အာဋာနာဋိယသုတ်တော် ဝတ္ထု ဖြစ်စဉ်


အာဋာနာဋိယသုတ်တော် ဝတ္ထု ဖြစ်စဉ်


ရာဇဂြိုဟ် ပြည်ကြီးအနီး ဂိဇ္ဈကုဋ် တောင်တွင် မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် တစ်ညသော သန်းခေါင်ယံ ၌မြင်းမိုရ် တောင်၏ လေးမျက်နှာတွင်နေကြကုန် သောဓတရဋ္ဌ နတ်မင်း ၊ ဝိရူဠှက နတ်မင်း ၊ ဝိရူပက္ခ နတ်မင်း ၊ ကုဝေရနတ်မင်း ၊ ဤ နတ်မင်းကြီးလေးပါး သည် မြတ်စွာဘုရား အားလာရောက်ဖူးမြှော်ကြလေသည် ။
ဖူးမြှော် ကြပြီး နတ်မင်းကြီးလေးပါးတို့ကိုယ်စား ကုဝေရ နတ်မင်းကြီး က ဦးဆောင်လျှောတ်ထားသည်မှာ ...လူကောင်း လူဆိုးအမျိုးမျိုး ရှိကြသလို နတ်လောက ၊ ဘီလူးလောက ၌လည်း အကောင်း ၊ အဆိုး နှစ် မျိုး ရှိကြပါသည် ။
အရှင်ဘုရား၏ သာသနာတော်အတွင်းရှိ တရားဓမ္မ၌ မွေ့လျော် သူ ဥပါသကာ ၊ ဥပါသိကီ တို့အား သာသနာတော် ကို မကြည်ညိုသူ ဘီလူးဆိုး ၊ နတ်ဆိုးများက ဝင်ရောက်နှောက်ယှက် ခြောက်လှန့်ခြင်း ပြုပါက တပည့်တော်မှာလည်း တာဝန်မကင်း ဖြစ်ပါလိမ့်မည် ။
သို့အတွက်ကြောင့် ထိုနတ်ဆိုးများအား ကြောက်ရွံ့စေသော ၊ နာခံစေသော ၊ တပည့် တော် ၏ နာမည်ပါသော အာဋာနာဋိယ နတ် မြို့တော်မှ ထုတ်ပြန်လိုက်သော အမိန့်တော် ပြန်တမ်း စည်းကမ်းသဖွယ် ဖြစ်သည့် အရံအတား ပရိတ်တော် တရားဒေသနာတော် ကို ဟောကြားတော်မူပါ ဟု နားတော် လျှောက်လေ၏ ။
ထိုအခါ မြတ်စွာဘုရား သည် ဝိပဿီ စသော မြတ်စွာဘုရား ခုနှစ်ဆူ အားရှိခိုးခြင်း မှအစ နတ်မင်းကြီးများ၏ အမည်ပါသော အာဋာနာဋိယ သုတ်တော် ကို ထုတ်ဖော် ဟောကြား၍ ရွတ်ပွါးသရဇ္ဈာယ်ခဲ့ ကြလေသည် ။
………………………………………………………………………….

အာဋာနာဋိယ သုတ်တော်ရွတ်ဖတ်ခြင်း ၏ အကျိုး

ဤသုတ်တော်ကို နေ့စဉ် မပြတ် ရွတ်ဖတ်သရဇ္ဈာယ် ခြင်းဖြင့်နတ်တို့က စောင်မ သည် ။ အကာအကွယ် ပေးသည် ။ အမှောင့်ပယောဂ များ မကပ်ရောက်နိုင် ၊ မိစ္ဆာ ဝါဒီ ပညာသည် တို့ ပြုစားခြင်းမှ ကာကွယ်နိုင်၏ ။ မကောင်းသော ဂြိုဟ်စီး ဒသာကံကြမ္မာ တို့မှလွတ်ကင်း ချမ်းသာ စေ နိုင်သော အကျိုး သတ္တိ ရှိလေသည် ။

ဆက်လက်ဖတ်ရှုရန်...

အများဆုံးစိတ်ပင်ပန်း စေတဲ့ သူတွေ


အများဆုံးစိတ်ပင်ပန်း စေတဲ့ သူတွေ

(သတိ နဲ့ပြောပါ စာအုပ်မှ )

Other people can be a big source of stress in our life.
သူ တစ်ပါးဟာ ကိုယ့်ဘဝမှာစိတ် ပင်ပန်း မှုဖြစ်စေနိုင်တဲ့ ကြီးမားတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။
ဖြစ်နိုင်တယ် ဆိုတာထက် ဖြစ်နေတယ် ဆိုတာက ပိုမှန်တယ် ။ သတိထား ကြည့်စမ်းပါ ။ ကိုယ့်ဘဝမှာ ပြောရေး ၊ ဆိုရေး ၊ ဆက်ဆံရေး အဆင်မပြေလို့ ဘယ်လောက် စိတ်ပင်ပန်းနေရတယ် ဆိုတာ...
အားလုံးပဲ ကြုံဖူးကြမှာပါ ၊ ကိုယ့်ဘဝကို သူ တစ်ပါးက လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ခံစားဖူးကြမှာပါ ၊ ကိုယ့်ကို အတင်း အကြပ် သူတို့သဘောအတိုင်း လုပ်ခိုင်းတာတွေကြုံဖူးကြပါတယ်။
သူတို့ ကိစ္စတွေ လုပ်ပေးဖို့ ကိုယ့်အချိန်တွေကို မရမက တောင်းဆိုကြတယ် ။ ပြောရဆိုရ ဆက်ဆံရ တာ သိပ်ခက်ခဲတယ် ။ ရန်လိုတယ် ။ ကိုယ်က မျှော်လင့်ထားတာကို လုပ်မပေးဘူး ။ ကိုယ့်ကို အလေးမထားဘူး ။ ဂရုမစိုက်ဘူး ။ ကိုယ့်ရဲ့ ခံစားချက်ကို လည်း အလေးမထားဘူး ။ ဂရုမစိုက်ဘူး ။ တစ်ဖက်သတ်အနိုင် ကျင့်ပြီး ဆက်ဆံနေတာတွေ တွေ့ကြုံဖူးမှာပဲ။
ဒါမျိုးက ဆက်ဆံရေးတိုင်းမှာ တွေ့ရတတ်ပါတယ်။ တော်တော်များများ တွေ့ရတတ်တယ်။ တဖက်သားရဲ့ ဆန္ဒ ၊ တဖက်သားရဲ့ ခံစားချက်ကို လုံးဝ အသိအမှတ် မပြုဘူး ။ တန်ဖိုးမထားဘူး ။ ငါပြောသလို လုပ် ၊ ငါသိတယ် ။ မင်း တို့ဘာမှပြောစရာ မလိုဘူး ဆိုပြီးတော့ ရာခိုင်နှုန်းပြည့်control လုပ်ထားကြတယ် ။ ဒီလို အပြောမျိုးတွေ ဒီလို သဘောထားမျိုးတွေ ရှိတယ် နော် ။
အားလုံးပဲ ကိုယ့်အလုပ်မှာ ၊ ကိုယ့်အိမ်မှာ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ၊ ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူ ဘယ်သူ ၊ ဘယ်ဝါ ရှိတယ်ဆိုတာ ပြန်စဉ်းစားကြည့်မယ် ဆိုရင် သိနိုင်တယ် ။ ရှိတယ် ။
ဖြစ်နိုင်ရင် အဲဒီလူတွေကို ရှောင်ချင်တယ် ။ ဒါပေမဲ့ အခြေအနေ တော်တော်များများ မှာမရှောင်သာဘူး ။ မရှောင်နိုင်ဘူး ။ ရှောင်လို့ မရဘူး ။
ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ်က သူ တို့နဲ့ အတူတူ နေနေရတယ်။ ခွဲသွားလို့ မရဘူး ။ သို့မဟုတ်ရင် အတူတူ အလုပ်လုပ် နေရတယ်။ရှောင်လို့မရဘူး ။ ကိုယ့်အထက်လူကြီးဖြစ်ချင်ဖြစ်မယ် ၊ တန်းတူရည်တူ လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်ဖြစ်မယ် ၊ ကိုယ့်အောက်လူ ဖြစ်ချင် ဖြစ်မယ် ။ သို့မဟုတ်ရင်လည်းမိသားစုဖြစ်နေ ရင် သူတို့ပတ်သက်ပြီး ကိုယ့်မှာ တာဝန်ရှိနေတယ်။ ဘယ်လိုမှ ထားခဲ့လို့ မရဘူး။
In fact many of the people who cause us the most stress may be people we love very deeply.
တကယ်တော့ ကိုယ့်ကို အများဆုံး စိတ်ပင်ပန်းစေတဲ့ သူတွေဟာ ကိုယ် အင်မတန် နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ် ။
We all know that love relationships can occasion deep emotional pain as well as joy and pleasure.
တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ဆက်ဆံနေတဲ့ ဆက်ဆံရေးတွေမှာ တစ်ယောက်ကို တစ်ယောက်စိတ်ချမ်းသာမှု ပျော်ရွှင်မှု ပေးနိုင်သလို အင်မတန် နက်ရှိုင်းပြင်းထန် တဲ့ စိတ် ဆင်းရဲမှု ကို လည်း ဖြစ်စေနိုင်တယ် ဆိုတာ အားလုံးသိကြပါတယ် ။

ဆက်လက်ဖတ်ရှုရန်...

ညှိနှိုင်းပြီး နေသွားရမှာ


ညှိနှိုင်းပြီး နေသွားရမှာ

(ဒေါသကို နားလည်ပါ စာအုပ်မှ )


လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ ၊ သူ့ဟာသူ ဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး ။ ဒီလောကကြီး ထဲမှာ ကိုယ်က မွေးဖွားလာရတာ၊ ဒါကို နားလည်ပြီး adapt လုပ်ပြီး ၊ ညှိနှိုင်းပြီး နေသွားရမှာ ။
ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင် တတ်နိုင်သလောက် ပြုပြင်ဖို့ တော့လိုပါတယ်။ စိတ်နေသဘောထား ကောင်းတဲ့သူတွေ ၊ သတိနဲ့ နေတတ်တဲ့သူတွေ ၊ ချင့်ချိန်နိုင်တဲ့ သူတွေ ၊ စည်းကမ်းရှိတဲ့ သူတွေ ပိုပြီး များလာအောင် ကူညီရမယ် ။
အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့ တွေ့ ရတဲ့ အခက်အခဲ တွေ ကို ဖြေရှင်းနိုင်အောင် စနစ်တကျသင်ကြား လေ့လာထားဖို့ လိုအပ်သလို ၊ ဆက်ဆံရေး နဲ့ ပတ်သက်ပြီး တော့ တွေ့ရတဲ့ အခက်အခဲတွေ ကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်အောင် စနစ်တကျ သင်ကြားလေ့လာထားဖို့ လိုအပ်ပါတယ် ။
နေ့စဉ် ကြုံတွေ့ နေရတဲ့ အတွေ့ အကြုံတွေ ၊ နေ့စဉ်ကိုယ့်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ ၊ သဘောထားတွေ ၊ နေ့စဉ် ပြောပုံ၊ ဆိုပုံ၊ လုပ်ပုံ ၊ ကိုင်ပုံ တွေ ၊ နေ့စဉ် လူတွေနဲ့ ဆက်ဆံပုံ တွေကို ကိုယ့်ကို" ဘယ်လိုလူ " ဆိုတာကို ပုံဖော်ပေးနေတယ် ။
ဒေါသ ဖြစ်တာ နည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာ လာမယ် ။ ကိုယ့်မိသားစု လည်း စိတ်ပိုချမ်းသာလာမယ် ။ ကိုယ့်လုပ်ဖော် ကိုင်ဖက် တွေလည်း စိတ်ပိုချမ်းသာလာမယ် ။
ဒေါသ နည်းလာရင် စိတ်မငြိမ်မှု နည်းသွားတယ် ။ အရင်စလို လုပ်တာ ၊ ပြောတာ ၊ နည်းသွားတယ် ။ ဒေါသ ဖြစ်တာ ၊ စိတ်တိုတာ များရင် စိတ်လှုပ်ရှားမယ် ။ စိတ်မတည်ငြိမ်နိုင်ဘူး ။ ဒေါသ ဖြစ်နေရင် လုပ်တာ ကိုင်တာ ပြောတာ ဆိုတာ အမှားများမယ် ။ ဆုံးဖြတ်ချက် မှားမယ် ။ ဆုံးဖြတ်ချက် မှားသွားရင် အများကြီး နစ်နာသွားမယ် ။ ဆုံးရှုံးသွားမယ် ...နော် ။
ကိုယ့်ဒေါသ ကကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ ခိုင်းတာ တွေ ကို မလုပ်မိအောင်သတိထားရမယ် ။ ဒေါသကို ဆရာတင် မိရင်မှားမယ် ။
ဒါကြောင့် စိတ်တိုလာရင် သတိ နဲ့ ကြည့်ပါ ။ စိတ်ထဲမှာ တင်းလာတယ် ။ ရင်ထဲမှာ တင်းကျပ်လာတယ် ။ ခေါင်းထဲမှာ တင်းလာတယ် ။ နားထင်တွေ ၊ နဖူးကြောတွေ တင်းလာတယ် ။ တင်း နေတာတွေကို သိပြီးတော့ လျှော့လိုက်ပါ ။ ရသလောက် လျှော့ပါ။

ဆက်လက်ဖတ်ရှုရန်...