သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း


သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း


မြတ်စွာဘုရားသခင် သည် သတ္တဝါများ အပေါ် လွန်ကဲမြင့်မြတ် သော ကရုဏာတော် ဖြင့် မသေမီ စိတ်ချရသော တရားထူးကို ဟောကြားတော်မူရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးတို့ကြောင့် စိတ်မချရသေးသော် သေခါနီး နှလုံးသွင်း ဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟောကြားတော်မူ ခဲ့ပါတယ် ။
ဘယ်လိုဟောကြားတော်မူသလဲ ဆိုတော့
( က ) မကျန်းမာ သော အခါ ဖြစ်စေ ၊ သေခါနီး ရင်ဖြစ်စေ ၊ ရောဂါ ဝေဒနာ ( ဒုက္ခဒဏ်ချက် တစ်ခုခု ) ပေါ်လာမယ်။ အဲဒါပေါ်လာတဲ့ ဒုက္ခဝေဒနာ ကို ( ဖြစ်ပျက်ရှုပေး ) ။
( ခ ) ဪ နှိပ်စက်တဲ့ တရားပါလား ၊ နှိပ်စက်တာ ဧကန်ဖြစ်လို့ ဘဝ ရဲ့ ဒုက္ခ တရား ( ဒုက္ခကြီးပါပဲ ) ။
( ဂ ) ဒီဒုက္ခတရားဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ။ ( ဖြစ်ပြီး ပျက်သွားတာပဲ ) ။
( ဃ )အားလုံး ဖြစ်ပေါ်လာသမျှ တရားတွေ ဟာ ပျက်တာချည့်ပဲ ။
( င )ဘာပဲလာလာ ပျက်မှာ ချည့်ဘဲ ၊ အဖြစ် နဲ့ အပျက်ကလွဲ ရင် ၊ ဘာမှ မရှိပါကလား ၊ ( ဖြစ်ပျက်_ဖြစ်ပျက် ) လို့ ရှုနေရမယ် ။
( စ )ဖြစ်ပြီးပျက်သွား တဲ့ ဖြစ်ပျက် အစဉ်မှာ ( ဉာဏ် ရောက်နေရမယ် )။
( ဆ ) ဒီလိုဉာဏ် ရောက်နေတော့ ဝေဒနာ ချုပ်သွားတယ် ( ဝေဒနာ ချုပ်တာ ဒုက္ခ ချုပ်တာပဲ )
( ဝေဒနာ နိရောဓ တဏှာနိ ရောဓော )
( ဇ )ဝေဒနာ ချုပ်တဲ့ နောက် ( တဏှာအလိုလို သေတယ် )၊ ဒီတော့ ပဋိစ္စ သမုပ္ပါဒ် ဒီတွင်ဘဲပြတ် ၊ ပြတ်တော့ " ဒုက္ခ နိရောဓနိဗ္ဗာနံ " လာတာပဲ ။
( ဈ )ဒုက္ခ ဝေဒနာ လာသမျှ ( ဖြစ်ပျက်သာရှု ) ဖြစ်ပျက် အနိစ္စ နောက်မဂ် ဉာဏ် လိုက်ရမယ် ။ ဒီ ဖြစ်ပျက်နဲ့ မဂ် နဲ့ မပြတ်အောင် ဉာဏ်လိုက်သွားရင် မသေခင်ကလေးမှာ သောတာပတ္တမဂ် ၊သကဒါဂါမိမဂ် ၊အနာဂါမိမဂ် ဆိုတဲ့ ( သုံးမဂ် ကျအောင် ရနိုင်တယ် )။

အနိစ္စ - ဒုက္ခ - အနတ္တ

နာမ် ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက်၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ သဘာဝ အား ၊ ဤသုံးပါးကြောင့် ၊ဖြစ်ပွါးသမျှ ၊ အနိစ္စ သည် ၊ ဒုက္ခ- အနတ္တ ချည့်သာတည်း ။

ဆက်လက်ဖတ်ရှုရန်...