ယက္ကန်းစင်တောင်ဆရာတော် ဘုရား ၏ ပုတီးစိပ်နည်း

သိဒ္ဓိဘဂဝါ အရဟံ ဗုဒ္ဓေါမေ သတ္တပါကာရံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
သိဒ္ဓိဘဂဝါ အရဟံ ဓမ္မောမေ သတ္တပါကာရံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သိဒ္ဓိဘဂဝါ အရဟံ သံဃောမေ သတ္တပါကာရံ သံဃံ သရဏံ ဂစ္ဆာမိ ။
( ပုတီး တစ်လုံးချ )

( နေ့စဉ် ၉ - ပါတ်ရအောင်စိပ်ပါ ။ ပို၍ စိပ်နိုင်လျှင် ပို၍ ကောင်းပါသည် )

ဆက်လက်ဖတ်ရှုရန်...

နမောငါးချက် စီးပွါးတက် ပုတီးစိပ်နည်း

နမော ငါးချက်ကို ပုတီးမစိပ်မီ သရဏဂုံ သုံးပါးကို ဦးစွာ ပုတီး ကိုးပတ်စိပ်ပါ ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ ) သုံးပတ်
ဓမ္မံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ ) သုံးပတ်
သံဃံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ ) သုံးပတ်
- နမော တဿ ( ပုတီး တစ်လုံးချ ) သုံးပတ်
- နမော တဿ ဘဂဝတော ( ပုတီး တစ်လုံးချ ) သုံးပတ်
- နမော တဿ အရဟတော ( ပုတီး တစ်လုံးချ ) သုံးပတ်
- နမော တဿ သမ္မာသမ္ဗုဒ္ဓဿ ။ ( ပုတီး တစ်လုံးချ ) သုံးပတ်
- နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။ ( ပုတီး တစ်လုံးချ ) သုံးပတ်



( နမော ငါးချက်ကို ကိုးရက် အဓိဋ္ဌာန်ပြု၍ စိပ်ပါက သိသိသာသာ ကောင်းကျိုးတရားများ ဖြစ်လာနိုင်ပါသည် ။)

ဆက်လက်ဖတ်ရှုရန်...

နမောတဿ ပုတီးစိပ်နည်း

၁ ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
၂ ။ ဝမ္မာတရဒ္ဓဂသမော အမ္ဗုဘတော နတောသဿဟဿ ။
၃ ။ သတော တမ္ဗု ဟဂနမ္မာ အဿဒ္ဓတောဝ မောသ ရဘဿ ။
၎ ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

( ၁၀၈ - လုံးပုတီး နှင့် တစ်နေ့ တစ်ပတ်စိပ် ၊ မိမိ ဆုံးရှုံးသွားသော ပစ္စည်းဥစ္စာ များ ပြန်တက်စေပါသည် ။ တစ်နေ့၃- ပတ် ၊ ၇ - ပတ် ၊ ၉ - ပတ် စိပ်နိုင်လျှင် ပိုကောင်းပါသည် ။ )

ဆက်လက်ဖတ်ရှုရန်...

အရဟံ ဂုဏ်တော် ပုတီးစိပ်နည်း

သော ဘဂဝါ ဣတိပိ အရဟံ ။
( ပုတီး တစ်လုံးချ ၊ တစ်ပတ်ရအောင် စိပ် )

သောဘဂဝါ ဣတိပိ အရ-ဟံ ။
( ပုတီး တစ်လုံးချ ၊ တစ်ပတ်ရအောင် စိပ် )

သောဘဂဝါ ဣတိပိ အ-ရဟံ ။
( ပုတီး တစ်လုံးချ ၊ တစ်ပတ်ရအောင် စိပ် )

(ဖော်ပြပါ အရဟံ ပုတီးဂုဏ်တော်ပုတီးစိပ်ကို မိမိအဓိဋ္ဌာန် မိမိအစီအစဉ်ဖြင့် စိပ်နိုင်ပါသည် ။ တစ်ခုလျှင် ( ၁၀ ) ရက်ကျစီ စသည်ဖြင့် သတ်သတ်မှတ်မှတ် စိပ်နိုင်ပါသည် ။ )

ဆက်လက်ဖတ်ရှုရန်...

သရဏဂုံ နှင့် အရဟံ ဂုဏ်တော်ပုတီးစိပ်

သရဏဂုံ နှင့် အရဟံ ဂုဏ်တော်ပုတီးစိပ်
( တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ )



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
ဓမ္မံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
သံဃံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ( ပုတီး တစ်လုံးချ )

(ဤပုတီးစိပ်နည်းကို( ၃ )လတိတိစိပ်ရမည် ။ ရက်ဆက်စိပ်ရမည် ။ တစ်နေ့ပုတီးဘယ်နှစ်ပါတ်ဟူ၍ ကန့်သတ်ခြင်းမရှိ ။ မိမိ အဓိဋ္ဌာန် ၊ မိမိ အစီအစဉ်ဖြင့် သင့်သလို စိပ်နိုင်ပါသည် ။)

ဆက်လက်ဖတ်ရှုရန်...

ရှင်အရဟံ ပုတီးစိပ်နည်း

( ၁ ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
( ၂ ) ဓမ္မံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
( ၃ ) သံဃံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
( ၄ ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
( ၅ ) အနန္တံ ဗလဝံ ဗုဒ္ဓံ ၊ အနန္တံ ဂေါစရံ ဓမ္မံ ၊ အနန္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိမုတ္တမံ ။

( ဂုဏ်တော် ဆုံးမှ ပုတီးတစ်လုံးချ ၊ နေ့စဉ် သက်စေ့ မိမိ အသက်၃၀ ဆိုလျှင် ပုတီးအလုံး ၃၀ စိပ်ပါ ။ အသက်ရှည်ခြင်း ၊ ဘေးကင်းခြင်း ၊ ဘုန်းတန်ခိုးကြီးခြင်း များဖြစ်စေပါသည် )

ဆက်လက်ဖတ်ရှုရန်...

အနန္တော အနန္တ ငါးပါး ပုတီးစိပ်နည်း

ဗုဒ္ဓ ဂုဏော အနန္တော၊
ဓမ္မ ဂုဏော အနန္တော၊
သံဃ ဂုဏော အနန္တော၊
မာတာပိတု ဂုဏော အနန္တော၊
အာစရိယ ဂုဏော အနန္တော၊
နမော ဗုဒ္ဓါယ သိဒ္ဒံ ။
( ပုတီး တစ်လုံးချ )

(ဤပုတီးစိပ်နည်းကို မိမိနှစ်သက်သလို ၃ ပါတ် ( သို့ ) ၅ ပါတ် အဓိဋ္ဌာန်ပြု၍ စိပ်ပါက သိသိသာသာ ကောင်းကျိုးတရားများ ဖြစ်လာနိုင်ပါသည် ။ )

ဆက်လက်ဖတ်ရှုရန်...

ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း

သောဘဂဝါ ဣတိပိ အရဟံ - တစ်ပတ်
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ - တစ်ပတ်
သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော - တစ်ပတ်
သောဘဂဝါ ဣတိပိ သုဂတော - တစ်ပတ်
သောဘဂဝါ ဣတိပိ လောကဝိဒူ - တစ်ပတ်
သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဓမ္မသာရတ္ထိ - တစ်ပတ်
သောဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ - တစ်ပတ်
သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ - တစ်ပတ်
သောဘဂဝါ ဣတိပိ ဘဂဝါ - တစ်ပတ်
သောဘဂဝါ ဣတိပိ အရဟံ - တစ်ပတ်

ဆက်လက်ဖတ်ရှုရန်...

ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်း

အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ဝိဇ္ဇာစရဏသမ္ပန္နော ၊ သုဂတော ၊ လောကဝိဒူ ၊ အနုတ္တရော ပုရိသ ဓမ္မသာရတ္ထိ ၊ သတ္ထာဒေဝ မနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂဝါ ။

( ဂုဏ်တော်တစ်ပါး ကို ပုတီးတစ်လုံးချ စိပ်ပါ ။ မိမိလိုအင်ဆန္ဒ ကို အဓီဋ္ဌာန်ပြု၍ တစ်နေ့ ( ၃ ) ပါတ် ၊ ( ၅ )ပါတ် ၊ ( ၉ ) ပါတ် စိပ်ပါ )
……………………………………………………………………….

ဆက်လက်ဖတ်ရှုရန်...

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) သို့ ပေးစာများ ( ၂ )


ကြည်ညိုရိုသေစွာ ဖြင့်လျှောက်ထားအပ်ပါတယ် ဘုရား

တပည့်တော်သည် ဝိပဿနာတရားတော်မြတ်ကို အားထားယုံကြည်သူဖြစ်ပါတယ် လက်တွေ့လည်း ကျင့်ပွါးနေပါတယ် ဒါပေမဲ့ တပည့်တော်ဟာ တရားနာတဲ့ အမှုမှာတော့ အားနည်းပါတယ်

တပည့်တော် နာဖူးသော တရားတို့မှာလည်း တပည့်တော်စိတ်မှာ နှစ်သက်ခြင်း မရှိလို့မနာဖြစ်ခဲ့ပါ နောက်အကြောင်းတစ်ခုမှာလည်း နေ့စဉ်ပရိတ်တော်များ ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်း ၊စီးပွါးရေး လူမှုရေး လုပ်ရခြင်း အားလပ်ချိန် တီဗီကြည့်ခြင်း စာဖတ်ခြင်း ဖြင့် ငါ့မှာ တရားကို ထိုင်ပြီးနာဖို့ အချိန်မရှိပါဘူး လို့ သတ်မှတ်ပြီးတရားမနာဖြစ်ခဲ့ပါဘူး ဘုရား

ကိုယ့်ဘာသာလည်း တရားနာတာနဲ့ တရားစာပေ ဖတ်ရှူတာဟာ အတူတူပါပဲ စာအုပ်ကမှ နေရာမရွေး၊ အချိန်မရွေး ဖတ်လို့ရတယ် ပြန်စဉ်းစားချင်ရင် သုံးသပ်ချင်ရင်လည်း ခဏပိတ်ထားလို့ ရတယ် ကက်ဆက်ကမှ မီးလာမှ ပြန်ရစ်ရမှ နဲ့ ဝန်ကျယ်တယ်လို့ ဆုံးဖြတ်ပြီးတရားမနာ ဖြစ်ခဲ့ပါဘူး

အရှင်ဘုရား ရဲ့ တရားတော်များနဲ့ ထိတွေ့တာကတော့ မိတ်ဆွေက ငှါးလို့ " အရှုတ်ထဲမှာ ရှင်းအောင်နေ " အခွေကို စနာဖူးပါတယ်။ သာမန်ကာ ရှန်ကာပဲ နာဖြစ်လိုက်ပါတယ်။ စိတ်ထဲမှာစွဲမသွားဘူး ထိမသွားဘူး မကြာခင်မှာ အရှင်ဘုရား ရဲ့ " အရှုတ်ထဲမှာ ရှင်းအောင်နေ " ဆိုတဲ့ စာအုပ် ထွက်လာပါတယ်။ လူပြောလည်းများတာ နဲ့ ကိုယ်ပိုင်ဝယ်ပြီး ဖတ်ပါတယ် ဖတ်တယ် စဉ်းစားတယ် underline တားထားတယ် နည်းနည်းသဘောကျလာပါတယ်။ ဘဝ ဆိုတဲ့ ကျောင်း စာအုပ်ထွက်တော့ ပိုသဘောကျသွားပါတယ် နောက်ဆို အရှင်ဘုရား ရဲ့ စာအုပ်ထွက်တိုင်း ဝယ်သိမ်းထားပါတယ် သူများကို လက်ဆောင်ပေးပါတယ်။ တပည့်တော် ဟာ အရှင်ဘုရားရဲ့ တပည့်ရင်းတစ်ဦး ဖြစ်သွားပါပြီ အရှင်ဘုရား ကို မဖူးဘူးပေမဲ့ ကိုယ့်ကို အမြဲဆုံးမတဲ့ ဆရာ ရင်းလို့ ပဲ နှလုံးသွင်းပါတယ်။ မေတ္တာလည်း ပို့ပါတယ် ဘုရား သတိ နဲ့ နေတဲ့ အကျင့်ကိုလည်း လေ့ကျင့်မွေးမြူပါတယ်။

အရှင်ဘုရား စာအုပ်တွေထဲက တချို့စာပိုဒ်တွေဟာ စိတ်ထဲမှာ စွဲထင်ပြီး အလွတ်ရနေပါတယ်။ ရံဖန်ရံခါ စိတ်အနှောက်အရှက် ဖြစ်ရတဲ့ အခါများမှာ ဆေးတစ်ခွက် ဖြစ်ရပါတယ်။ ဥပမာ - ဘယ်သူမှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ ကိုယ့်စိတ်ထဲမှာကြမ်းတမ်းတဲ့ စိတ်တွေ မဖြစ်စေနဲ့ ဆိုတဲ့ စကားဟာ စိတ်ဘဝင်မကျစရာ ကိစ္စကြုံလို့ စိတ်လှုပ်ရှားနေတုန်းမှာ ဖြတ်ခနဲ သတိရလိုက်ရင် ဖြစ်နေတဲ့ ဖြစ်လာတဲ့ ဒေါသမုန်တိုင်းဟာ ရုတ်တရက် ငြိမ်ကျသွားတတ်ပါတယ်။ သူ ဘာပဲဖြစ်ဖြစ် ငါ့စိတ်ထဲမှာ အကုသိုလ် မဖြစ်အောင် ငါအေးချမ်းအောင်ပဲ နေပါမယ်လို့ ဆင်ခြင် နှလုံးသွင်း လိုက်မိတယ် တစ်ခါတလေတော့လည်း အကုသိုလ်ဝေ ဖြစ်တော့မယ် ဖြစ်တော့မယ် နဲ့ ဖြစ်မှာကို သိလျက်သားနဲ့ ငါ့အကြောင်းတော့ ပြအုံးမှ နို့မို့ရင် ငါ့ကို အတုံး အအ ထင်နေမယ် အစွမ်းအစမရှိ အောင်းမေ့ နေမယ် ဆိုပြီး တမင်စိတ်ကို လွှတ်ပေးတဲ့ အခါရှိပါတယ် ဒါပေမယ့် နည်းပါတယ် ဘုရား

" ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ " စာအုပ်ထဲက ( တခြားစာအုပ်တွေမှာ လည် ပါဖူးပါတယ် ) ကိုယ့်ကို ဒုက္ခပေးတာ သူများမဟုတ်ဘူး ကိုယ့်စိတ်ပဲ ဆိုတဲ့ အဆုံးအမ ကို အရမ်းနှစ်သက်သွားပါတယ် အင်မတန် မှန်လိုက်တာလို့လည်း ဆင်ခြင်မိပါတယ်။ ဒီတရားပိုဒ်ကလေး က တပည့်တော်မှာ " လက်ကိုင်တစ်ခု " သို့မဟုတ် "ဖြေဆေးတစ်ခု " ရလိုက်သလို ပါပဲ အဆင်မပြေ ကြုံတဲ့ အခါများမှာ ငါ့စိတ်က ငါ့ကို ဒုက္ခပေးနေတာ ငါ့စိတ်မထားတတ်လို့သာပဲ လို့ ဖြေယူနိုင်နေပါပြီ

ပြီးတော့ ခုတပည့်တော် တရားလည်း နာနေပါပြီ ဘုရား ကက်ဆက်ကို ထမင်းစားခန်းထဲ ရွှေ့ထားလိုက်ပါတယ်။ မနက်စောစော ကော်ဖီသောက်ချိန် နေ့လည်စာ ညနေစာ စားတဲ့ အချိန်တွေမှာ အလျဉ်းသင့်သလို တရားနာပတယ်။ အစားတစ်ခါ စားရင် ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် ကြာတော့ စားရင်းနဲ့ပဲ တရားနာလိုက်ပါတယ်။ တရား နာချိန်ကို ရှာယူတတ် သွားပါပြီ အရှင်ဘုရား ရဲ့ တရားခွေ တော်တော်များများကို လည်း နာပြီးပါပြီ။ စားပြီးတဲ့ အချိန် ကက်ဆက်ကိုပိတ်ပြီး သွားစရာ လုပ်စရာ ကို ဆက်လုပ်၊နောက်တစ်ခါစားချိန်မှာ တစ်ခါဖွင့်ပြီး ရောက်တဲ့နေရာ က ဆက်နာပါတယ် အခုတော့ အရှင်ဘုရား ရဲ့ တရားတော်တွေကို ဖတ်လည်းဖတ် နာလည်းနာ နိုင်ပါပြီ ဘုရား

တပည့်တော်ဟာ ဒေါသကြီးပါတယ်ဘုရား ဒါပေမဲ့ အခု သတိနဲ့ နေလာတဲ့ အခါ အလေ့အကျင့်ကြောင့် အလေ့အထဖြစ်လာပြီး ဒေါသဟာ ဖြစ်ကြောမရှည်တော့ပါဘူး။ ဒေါသ ဖြစ်လာရင် ဖြစ်လာမှန်း သိပြီး ဆင်ခြင်လိုက်ပါတယ်။ ဒေါသ ဟာ ပေါက်ကွဲတဲ့ အဆင့်ထိ မရောက်တော့ပါဘူး

ပစ္စုပ္ပန် လက်ရှိဘဝမှာရော သံသရာ အတွက်ပါ စိတ်ချမ်းသာအောင် နေတတ်ဖို့ အရှင်ဘုရား ရဲ့ ဆုံးမ ညွှန်ပြမှုကို ခံယူရတဲ့ အတွက် အရှင်ဘုရား ကို ကျေးဇူးတင် ဦးခိုက် ကန်တော့ပါတယ် ဘုရား အရှင်ဘုရား ကိုယ် စိတ်နှစ်ပါး ချမ်းသာပါစေ ဘုရား ဒီစာ ကို ဝါကျွတ် ကန်တော့ပန်း အဖြစ်ရေးလိုက်ပါတယ် ဘုရား

တပည့်

* ( နံမည် နှင့် နေရပ်ကို ချန်ထားခဲ့ပါသည် )

ဒကာကြီး မေတ္တာပို့တာကို ဝမ်းမြောက်ဝမ်းသာ ခံယူပါတယ်။

ဆက်လက်ဖတ်ရှုရန်...

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) သို့ ပေးစာများ ( ၁ )


တကယ်တော့ ဘုရားစာ တွေသာ တင်မယ် လို့ စိတ်ကူးမိပေမယ့် ဆရာတော်ထံ ပေးစာများ ကို ဖတ်မိပြီး သူတို့နည်းတူ စိတ်အေးချမ်းမှူ ကို ခံစားရပြီး ဆရာတော် အပေါ် လည်း အရင့် အရင် ထက် ပိုမို ကြည်ညို လေးစား ၊ ဆရာတော် ရဲ့ တရားတွေ ကို လည်း ကြည်နူးစိတ်နဲ့ ပိုမို ဖတ်ရှူ မိပါတယ်။ ကျွန်မ ရဲ့ ထို ကုသိုလ်စိတ်ကို ဝေမျှလို တဲ့ အတွက် ဤဆရာတော် ထံပေးစာ တချို့ ကို ဒီဘလော့ မှာ တင်မိပါတယ်။

ကြည်နူးစိတ် နဲ့ ကုသိုလ်ယူနိုင်ကြပါစေ ။

……………………………………………………………………………………..

ကျေးဇူးရှင်ဆရာတော် ဘုရား

ဆရာတော် ပေးသောအသိပညာများကို ကြိုးစားလေ့လာသင်ယူ နေကြတဲ့ တပည့်များထဲမှ တပည့်တစ်ဦးရဲ့ သီတင်းကျွတ် ကန်တော့ပန်းပါ ဘုရား

တပည့်တော် အရင်က သံတောင်မြို့သစ်မှာ / မူပြလုပ်ပါတယ် ဘုရား ဝါသနာပါ ပျော်မွေ့ပေမဲ့ နှစ်လုပ်ပြီးနှုတ်ထွက်ခဲ့ပါတယ် ဘုရား။ ၁၉၉၃ ခု ဖေဖော်ဝါရီလ ထဲမှာ စပြီးဈေးရောင်းခြင်းအလုပ်ကို ရွေးချယ်ခဲ့ရပေမဲ့ ဝါသနာ မပါပါဘူး။

ငါးနှစ်ကြာကာလအထိ အခက်အခဲပြဿနာ ကြီးကြီးမားမား မတွေ့ခဲ့ရပါဘူး ဝါသနာမပါပေမဲ့လည်း စမိတာအတူတူ ကိုယ်လုပ်တဲ့ အလုပ်ကို ပုံပေါ်အောင် အခြေတည်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ကျနိုင်ချိန်မှာ ဈေးသဘာဝ ဈေးပညာတွေနဲ့ ကြုံတွေ့ရတော့တာပါပဲ ဘုရား။ ဝါသနာမတူ စရိုက်မတူတဲ့ ပတ်ဝန်းကျင် မှာ ပဋိပက္ခတွေ အများကြီး တွေ့ပြီး အရမ်းပင်ပန်း ဆင်းရဲခဲ့ပါတယ် ဘုရား။

စပြီး စိတ်ဆင်းရဲမှုကြုံတွေ့တဲ့ အချိန်မှာဘဲ ဆရာတော်ရဲ့ " အရှုပ်ထဲမှာ ရှင်းအောင်နေ " စာအုပ်ကို အသိအိမ်မှာတွေ့လို့ ငှါးခဲ့ပါတယ်။ စာအုပ်ရဲ့ အမည်ကို စိတ်ဝင်စားမိပြီး အထဲမှာရေးထားတဲ့ အကြောင်းအရာကို သိချင်တာကြောင့်ပါ ဘုရား ဖတ်ပြီးတော့ နှစ်သက်သဘောကျမိပြီး ထွက်ပြီးသမျှ စာအုပ်များကို ရှာဝယ်လိုက်ပါတယ်။ ဆရာတော်ရဲ့ စာအုပ်တွေ ဖတ်ခွင့်ရတာ တပည့်တော် အရမ်းကံကောင်းပါတယ် ဘုရား

တပည့်တော် စိတ်ထဲမှာ အရမ်းပူလောင်နေခဲ့တာပါဘုရား ဒေါသတွေ မာနတွေ အခါအားလျှော်စွာပဲ မနာလိုစိတ်တွေနဲ့ပေါ့ ဘုရား။

သူတို့ဘဝ ကောင်းကျိုးချမ်းသာရဖို့တော့ ကိုယ့်မှာ စိတ်ရော ကိုယ်ပါ ကူညီခဲ့ရတယ် ကိုယ့်ကျတော့ ပြန်မသိတတ်ဘူး။ ကျေးဇူးကန်းပြီး အကောက်တောင် ကြံသေးတယ် ပြိုင်လိုက်သေးတယ် နဲ့ တွေးပြီးရွံမုန်းရင်း ပူလောင်နေခဲ့ပါတယ် ဘုရား။ မပေါင်းအပ် မပေါင်းသင့်သူတွေကို ပေါင်းမိတာပဲ လို့တွေးပြီး စိတ်ဆင်းရဲနေတာလည်းပါပါတယ် ဘုရား

ဟန်ဆောင်စကားပြောဆက်ဆံနေရတာကိုလည်း မလိုချင်ဘူး အဲဒါနဲ့ တပည့်တော် အဆက်ဖြတ်လိုက်တယ် ။ဒါပေမဲ့ ဆိုင်ချင်းကပ်နေတော့ မတွေ့ချင် မြင်လျက်သားပေါ့ ဘုရား မြင်တိုင်း ကြားတိုင်း မုန်းတယ် ဒေါသ ထွက်တယ် နေ့စဉ် ပူနေရတော့တာပေါ့ ဘုရား ကြာတော့ တပည့်တော် စိတ်ပန်းပြီး လူလည်း ခဏခဏ ဖျားတယ် အကျင့်ပျက်လို့ ဘုရား

မကောင်းစိတ်တွေပါလားလို့ သိပြီးဖျောက်ပေမဲ့ ထိန်းချုပ်ပေမဲ့ လည်း မနာလိုစိတ်တွေ က သူ့ဘာသာ ရှိရှိလာပါတယ်။ အဲဒီစိတ်တွေ ရှိလာတာကိုလည်း မကြိုက်ပါဘူး ဘုရား ကိုယ့်အကျင့်တွေ ပုတ်လာမှန်းသိပေမဲ့ ဖျောက်တာ ဖျောက်လို့ မရဘူး ဖြစ်နေပါတယ် စိတ်ကောင်းရှိချင်ပေမဲ့ မကောင်းစိတ်တွေပဲ ရောက်နေတယ် အဲဒီ စိတ်နှစ်ခုကြားမှာ လွန်ဆွဲရုန်းကန်နေရတာ အရမ်းပင်ပန်းပါတယ် ဘုရား

တပည့်တော် ရတနာ သုံးပါးကိုယုံကြည်ပါတယ် သိတတ်စ အရွယ်ထဲကပဲဘာသာတရား ကိုင်းရှိုင်းပေမဲ့ တစ်ခါ မှ တရားမထိုင်ဖူးဘူး သတိပဋ္ဌာန် အကြောင်းလည်း မသိပါဘူး ဘုရား မသိတော့ကိုယ့်စိတ်ကိုလည်း မကြည့်တတ်နဲ့မို့ အရမ်း စိတ်ဆင်းရဲ ရပါတယ် ဘုရား။

သတိတရားနဲ့ နေမှ စိတ်ချမ်းသာမှာပါလား ဆိုတာ ဆရာတော် စာအုပ်တွေ ဖတ်ရင်း သိခွင့်ရခဲ့ပါတယ် အဲဒါနဲ့ တပည့်တော်လည်း ဆရာတော်စာအုပ်တွေ ဖတ်လိုက် တရားစခန်းဝင်လိုက်နဲ့ လုပ်ရပါတော့တယ်။ ဆရာတော် ရဲ့စာအုပ်တွေ က အထောက်အပံ့ အများကြီးပေးပါတယ် ဘုရား။

အခုတပည့်တော် ရန်သူတွေအပေါ်ကို ကျေးဇူးတင်တတ်ပါပြီ ဘုရား။ သူတို့တွေနဲ့ အဆင်မပြေလို့ စိတ်ပူလောင်ဆင်းရဲရတဲ့ ဒဏ်ကို မခံနိုင်လွန်းလို့ အေးချမ်းရာရှာဖို့ ဒီတရားကို အားထုတ်ဖြစ်တာပါ ဘုရား အားလုံးသာ အဆင်ပြေနေရင် တပည့်တော် နည်းလမ်းလည်းရှာမှာ မဟုတ်လို့ ဘာမှလည်းသိမှာမဟုတ်ပါဘူး ဘုရား။

အရင်ကဆိုဘဝ ရဲ့ ရည်ရွယ်ချက် အောင်မြင်မှု ပျော်ရွှင်မှု အစစ်အမှန်ရဲ့ အဓိပ္ပါယ်ကို တွေးမိတိုင်း အဖြေမရခဲ့ပါဘူး ဆရာတော် ပြောပြမှ တပည့်တော် သိလိုတဲ့ အဖြေကို သိရပါတယ် ဘယ်လိုနည်းနဲ့ ရယူနိုင်တယ် ဆိုတာကိုပါ သိခွင့်ရခဲ့ပါတယ် ဘုရား ဘယ်လိုပြုပြင်ရမယ် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းမသိရင် - မသိတော့ ဘာမှမလုပ်တတ်ပါဘူး ဘုရား

ဆရာတော်ပေးတဲ့ နည်း အသိပညာတွေဟာ အများကြီးတန်ဖိုးရှိပါတယ် ဘုရား။ လောကဓံကို တရားအသိနဲ့ ရင်ဆိုင်နိုင်အောင် စိတ်ကောင်းရှိဖို့ စိတ်ချမ်းသာစွာနေတတ်အောင် ကျေးဇူးတင်တတ်အောင် မေတ္တာထားတတ်အောင် အများကြီးပဲ သင်ပေးပါတယ် ဘုရား။

အခု တပည့်တော် ဘဝအတွက် အရေးပါတဲ့ သူတွေကို အရင်ကထက် ပိုတန်ဖိုးထားရမှန်းသိလာပါတယ်။ အရေးမကြီးတဲ့သူတွေကိုလည်း အဆင်ပြေအောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာပါတယ် ဘုရား။ အရေးကြီးတာ မကြီးတာ ခွဲထုတ်တတ်လာပြီး ၊ အရင်လို နေရာတကာ ဝင်မပါတော့ပဲ နေတတ်လာပါပြီ ။ လူမုန်းမခံရတော့ဘူးပေါ့ ။

တပည့်တော် လေးနှစ်ခွဲသမီး အရွယ်ထဲက မိခင်ဆုံးပါးခဲ့ပြီး (၇) နှစ်အရွယ်ကျတော့ နောက်မေမေ ရပါတယ် ဘုရား ။ တပည့်တော် က မာနကြီးဒေါသကြီး ပြီး အင်မတန် ဂျစ်တူးကျတဲ့ သူပါ ဘုရား ။ ထမင်းစားတိုင်း ဟင်းကို စိတ်ကြိုက်ပုံစံ ချက်ထားတာမဟုတ်ရင် အမြဲလို စိတ်ကောက်ပြီး ပညာပြ ဂျစ်တူးကျပါတယ် ဘုရား ။ အခုမေတ္တာပို့ရင်း ကျေးဇူးတင်ရင်း စားတော့ ထမင်းစားရတာ ပျော်စရာကောင်းသွားပါတယ် ဘုရား ။ သူ့ဘက်ကို ပိုတွေးပေးပြီး ကိုယ်ချင်းစာတတ်လာပါတယ် ဘုရား ။

အရင်ကမသိခဲ့တာတွေ သိလာတတ်လာရပြီး ကောက်ချက်ချလိုက် အမှားတွေ ပြင်လိုက် နဲ့ အဆင်ပြေပါပြီ ဘုရား ။ နည်းပညာ အသစ်တွေနဲ့ ကြိုးစားပြီး လောကဆက်ဆံရေးထဲ ဝင်ရတာ ကျေနပ်စရာ ပျော်စရာ ကောင်းပါတယ် ဘုရား။ ကိုယ်ကြိုးစားလုပ်သမျှတွေကြောင့် ရလာတဲ့ လုပ်အားခတွေကို တွက်ရတာလည်းတွေးမိတိုင်း ပျော်ပါတယ် ဘုရား။ စိတ်ခံစားမှုနဲ့ အလျှင်းသင့်တဲ့ စာကြောင်းတွေ ခေါင်းထဲဝင်လာပြီး သူ့ နေရာ နဲ့ သူ အံဝင်ခွင်ကျ ဖြစ်နေတယ် ။ ကိုယ့်စိတ်ကို ဆုံးမလို့ရတာ များလာပါတယ် ။ အရာရာကို သတိလေးနဲ့ ကြည့်ပြီးနေတတ်အောင် ကြိုးစားနေပါတယ် ဘုရား ။

တပည့်တော်နေ့စဉ် ပုံမှန် မနက်တစ်နာရီ ညနာရီဝက် နေ့လည် ( တစ်နာရီ မှသုံးနာရီ ကြား ) ရသလို အဆင်ပြေသလို တရားထိုင်ပါတယ် ဘုရား ။ ကျန်အချိန်တွေကို လည်း သူ့အချိန် နဲ့ သူ သတ်မှတ်ခွဲဝေထားပါတယ် ။ သတိကပ်ဖြစ်အောင်ကြိုးစားပါတယ် ဘုရား။

ဆရာတော် ရဲ့ စာအုပ်တွေက တပည့်တော် ကို ( စား - ဝတ် - နေ ) နည်းတတ်အောင် သေသေချာချာ စိတ်ရှည်ရှည် နဲ့ နည်းစုံစွာ သွန်သင်ပြသပေးတဲ့ အနီးကပ် ဆရာပါဘဲ ဘုရား။

တပည့်တော် ဘဝအသိအမြင်တွေ အများကြီးရပါပြီ ဘုရား ။

ဆရာတော် စိတ်ချမ်းသာခြင်း ၊ ကိုယ်ချမ်းသာခြင်း ပြည့်စုံစွာဖြင့် တရားအရာမှာ ပြီးမြောက်အောင် စွမ်းဆောင်နိုင်ပါစေ ။

ဆရာတော် ၏ ကျေးဇူးဂုဏ်ကို ရည်မှန်းကန်တော့လျက်ပါ ဘုရား ။

တပည့်

(.....)

* ( အမည် နှင့် နေရပ်ကို ချန်ထားခဲ့ပါသည် )

ဆက်လက်ဖတ်ရှုရန်...

ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း

ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းရပါစေသား။
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကိုမျက်မှောက်ပြုရပါစေသား ။
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

ဆက်လက်ဖတ်ရှုရန်...

ပဌာန်းပစ္စယုဒ္ဒေသပါဠိ

ပဌာန်းပစ္စယုဒ္ဒေသပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဟေတုပစ္စယော ၁၃။ ကမ္မပစ္စယော
၂။ အရမ္မဏ ပစ္စယော ၁၄။ ဝိပါကပစ္စယော
၃။ အဓိပတိပစ္စယော ၁၅။ အာဟာရပစ္စယော
၎။ အနန္တရပစ္စယော ၁၆။ ဣန္ဒြိယပစ္စယော
၅။ သမနန္တရပစ္စယော ၁၇။ ဈာနပစ္စယော
၆။ သဟဇာတပစ္စယော ၁၈။ မဂ္ဂပစ္စယော
၇။ အညမညပစ္စယော ၁၉။ သမ္ပယုတ္တပစ္စယော
၈။ နိဿယပစ္စယော ၂ဝ။ ဝိပ္ပယုတ္တပစ္စယော
၉။ ဥပနိဿယပစ္စယော ၂၁။ အတ္ထိပစ္စယော
၁ဝ။ ပုရေဇာတပစ္စယော ၂၂။ နတ္ထိပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော ၂၃။ ဝိဂတပစ္စယော
၁၂။ အာသေဝနပစ္စယော ၂၄။ အဝိဂတပစ္စယောတိ။
ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

၁။ ဟေတုပစ္စယော တိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမ္ပယုတ္တကာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
၂။ အာရမ္မဏပစ္စယောတိ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စရေန ပစ္စယော။ သဒ္ဒါယသတနံ သောတဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေနပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗယတနံ မနော ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။ သဗ္ဗေဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စေယေန ပစ္စယော။
ယံယံဓမ္မံ အာရဗတ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။
၃။ အဓိပတိပစ္စယောတိ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီရိယာဓိပတိ အဓိပတိပစ္စယေန ပစ္စယော။ ဝီရိယာ ဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီမံသာ ဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာ နဉ္စရူပါနံ အဓိပတိ ပစ္စယေန ပစ္စယော။
၎။ အနန္တရပစ္စယောတိ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနော ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံ သမ္ပာယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိဘာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဇိဝှာဝိညာစဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ကာယဝိဘာဏဓာတု တံသမ္ပယုတ္တကာ စဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မ၊ တေ တေ ဓမ္မာ တေသံတေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၅။ သမနန္တရပစ္စယောတိ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပဇ္ဇန္တိ စိတ္တဟေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၆။ သဟဇာတပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။ အရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဥ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊ ကိဥ္စိကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။
၇။ အညမညပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အညမည ပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမည ပစ္စယေန ပစ္စယော။ သြက္ကန္တိက္ခဏေ နာမရူပံ အညမည ပစ္စယေန ပစ္စယော။
၈။ နိဿယပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ယံရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာ စ မနော ဝိညာဏ ဓာတုယာစ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ နိဿယပစ္စယေန ပစ္စယော။
၉။ ဥပနိဿယပစ္စယောတိ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ဥတုဘောဇနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
သေနသနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
၁ဝ။ ပုရေဇာတပစ္စယောတိ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စစ ဓမ္မနံ ပုရေဇာတပစ္စယေန ပစ္စယော။ မနော ဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိ ကာလေန ပုရေဇာတပစ္စယေန ပစ္စယော။
၁၁။ ပစ္ဆာဇာတပစ္စယောတိ ပစ္ဆာဇာတ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတ ပစ္စယေန ပစ္စယော။
၁၂။ အာသေဝနပစ္စယောတိ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝန ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ အာသေဝန ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာ ဗျာကတာနံ ဓမ္မာနံ အာသေဝန ပစ္စယေန ပစ္စယော။
၁၃။ ကမ္မပစ္စယောတိ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
၁၄။ ဝိပါကပစ္စယောတိ ဝိပါကာ စတ္တာရော ခန္ဓာအရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။
၁၅။ အာဟာရပစ္စယောတိ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
၁၆။ ဣန္ဒြိယပစ္စယောတိ စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၁၇။ ဈာနပစ္စယော တိ ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။
၁၈။ မဂ္ဂပစ္စယော တိ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။
၁၉။ သမ္ပယုတ္တပစ္စယောတိ စတ္တာရော ခန္ဓာအရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။
၂ဝ။ ဝိပ္ပယုတ္တပစ္စယောတိ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
၂၁။ အတ္ထိပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ အတ္ထိပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာ စ မနော ဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၂၂။ နတ္ထိပစ္စယောတိ သမနန္တရ နိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တာစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။
၂၃။ ဝိဂတပစ္စယောတိ သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တာစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။
၂၄။ အဝိဂတပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ အဝိဂတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာ စ မနော ဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ပစ္စယနိဒ္ဒေယော နိဋ္ဌိတောမဟာသမယသုတ်ပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗဒ္ဓုဿ
သတေဟိ ပဉ္စမတ္တေဟိ၊ ခီဏာသဝေဟိ ကေဝလံ။
ဘိက္ခူဟိ ဘူပဝံသေဟိ ၊ သတ္ထာဇိနော ပရိဝုတော။
သက္ကေ ကပိလဝတ္ထုသိံ္မ၊ ဆာယာရမ္မေ မဟာဝနေ။
သမန္တတော သဟေဿဟိ၊ စက္ကဝါဠေဟိ ဒသဟိ။
အာဂမ္မ သန္နိသိန္နာနံ ၊ ဒေဝါနံ ယ မဒေသယိ။
အာယုဒီဃကရံ သဗ္ဗ - သမ္ပတ္တိသာဓကံ ဝရံ။
သုဒ္ဓါဝါသပ္ပဘူတီဟိ ၊ ဒေဝေဟိ ပဋိနန္ဒိတံ။
သဗ္ဗရောဂဘယုဂ္ဃါတံ ၊ သမယံ တံ ဘဏာမဟေ။
နိဒါန်း
ဧဝံ မေ သုတံ-ဧကံ သမယံဘဂဝါ သက္ကေသု
ဝိဟရတိ ကပိလတ္ထု သိံ္မ မဟာဝနေ မဟတာ
ဘိက္ခုသံဃေန သဒိံ္ဓပဉ္စမတ္တေဟိ သိက္ခု သတေဟိ
သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောက
ဓာတူဟိ ဒေဝတာ ယေဘုယျန သန္ဗိပတိတာ
ဟောန္တိ ဘဂဝန္တံ ဒဿနာယ ၊ ဘိက္ခုသံဃဉ္စ၊ အထခေါ စတုန္နံ သုဒ္ခါ ဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ ''အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသိံ္မ
မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒိံ္မ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ
သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိစ
လောကဓာတူဟိ ဒေဝတာ ယေဘုယျေန
သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ
ဘိက္ခုသံဃဉ္စ ၊ ယံနူန မသမ္ပိ ယေန ဘဂဝါ
တေနုပင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော
သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာ''တိ။
အထခေါ တာ ဒေဝတာ သေယျထာပိ နာမဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ
ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ၊ ဧဝမေဝ သုဒ္ခါ ဝါသေသု ဒေဝေသု အန္တရဟိတာ ဘဂဝတော ပုရတော ပါတုရဟေသုံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။
ဧကမန္တံ ဌိတာ ခေါ ဧကာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ
''မဟာသမယော ပဝနသိံ္မ၊
ဒေဝကာယာ သမာဂတာ။
အာဂတ' မှ ဣမံ ဓမ္မသမယံ၊
ဒက္ဓိတာယေ အပရာဇိတသံဃ'' န္တိ။
၂။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ
''တတြ ဘိက္ခဝေါ သမာဒဟံသု၊
စိတ္တ၊ မတ္တနော ဥဇုကံ အကံသု။
သာရထီဝ နေတ္တနိ ဂဟေတွာ၊
ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ''တိ။
၃။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တကေ ဣမံ ဂါထံ အဘာသိ
''ဆေ တွာ ခီလံ ဆေတွာ ပလိဃံ၊
ဣန္ဒခီလံ ဦဟစ္စ မနေဇာ။
တေ စရန္တိ သုဒ္ဓါ ဝိမလာ၊
စက္ခုမတာ သုဒန္တာ သုသုနာဂါ''တိ။
၎။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ
''ယေ ကေစိ ဗုဒ္ခံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တီ''တိ။
၅။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ''ယေဘုယျေန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေဝတာ သန္နိပတိတာ ဟောန္တိ တထာဂတံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတ မဒ္ခါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ ၊ တေသမ္တာနံ ဧတံ ပရမာယေဝဒေဝတာ သန္နိပတိတာ အဟေသုံ သေယျထာပိ မယှံ ဧတရဟိ။ ယေပိ တေ ဘိက္ခဝေ ဘဝိဿန္တိအနာဂတမဒ္ခါနံ အရဟန္တော သမ္မာ သမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေဝ ဒေဝတည သန္နိပတိတာ ဘဝိဿန္တိ သေယျထာပိ မယှံဧတရဟိ။ အာစိက္ခိဿမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ကိတ္တယိဿမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ဒေသေဿမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ တံ သုဏာထ သာဓုကံမနသိ ကရောထ၊ ဘာသိဿမီ'' တိ။ 'ဧဝံဘန္တေ'' တိခေါ တေဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။
၆။ ဘဂဝါ ဧတဒဝေါစ
သိလောက' မနုကဿမိ၊
ယတ္ထ ဘုမ္မာ တဒဿိတာ။
ယေ သိတာ ဂိရိဂဗ္ဘရံ၊
ပဟိပတ္တာ သမာဟိတာ။
ပုထူသီဟာဝ အလ္လီနာ၊
လောမဟံသာ ဘိသမ္ဘုနော။
သြဒါတမနသာ သုဒ္ဓါ၊
ဝိပ္ပသန္နမနာဝိလာ။
၇။ ဘိယျောပဉ္စသတေ ဉတွာ၊
ဝနေ ကာပိလ ဝတ္ထဝေ။
တတော အာမန္တယီသတ္ထာ၊
သာဝကေ သာသနေ ရတေ။
ဒေဝကာယာ အဘိက္ကန္တာ၊
တေ ဝိဇာနာထ ဘိက္ခဝေါ။
တေ စအာတပ္ပ မကရုံ၊
သုတွာ ဗုဒ္ခဿ သာသနံ၊
၈။ တေသံ ပါတုရဟု ဉာဏံ၊
အမနုဿာန ဒဿနံ။
အပ္ပေကေ သတ' မဒ္ဒက္ခုံ၊
သဟဿံ အထ သတ္တရိံ။
သတံ ဧကေ သဟဿနံ၊
အမနုဿန' မဒ္ဒသုံ။
အပ္ပေကေ' နန္တ မဒ္ဒက္ခု၊
ဒိသာ သဗ္ဗာ ဖုဋာအဟုံ။
၉။ တဉ္စ သဗ္ဗံ အဘိညာယ၊
ဝဝတ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္ထာ၊
သာဝကေ သာသနေ ရတေ။
ဒေဝကာယာ အဘိက္ကန္တာ၊
တေ ကိဇာနာထ ဘိက္ခဝေါ။
ယေ ဝေါ' ဟံ ကိတ္တယိဿာမိ၊
ဂိရာဟိ အနုပုဗ္ဗသော။
၁ဝ။ သတ္တသဟဿာ တေ ယက္ခာ၊
ဘုမ္မာ ကာပိလ ဝတ္ထဝါ။
ဣဒ္ဒိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံဝနံ။
၁၁။ ဆသဟဿာ ဟေမဝတာ၊
ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ခိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၁၂။ သာတာဂိရာ တိသဟဿ၊
ယက္ခာ နာ နတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၁၃။ ဣစ္စေကေ သောဠသသဟဿာ၊
ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၁၄။ ဝေဿမိတ္တာ ပဉ္စသတာ၊
ယက္ခာ နာနတ္တ ဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၁၅။ ကုမ္ဘီရော ရာဇဂဟိကော ၊
ဝေပုလ္လ' ဿ နိဝေသနံ။
ဘိယျော နံ သတသဟဿံ၊
ယက္ခာနံ ပယိရုပါသတိ။
ကုမ္ဘီရော ရာဇဂဟိကော ၊
သောပါဂါ သမိတိံ ဝနံ။
၁၆။ ပုရိမဉ္စ ဒိသံ ရာဇာ၊
ဓတရဋ္ဌော ပသာသတိ။
ဂန္ဓဗ္ဗာနံ အဓိပတိ၊
မဟာရာဇာ ယသဿိသော။
ပုတ္တာပိ တဿ ဗဟဝေါ၊
ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော၊
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၁၇။ ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊
ဝိရှုဠော တံ ပသာသတိ။
ကုမ္ဘဏ္ဍာနံ အဓိပတိ၊
မဟာရာဇာ ယသဿိသော။
ပုတ္တာပိ တဣ ဗဟဝေါ၊
ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏ ဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ
၁၈။ ပစ္ဆိမဉ္စ ဒိသံ ရာဇာ၊
ဝိရုပက္ခော ပသာသတိ။
နာဂါနဉ္စ အဓိပတိ၊
မဟာရာဇာ ယသဿိသော။
ပုတ္တာပိ တဿ ဗဟဝေါ၊
ဣန္ဒနာမာ မဟဗ္ဗလာ။
ဣန္ဒိမန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၁၉။ ဥတ္တရဉ္စ ဒိသံ ရာဇာ၊
ကုဝေရော တံ ပသာသတိ။
ယက္ခာနဉ္စ အဓိပတိ၊
မဟာရာဇာ ယသဿိသော။
ပုတ္တာပိ တဿ ဗဟဝေါ၊
ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၂ဝ။ ပုရိမံ ဒိသံ ဓတရဋ္ဌော၊
ဒိက္ခိဏေန ဝိရူဋ္ဌကော။
ပစ္ဆိမေန ဝိရူပက္ခော၊
ကုဝေရော ဥတ္တရံ ဒိသံ။
၂၁။ စတ္တာရော တေ မဟာရာဇာ၊
သမန္တာ စတုရော ဒိသာ၊
ဒဒ္ဒလ္လမာနာအဋ္ဌသု၊
ဝနေ ကာပိလဝတ္ထဝေ။
၂၂။ တေသံ မာယာဝိနော ဒါသာ၊
အာဂုံ ဝဉ္စနိကာ သဋ္ဌာ။
မာယာ ကုဋေဏ္ဍု ဝိဋေဏ္ဍု၊
ဝိဋုစ္စ ဝိဋုဋော သဟ။
စန္ဒနော ကာမသေဋ္ဌော စ၊
ကိန္နိဃဏ္ဍု နိဃဏ္ဍု စ။
ပနာဒေါ သြပမညော စ၊
ဒေဝသူတော စ မာတလိ။
၂၃။ စိတ္တ သေနော စ ဂန္ဓဗ္ဗော၊
နဠော ရာဇာ ဇနေသဘော။
အာဂုံ ပဉ္စသိခေါ စေဝ၊
တိမ္ဗရူ သူရိယဝစ္ဆသာ။
ဧတေ စညေ စ ရာဇာနော၊
ဂန္ဓဗ္ဗာ သဟ ရာဇုဘိ။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၂၄။ အထာဂုံ နာဂသာ နာဂါ၊
ဝေသာလာ သဟတစ္ဆကာ။
ကမ္ဗလဿတရာ အာဂုံ၊
ပါယာဂ သဟ ဉာတိဘိ။
ယာမုနာ ဓတရဋ္ဌာစ၊
အာဂုံ နာဂါ ယသဿိနော။
ဧရာဝဏော မဟာနာဂေါ။
သောပါဂါ သမိတိံ ဝနံ။
၂၅။ ယေ နာဂရာဇေ သဟသာ ဟရတ္တိ၊
ဒိဗ္ဗာ ဒိဇာ ပက္ခိ ဝိသုဒ္ဓစက္ခူ။
ဝေဟာသသာ တေ ဝန' မဇ္ဈပတ္တာ၊
စိတြာ သုပဏ္ဏာ ဣတိ တေသ နာမံ။
၂၆။ အဘယံ တဒါ နာဂရာဇာန ' မာသိ၊
သုပဏ္ဏတော ခေမ' မကာသိ ဗုဒ္ဓေါ။
သဏှာဟိ ဝါစာဟိ ဥပဝှယန္တာ၊
နာဂါ သုပဏ္ဏာ သရဏ' မကံသု ဗုဒ္ဓံ။ (နာဂကဏ္ဍ)
၂၇။ ဇိတာ ဝဇိရဟတ္ထေန၊
သမုဒ္ဒံ အသုရာ သိတာ။
ဘာတရော ဝါသဝေဿ' တေ၊
ဣဒ္ဓိမန္တော ယသဿိနော။
ကာဋ္ဌကဉ္စာ မဟာဘိသ္မာ၊
အသူရာ ဒါနဝေဃသာ။
ဝေပစိတ္တိသုစိတ္တိစ၊
ပဟာရာဒေါ နမုစီသဟ။
သတဉ္စဗလိပုတ္တာနံ၊
သဗ္ဗေ ဝေရောစနာမကာ။
သန္နယှိတွာ ဗလိသေနံ၊
ရာဟုဘဒ္ဒ' မုပါဂမုံ
သမယော ဒါနိ ဘဒ္ဒန္တေ၊
ဘိက္ခူနံ သမိတ= ဝနံ။ (အသုရဒေဝတာကဏ္ဍ)
၂၈။ အာပေါ စ ဒေဝါ ပထဝီ၊
တေဇော ဝါယော တဒါဂမုံ။
ဝရုဏာ ဝါရဏာ ဒေဝါ၊
သောမော စ ယသသာသဟ။
မေတ္တာ ကရုစာ ကာယိကာ၊
အာဂုံ ဒေဝါ သယဿိနော။
ဒသေ'တေ ဒသဓာ ကာယာ၊
သဗ္ဗေ နာနတ္တ ဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၂၉။ ဝေဏ္ဍုဒေဝါ သဟလိစ၊
အသမာ စ ဒုဝေ ယမာ။
စန္ဒဿူပနိသာ ဒေဝါ၊
စန္ဒ' မာဂုံ ပုရက္ခတွာ။
သူရိယဿူပနိသာ ဒေဝါ၊
သူရိယ' မာဂုံ ပုရက္ခတွာ၊
အာဂုံ မန္ဒဝလာဟကာ။
ဝသူနံ ဝါသဝေါ သေဋ္ဌော၊
သက္ကောပါဂါ ပုရိန္ဒဒေါ။
ဒသေ'တေ ဒသဓာ ကာယာ၊
သဗ္ဗေ နာနတ္တဝဏ္ဍိနော။
ဣဒ္ဓိမန္တေ ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၃၁။ သမာနာ မဟာသမာနာ၊
မာနုသာ မာနုသုတ္တမာ။
ခိဍ္ဍာပဒေါသိကာ အာဂုံ၊
အာဂုံ မနော ပဒေါသိကာ။
အထာဂုံ ဟရယော ဒေဝါ၊
ယေ စ လောဟိတဝါသိနော။
ပါရဂါ မဟာပါရဂါ၊
အာဂုံ ဒေဝါ ယသဿိနော။
ဒသေ' တေ ဒသဓာ ကာယာ၊
သဗ္ဗေ နာနတ္တ ဝဏ္ဏိ နော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၃၂။ သုက္ကာ ကရမ္ဘာ အရုဏာ၊
အာဂုံ ဝေဃနသာ သဟ။
သြဒါတဂယှာ ပါမောက္ခာ၊
အာဂုံ ဒေဝါ ဝိစက္ခဏာ။
သဒါမတ္တာ ဟာရဂဇာ၊
မိဿကာ စ ယသဿိနော။
ထနယံ အာဂ ပဇ္ဇုန္နော၊
ယောဒိသာ အဘိဝဿတိ။
ဒသေ'တေ ဒသဓာ ကာယာ၊
သဗ္ဗေ နာနတ္တ ဝဏ္ဏိ နော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၃၃။ ခေမိယာ တုသိတာ ယာမာ၊
ကဋ္ဌကာ စ ယသဿိနော။
လမ္ဗီတကာ လာမသေဋ္ဌာ၊
ဇောတိနာမာ စ အာသဝါ။
နိမ္မာနရတိနော အာဂုံ၊
အထာဂုံ ပရိနိမ္မိတာ။
ဒသေ'တေ ဒသဓာ ကာယာ၊
သဗ္ဗေ နာနတ္တ ဝဏ္ဏိ နော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊
ဘိက္ခူနံ သမိတိံ ဝနံ။
၃၄။ သဋ္ဌေ' တေ ဒေဝနိကာယာ၊
သဗ္ဗေ နာနတ္တဝဏ္ဏိနော။
နာမနွယေန အာဂစ္ဆုံ၊
ယေ စညေ သဒိသာ သဟ၊
ပဝုဋ္ဌဇာတိ' မခီလံ၊
သြဃတိဏ္ဏ' မနောသဝံ၊
ဒက္ခေမော' ဃတရံ နာဂံ၊
စန္ဒံဝ အသိတာတိဂံ။ (အာကာသဋ္ဌဒေဝတာကဏ္ဍ)
၃၅။ သုဗြဟ္မာ ပရမတ္တော စ၊
ပုတ္တာ ဣဒ္ဓိမတော သဟ။
သနင်္ကုမာရော တိေဿာစ၊
သောပါဂ သမိတိံ ဝနံ။
၃၆။ သဟဿံ ဗြဟ္မ လောကာနံ၊
မဟာဗြဟ္မာ ဘိတိဋ္ဌတိ။
ဥပပန္နော ဇုတိမန္တော၊
ဘိသ္မာ ကာယော ယသဿိ သော။
ဒသေ' တ္ထ ဣဿရာ အာဂုံ၊
ပစ္စေက ဝသ ဝတ္တိနော။
တေသဉ္စ မဇ္ဈတော အာဂ၊
ဟာရိတော ပရိဝါရိတော။ (ဗြဟ္မကဏ္ဍ)
၃၇။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊
သဣ န္ဒေ ဒေဝေ သဗြဟ္မကေ။
မာရသေနာ အဘိက္ကာမိ၊
ပဿ ကဏှဿ မန္ဒိယံ။
ဧထ ဂဏှထ ဗန္ဓထ၊
ရာဂေန ဗဒ္ဓ'မတ္ထု ဝေါ။
သမန္တာ ပရိဝါရေထ၊
မာဝေါ မုဉ္စိတှူကောစိနံ။
ဣတိ တတ္ထ မဟာသေနော။
ကဏှော သေနံ အပေသယိ။
ပါဏိနာ တလ' မာဟစ္စ၊
သရံ ကတွာန ဘေရဝံ။
ယထာ ပါဝုဿကော မေဃော၊
ထနယန္တော သဝိဇ္ဇုကော။
တဒါ သော ပစ္စုဒါဝတ္တိ၊
သင်္ကုဒ္ဓေါ အသယံဝသေ။
၃၈။ တဉ္စ သဗ္ဗံ အဘိညာယ၊
ဝဝတ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္ထာ၊
သာဝကေ သာသနေ ရတေ။
မာရသေနာ အဘိက္ကန္တာ၊
တေ ဝိဇာနာထ ဘိက္ခဝေါ။
တေ စ အာတပ္ပ' မကရုံ၊
သုတွာ ဗုဒ္ခဿ သာသနံ။
ဝီတရာဂေဟိ ပက္ကာမုံ၊
နေ' သံလောမာပိ ဣဉ္စယုံ။
၃၉။ သဗ္ဗေ ဝိဇိတသင်္ဂါမာ၊
ဘယာတီတာ ယသဿိနော။
မောဒန္တိသဟ ဘူတေဟိ၊
သာဝကာ တေ ဇနေသု တာတိ။အနတ္တလက္ခဏသုတ်ပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အနတ္တလက္ခဏသုတ်အမွှမ်း
(က) ဓမ္မစက္ကံ ပဝတ္တေတွာ ၊
အာသာဠိယံ ဟိ ပုဏ္ဏမေ။
နဂရေ ဗာရာဏသိယံ၊
ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိဖလံနေသံ၊
အနုက္ကမေန ဒေသယိ။
ယံတံပက္ခဿ ပဉ္စမျံ၊
ဝိမုတ္တတ္ထံ ဘဏာမ ဟေ။အနန္တလက္ခဏသုတ်နိဒါန်း
ဧဝံမေသုတံ-
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ
ဣသိပတနေ မိဂဒါယေ။
တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ''ဘိက္ခဝေါ''တိ။
''ဘဒန္တေ''တိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။
ဘဂဝါ ဧတဒဝေါစ -
ရူပက္ခန္ခာ အနတ္တဖြစ်ပုံ
ရူပံ ဘိက္ခဝေ အနတ္တာ။
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ ၊ နယိဒံ
ရူပံ အာဗာဓာယ သံဝေတၲယ်၊
လဗ္ဘေထစရူပေ ''ဧဝံ မေရူပံ ဟောတု၊ ဧဝံ မေရူပံ မာ အဟောသီ''တိ
ယသ္မာစခေါ ဘိက္ခဝေရူပံ အနတ္တာ ၊ တသ္မာရူပံ အာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ ရူပ ''ဧဝံမေရူပံ ဟောတု ၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။
ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ
ဝေဒနာ အနတ္တာ။
ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ
ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထ စ ဝေဒနာယ ''ဧဝံ မေ ဝေဒနာ ဟောတု ဧဝံ မေ
ဝေဒနာမာ အဟောသီ'' တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ ၊ တသ္မာ ဝေဒနာာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ ဝေဒနာယ ''ဧဝံ မေ ဝေဒနာ ဟောတု၊
ဧဝံ မေ ဝေဒနာ မာ အဟောသီ'' တိ။
သညာက္ခန္ဓာ အနတ္တဖြစ်ပုံ
သညာ အနတ္တာ၊
သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ ၊ နယိဒံ
သညာ အာဗာဓာယ သံဝေတၲယ်။
လဗ္ဘေထ စ သညာယ ''ဧဝံ မေ သညာ ဟောတု၊
ဧဝံ မေ သညာ မာ အဟောသီ'' တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ ၊ တသ္မာ သညာ
အာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ သညာယ ''ဧဝံ မေ သညာ ဟောတု၊
ဧဝံ မေ သညာ မာ အဟောသီ''တိ။
သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ
သင်္ခါရ အနတ္တာ၊
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊
နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။
လဗ္ဘေထ စ သင်္ခါရေသု ''ဧဝံ မေ သင်္ခါရာ ဟောန္တု ၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု''န္တိ။
ယသ္မာစ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ၊
နစ လဗ္ဘတိ သင်္ခါရေသု '' ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု'' န္တိ။
ဝိညာဏံ မာ အဟောသီ'' တိ။
ýရူပက္ခန္ဓ၌ လက္ခဏာရေး သုံးပါး
တံ ကိံ မညထ ဘိက္ခဝေ -
ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝိ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ၊ ကလ္လံ နုတံ
သမနုပဿိတုံ '' ဧတံ မမ ၊ ဧသောဟမသ္မိ၊ ဧသော
မေ အတ္တာ'' တိ။ ။ နော ဟေ တံ ဘန္တေ။
နာမက္ခန္ဓာ လေးပါး၌ လက္ခဏာရေးသုံးပါး
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။
အနိစ္စ ဘန္တေ။
ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ၊ ကလ္လံ နုတံ
သမနုပဿိတုံ ''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ'' တိ။ ။ နော ဟေတံ ဘန္တေ။
သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။
အနိစ္စာ ဘန္တေ။
ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝိပရိဏာမဓမ္မံ ၊ ကလ္လံ နု တံ
သမနုပဿိတုံ'' တိ။ နော ဟေတံ ဘန္တေ။
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။
အနိစ္စာ ဘန္တေ။
ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝိပရိဏိမဓမ္မံ ၊ ကလ္လံ နုတံ
သမနုပဿိတုံ '' ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ'' တိ။
နော ဟေတံ ဘန္တေ။
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။
အနိစ္စာ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ၊ ကလ္လံ နု တံ
သမနုပဿိတုံ '' ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ'' တိ။
နော ဟေ တံ ဘန္တေ။
ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ၊ ကလ္လံ နု တံ
သမနုပဿိတုံ ''ဧတံ မမ၊ ဧသောဟမသ္မိ ၊ ဧသော မေ အတ္တာ'' တိ။ နော ဟေတံ ဘန္တေ။ရုပ်တရားကို တဏှာ ၊ မာန ၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည်အပ်ပုံ
တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ခါ ဝါ ၊ သြဠာရိကံ ဝါ၊ သုခုမံ ဝါ၊ ဟီနံ ဝါ၊ ပဏီတံ ဝါ၊ ယံ ဒူရေ သန္တိ ကေ ဝါ၊ သဗ္ဗံ ရူပံ'' နေတံ မမ၊ နေသောဟ မသ္မိ ၊ န မေသော အတ္တာ'' တိ ဧဝမေတံ ယထာဘူတံ သမ္မညာယ ဒဋ္ဌဗ္ဗံ။ဝေဒနာတရားကို တဏှာ ၊ မာန ၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ၊ သြဌာရိကာ ဝါ၊ သုခုမာ ဝါ၊ ဟီနာ ဝါ ၊ ပဏီတာ ဝါ ၊ ယာ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗာ ဝေဒနာ ''နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ'' တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
သညာတရားကို တဏှာ ၊ နာန ၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သမ္ဗာ သညာ '' နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ'' တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယဒဋ္ဌဗ္ဗံ။
သင်္ခါရတရားကို တဏှာ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့်မရှုကြည့်အပ်ပုံ
ယေ ကေစိ သင်္ခါရာ အတီတာနာဂတ ပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဋ္ဌာရိကာ ဝါ သုခုမာဝါ၊ ဟီနာ ဝါ၊ ပဏီတာ ဝါ ၊ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ ''နေတံ မမ ၊ နေသော ဟမသ္မိ ၊ န မေသော အတ္တာ'' တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယဒဋ္ဌဗ္ဗံ။
သင်္ခါရတရားကို တဏှာ ၊ မာန ၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယေ ကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သမ္ဗာ သင်္ခါရာ '' နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ'' တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယဒဋ္ဌဗ္ဗံ။
ဝိညာဉ်တရားကို တဏှာ ၊ မာန ၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဋ္ဌာရိကံ ဝါ သုခုမာဝါ၊ ဟီနံ ဝါ၊ ပဏီတံ ဝါ ၊ ယေ ဒူရေ သန္တိကေ ဝါ၊ သဗံ္ဗ ဝိညာဏံ ''နေတံ မမ ၊ နေသော ဟမသ္မိ ၊ န မေသော အတ္တာ'' တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယဒဋ္ဌဗ္ဗံ။
နိဗ္ဗန္ဒဉာဏ်မှစ၍ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊
သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။
နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။
ဝိရာဂါ ဝိမုစ္စတိ။
ဝိမုတ္တသိံ္မ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။
ခီဏာ ဇာတိ။
ဝုသိတံ ဗြဟ္မစရိယံ။
ကတံ ကရဏီယံ။
နာပရံ ဣတှူတ္တာယာတိ ပဇာနာတီတိ။
ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဒိယာ ဘိက္ခူ
ဘဂဝတော ဘာသိတံ အဘိနန္ဒူံ။
ဣမသိံ္မ စပန ဝေယျာကရဏသိံ္မဘညမာနေ
ပဉ္စဝဂ္ဂယာနံ ဘိက္ခူနံ အနုပါဒါယ အာသေဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

by NwayLeL

ဆက်လက်ဖတ်ရှုရန်...

ဓာရဏသုတ်တော်

ဓာရဏသုတ်တော်

၁။ ဗုဒ္ဓါနံ ဇီဝိတဿ
န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊
တထာ မေ ဟောတု။

၂။ အတီသံသေ ဗုဒ္ဓဿ ဘဂဝတော
အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော
အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော
အပ္ပဋိဟတံ ဉာဏံ၊

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ
ဗုဒ္ဓဿ ဘဂဝတော
သဗ္ဗံ ကာယကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
သဗ္ဗံ ဝစီကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
သဗ္ဗံ မနောကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ

၎။ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ
ဗုဒ္ဓဿ ဘဂဝတော
နတ္ထိ ဆန္ဒဿ ဟာနိ၊
နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊
နတ္ထိ ဝီရိယဿ ဟာနိ၊
နတ္ထိ ဝိပဿနာ ဟာနိ၊
နတ္ထိ သမာဓိဿ ဟာနိ၊
နတ္ထိ ဝိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ
ဗုဒ္ဓဿ ဘဂဝတော
နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊
နတ္ထိ အပ္ဖုဋံ နတ္ထိ ဝေဂါယိတတ္တံ၊
နတ္ထိ အဗျာဝဋမနော၊
နတ္ထိ အပ်ပဋိ သင်္ခါနုပေက္ခာ။
ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိသမန္နာဂတဿ
ဗုဒ္ဓဿ ဘဂဝတော
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊
နတ္ထိ တထာဂတဿ ဝစီ ဒုစ္စရိတံ၊
နတ္ထိ တထာဂတဿ မနော ဒုစ္စရိတံ၊
နတ္ထိ အတီသံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊
နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊
နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊
နတ္ထိ သဗ္ဗံ ကာယကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
နတ္ထိ သဗ္ဗံ ဝစီကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
နတ္ထိ သဗ္ဗံ မနောကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
ဣမံ ဓာရဏံ အမိတံ အသမံ၊
သဗ္ဗသတ္တာနံ တာဏံ လေဏံ။
သံသာရ ဘယဘီတာနံ အဂ္ဂံ မဟာတေဇံ၊

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ
ဓာရေဟိ ဝါစေဟိ ပရိပုစ္ဆာဟိ၊
တဿ ကာယေ ဝိသံ န ကေမယ်၊
ဥဒေက န လေဂၢယ်၊
အဂၢိ န ဍေဟယ်၊
နာနာဘယဝိကော၊
န ဧကာဟာရကော၊
န ဒွိဟာရကော၊
န တိဟာရကော၊
န စတုဟာရကော၊
န ဥမ္မတ္တကံ န မူဠှကံ
မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။

၈။ တံ ဓာရဏ ပရိတ္တံ ယထာ ကတမံ၊
ဇာလော မဟာဇာလော၊
ဇာလိတ္တေ မဟာဇာလိတ္တေ၊
ပုဂ္ဂေ မဟာပုဂ္ဂေ၊
သမ္ပတ္တေ မဟာသမ္ပတ္တေ၊
ဘူတင်္ဂမှိ တမင်္ဂလံ၊
ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ၊
သတ္တာ သတ္တတိ၊
သမ္မာသမ္ဗုဒ္ဓကောဍီဟိ ဘာသိတ၊
ဝတ္တေ အဝတ္တေ၊
ဂန္ဓဝေ အဂန္ဓဝေ၊
နောမေ အနောမေ၊
သေဝေ အသေဝေ၊
ကောယေ အကာယေ၊
ဓာရဏေ အဓာရဏေ၊
ဣလ္လိ မိလ္လိ တိလ္လိ မိလ္လိ၊
ယောရုက္ခေ မဟာရောရုက္ခေ၊
ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏ ပရိတ္တံ၊
နာဝ နဝုတိယာ၊
သမ္မာသမ်ဗုဒ္ဓ ကောဍီဟိ ဘာသိတံ၊
ဒိဋ္ဌိလာ ဒဏ္ဍိလာ၊
မန္တိလာ ရောဂိလာ၊
ခရလာ ဒုဗ္ဘိလာ၊
ဧတေန သစ္စဝဇ္ဇေန
သောတ္ထိတေ ဟောတု သဗ္ဗဒါ။

ဆက်လက်ဖတ်ရှုရန်...

ပါဠိစာလုံး ဆင့်ဖတ်နည်း ရှင်းတမ်း



ပါဠိစာလုံး ဆင့်ဖတ်နည်း ရှင်းတမ်း


၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲ ဧကန် ။
၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ ဖတ်ရိုး စ - သတ်သံ ။
၃ ။ သဝေ လည်းထိုး ၊ န - သတ်မျိုး ၊ ဖတ်ရိုး င - သတ်သံ ။
၎ ။ သဝေ ရေးချ ၊ သတ်မြင် က ၊ မှတ်ကြ ဝ - ဆွဲသံ ။
၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊ နှစ်ဝတာဝန် ၊ ကျေပွန် စေရန် ၊ အသံ အသတ် ယူမြဲမှတ် ။


၁ ။ အဓိပ္ပါယ်မှာ
အက္ခရာ ၂ လုံးဆင့် တွေ့လျှင် အပေါ်တွင် ရှိသော အထက်အက္ခရာ ကို အသတ်တင်၍ ဖတ် ။ အသံသေ ပြီ ၊ ရှေ့ အက္ခရာ နှင့် တွဲ၍ ဖတ်ရမည် ။
ဥပမာ - သမန္တာ = သ မန် တာ

၂ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့်တွဲသော တ - သတ် ကို စ - သတ် သံထွက်၍ဖတ်ရမည် ။
ဥပမာ - မေတ္တာ = မေတ် တာ = မစ် တာ

၃ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့် တွဲ သော န - သတ် ကို င - သတ်အသံထွက်၍ ဖတ်ရမည် ။
ဥပမာ - ပူရေန္တံ = ပူ ရေ န် တံ = ပူ ရင် တံ

၎ ။ အဓိပ္ပါယ်မှာ
သဝေထိုး ရေးချ ကို ဝ - ဆွဲ သံထွက်၍ ဖတ်ရ မည် ။
ဥပမာ - ဟောန္တု = ဟော န် တု = ဟွန် တု

၅ ။ အဓိပ္ပါယ်မှာ
ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာ စာလုံးများနှင့် တွဲ သော အက္ခရာ သည် အသတ်တာဝန် ကို လည်း ယူရသည် ။
မိမိမူလ အသံလည်းထွက်ရသည် ။
ဥပမာ - အ မှ = အမ် မှ
ဤ ပြယုဂ်တို့ ၌ ဟထိုး နှင့် တွဲသော မ ၊ ဏ ၊ န - အက္ခရာ တို့သည် အသတ်တာဝန် ကို လည်း ယူရသည် ။ မိမိ၏ မူလ ဗျည်းအသံ လည်း ထွက်ရမည် ။အသတ် နှင့် အသံ တာဝန် ၂ မျိုးကို ယူထားသည် ။

သ ကျ = သက် ကျ
ဤ ပြယုဂ် တို့ ၌ ယပင့် နှင့်တွဲသော က နှင့် သ တို့သည် အသတ် နှင့် အသံ တာဝန် ၂ မျိုးကို ယူထားသည် ။

စ ကြာ = စက် ကြာ
ဤပြယုဂ် တို့ ၌ ရရစ် နှင့် တွဲသော က နှင့် တ အက္ခရာ တို့ သည် အသတ် နှင့် အသံ တာဝန် ၂ မျိုးကို ယူထားသည် ။

က တွာ = ကတ် တ ဝါ
ဤပြယုဂ် တို့ ၌ ဝ - ဆွဲ နှင့် တွဲသော တ - အက္ခရာ တို့ သည် အသတ် နှင့် အသံ တာဝန် ၂ မျိုး ကို ယူထားသည် ။

မှတ်ချက် ။ ။ ဟထိုး သည် ဟ ၊ ယပင့် သည် ယ ၊ ရရစ် သည် ရကောက် ၊ ဝ ဆွဲ သည် ဝ -အက္ခရာ ၏ ကိုယ်စားလှယ်ဟု အသီးသီး မှတ် ။


ဆက်လက်ဖတ်ရှုရန်...