ယောက်တည်း ဖြစ်နေသဖြင့် တုန်လှုပ် ချောက်ချား တရားမရနိုင်ဘဲ ကမ္မဋ္ဌန်း အာရုံ ပျက်စီးသူများ ဘုရားရှင် လက်ထက်တော်က ပေါ်ပေါက်ခဲ့ ဖူးလေသည်။
ထိုပုဂ္ဂိုလ် များအားလုံး အတွက် ဓဇဂ္ဂ သုတ်တော် ကို ရှင်တော် ဘုရားဟောကြား တော်မူလေသည် ။
ဓဇဂ္ဂသုတ် တော် ၏ အဓိပ္ပါယ် မှာ သိကြားမင်း နှင့် အသူရာနတ် တို့ စစ်ခင်းကြသော အခါ အသူရာတို့ က အင်အားကြီးမား လာ သဖြင့် နတ်စစ်သည် များကြောက်ရွံ့နောက်ဆုတ်ခဲ့ကြသည် ။
ထို နောက်ဆုတ်ကြောက်ရွံ့ နေသော နတ် စစ်သည်များကို သိကြားမင်း ကြီး က " မိမိ ၏ အောင်လံတံခွန် ထိပ်ဖျားကို ကြည့်ကြလော့ " ဟု ကြွေးကြော်လိုက်လေသည် ။ မိမိ ၏ အလံတော် ကို မမြင်ရပါက နတ်စစ်သူကြီး ပဇာပတိ ၏အလံတော်ထိပ်ဖျားကို ကြည့် ကြလော့ ။ သို့ မဟုတ် ဝရုဏ နတ်စစ်သူကြီး ၏ အလံတော်ကို ကြည့်ကြကုန်လော့ ။ သို့မဟုတ် ဤသာန စစ်သူကြီး၏ အလံတော် ကို ကြည့်ကြကုန်လော့ " ဟုကြွေးကြော် လိုက်ရာ .....နတ်စစ်သည်များသည် သိကြားမင်း၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ၊ နတ်စစ်သူကြီး ၃ - ပါး၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ကြည့်၍ တိုက်ခိုက်ရာ အသူရာ စစ်သားများ တပ်လန့်ရှုံးနိမ့်ပြီး သိကြားမင်း ၏ နတ်စစ်သည်များ အောင်ပွဲဆင်ခဲ့ ကြလေသည် ။
ယင်း အဖြစ်အပျက် ကို နမူနာယူ၍ ကမ္မဋ္ဌန်း တရားအားထုတ်လိုသူများ လည်း အားငယ်လာလျှင်၊ ကြက်သီးထလာပါလျှင် နတ်စစ်သည်များ သိကြားမင်း ၏ အလံ တော်ထိပ်ဖျား ကို ကြည့်၍ ရဲရင့် စိတ်သတ္တိ များပေါ်လာကာအောင် ရသကဲ့သို့ ....
ငါ ဘုရား၏ ဂုဏ် တော် ကိုးပါး တည်း ဟူသော ဘုရား အလံတော် ၊ဂုဏ် တော် ခြောက်ပါး တည်း ဟူသောတရား အလံတော် ၊ ဂုဏ် တော် ကိုးပါး တည်း ဟူသော သံဃာ့ အလံတော် များကို စိတ်တွင် ရည်ရွယ် မှန်းဆ ကြည်ညိုလိုက်ပါက ပေါက်မြောက်နိုင်လိမ့် မည် ဟု သိကြားမင်း ၏ အလံတော် နှင့် ဥပမာ တင်စားမြတ်စွာဘုရား ဟောတော်မူ သည့် အချိန်ကစ၍ ဓဇဂ္ဂ သုတ်တော် ဖြစ်ပေါ် ရွတ်ဆိုခဲ့ကြပါသတည်း ။

………………………………………………………………………

ဓဇဂ္ဂ သုတ်တော် ရွတ်ဖတ်ခြင်း ၏ အကျိုး
ဤသုတ်တော် ကို အမြဲ သရဇ္ဈာယ် ရွတ်ဖတ်နေသူ များမှာ ...ကြောက်ရွံ့အားငယ် စိတ်များ ကင်းကွာ သွားနိုင်ပါသည် ။ မကြာ ခဏ လန့်တတ်သူများ ၊ ကိုယ့်ကိုကိုယ် အထင်မကြီးသူများ အမြဲရွတ်ဖတ်ပေးပါက ရဲရင့်သော သတ္တိစိတ်များ ပွါးများလာနိုင်ပါသည်။ စာမေးပွဲ ဖြေမည့် သူများ လေးလေးစားစား ရွတ်ပါက အကျိုးထူးခံစားနိုင်ပါသည် ။

No comments: