ပုဗ္ဗဏှ သုတ်တော် ဝတ္ထု ဖြစ်စဉ်


ပုဗ္ဗဏှ သုတ်တော် ဝတ္ထု ဖြစ်စဉ်


ပုဗ္ဗဏှ သုတ်တော်သည် ဘုရား ၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးတို့ ၏ဂုဏ်တော် ကျေးဇူးတော်၊ အာနုဘော်များ ကို စုပေါင်း ၍ ကျက်သရေ ၊ မင်္ဂလာ ရှိစေရန်စီစဉ်ထားသော် သုတ်တော်ဖြစ်သည် ။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့ သမျှ ပရိတ်တော်များမှ ထုတ်နှုတ် စီစဉ်ထားခြင်းဖြစ်သည် ။ မြတ်စွာဘုရား ၏အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် ဘုန်းတန်ခိုးတောက်စေရန် ၊ တရားတော်မြတ်၏ အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် စီးပွါးလာဘ်လာပြီ ရောက်စေရန် ၊ သံဃာတော်များ ၏ အာနုဘော် တို့ဖြင့် အန္တရာယ် ကင်းပျောက် အကြံအစည် မြောက်စေရန် စီမံမိန့်ဆိုထားသော ပုဗ္ဗဏှသုတ်တော် ဖြစ်ပါသတည်း ။
……………………………………………………………….

ပုဗ္ဗဏှ သုတ်တော် ရွတ်ဖတ်ခြင်း၏ အကျိုး

ဤပုဗ္ဗဏှ သုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် သရဇ္ဈာယ် ပွါးများ ပါက ကြုံတွေ့ရမည့် အတိတ်ဆိုး ၊ နမိတ်ဆိုး မြား တို့ ပြေပျောက်နိုင်ခြင်း၊ အိမ်၏ကျက်သရေတိုးပွါးခြင်း ၊ ရာထူး ဌာနန္တရ တိုးတက်ခြင်း ၊ ထီပေါက်ခြင်း ၊ မိမိသာမက တစ်အိမ်သားလုံး စိတ်ချမ်းသာခြင်း ၊ ကိုယ်ကျန်းမာခြင်း ၊ သုခ ( ၂ ) ပါးအားလုံး ပြည့်စုံစေနိုင်ပါသည် ။


ဆက်လက်ဖတ်ရှုရန်...

ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်


ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်


တစ်ရံရော အခါ တန်ခိုးပြင်းထန် လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ် နာမကျန်း ဖြစ်လတ်လေသည် ။ ဟူးရား အကျော်သမားတော် များ၏ ဆေးဝါးများသောက်သုံးပါသော်လည်း ရောဂါဝေဒီနာ မသက်သာချေ။
ထိုအခါ ရှင်တော်မြတ်ဘုရား ကြွရောက်တော်မူလာပြီးဗောဇ္ဈင်ခုနှစ်ပါး တရားမန္တန် ပရိတ်တော်ကို ဟောဖော်ချီးမြှင့်တော်မူရာ ရှင်မဟာမောဂ္ဂလ္လာန် မထေရ် မှာ ရောဂါ ဝေဒနာ မှ လွတ်ကင်း ကျန်းမာခြင်းသို့ ရောက်လေရာ ထိုအခါမှ စ၍ ဗောဇ္ဈင် သုတ်တော်ဖြစ် ပေါ်ထင်ရှားပွါးများ ရွတ်ဆိုခဲ့ကြပါသတည်း ။
…………………………………………………………………………….

ဗောဇ္ဈင်သုတ်တော် ရွတ်ဖတ်ခြင်း ၏အကျိုး

ဤ ဗောဇ္ဈင်သုတ်တော် ကို နေ့စဉ်ရွတ်ဖတ် ပွါးများခြင်းဖြင့် ရောဂါ ဆိုး၊ ဝေဒနာဆိုး များ မကပ်ငြိနိုင်ပဲပျောက်ကင်းချမ်းသာစေနိုင်သည် ။ ရောဂါ ဝေဒနာ ကျရောက်နေသူများ အတွက်ဌာန်ကရိဏ်းကျ ပီပီသသ ရွတ် ပေးပါက ရောဂါ ကင်း ပျောက်ချမ်းသာရောက်ခြင်းသို့ မုချရောက်ရှိပါလိမ့်မည် ။

ဆက်လက်ဖတ်ရှုရန်...