ပါဠိစာလုံး ဆင့်ဖတ်နည်း ရှင်းတမ်း



ပါဠိစာလုံး ဆင့်ဖတ်နည်း ရှင်းတမ်း


၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲ ဧကန် ။
၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ ဖတ်ရိုး စ - သတ်သံ ။
၃ ။ သဝေ လည်းထိုး ၊ န - သတ်မျိုး ၊ ဖတ်ရိုး င - သတ်သံ ။
၎ ။ သဝေ ရေးချ ၊ သတ်မြင် က ၊ မှတ်ကြ ဝ - ဆွဲသံ ။
၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊ နှစ်ဝတာဝန် ၊ ကျေပွန် စေရန် ၊ အသံ အသတ် ယူမြဲမှတ် ။


၁ ။ အဓိပ္ပါယ်မှာ
အက္ခရာ ၂ လုံးဆင့် တွေ့လျှင် အပေါ်တွင် ရှိသော အထက်အက္ခရာ ကို အသတ်တင်၍ ဖတ် ။ အသံသေ ပြီ ၊ ရှေ့ အက္ခရာ နှင့် တွဲ၍ ဖတ်ရမည် ။
ဥပမာ - သမန္တာ = သ မန် တာ

၂ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့်တွဲသော တ - သတ် ကို စ - သတ် သံထွက်၍ဖတ်ရမည် ။
ဥပမာ - မေတ္တာ = မေတ် တာ = မစ် တာ

၃ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့် တွဲ သော န - သတ် ကို င - သတ်အသံထွက်၍ ဖတ်ရမည် ။
ဥပမာ - ပူရေန္တံ = ပူ ရေ န် တံ = ပူ ရင် တံ

၎ ။ အဓိပ္ပါယ်မှာ
သဝေထိုး ရေးချ ကို ဝ - ဆွဲ သံထွက်၍ ဖတ်ရ မည် ။
ဥပမာ - ဟောန္တု = ဟော န် တု = ဟွန် တု

၅ ။ အဓိပ္ပါယ်မှာ
ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာ စာလုံးများနှင့် တွဲ သော အက္ခရာ သည် အသတ်တာဝန် ကို လည်း ယူရသည် ။
မိမိမူလ အသံလည်းထွက်ရသည် ။
ဥပမာ - အ မှ = အမ် မှ
ဤ ပြယုဂ်တို့ ၌ ဟထိုး နှင့် တွဲသော မ ၊ ဏ ၊ န - အက္ခရာ တို့သည် အသတ်တာဝန် ကို လည်း ယူရသည် ။ မိမိ၏ မူလ ဗျည်းအသံ လည်း ထွက်ရမည် ။အသတ် နှင့် အသံ တာဝန် ၂ မျိုးကို ယူထားသည် ။

သ ကျ = သက် ကျ
ဤ ပြယုဂ် တို့ ၌ ယပင့် နှင့်တွဲသော က နှင့် သ တို့သည် အသတ် နှင့် အသံ တာဝန် ၂ မျိုးကို ယူထားသည် ။

စ ကြာ = စက် ကြာ
ဤပြယုဂ် တို့ ၌ ရရစ် နှင့် တွဲသော က နှင့် တ အက္ခရာ တို့ သည် အသတ် နှင့် အသံ တာဝန် ၂ မျိုးကို ယူထားသည် ။

က တွာ = ကတ် တ ဝါ
ဤပြယုဂ် တို့ ၌ ဝ - ဆွဲ နှင့် တွဲသော တ - အက္ခရာ တို့ သည် အသတ် နှင့် အသံ တာဝန် ၂ မျိုး ကို ယူထားသည် ။

မှတ်ချက် ။ ။ ဟထိုး သည် ဟ ၊ ယပင့် သည် ယ ၊ ရရစ် သည် ရကောက် ၊ ဝ ဆွဲ သည် ဝ -အက္ခရာ ၏ ကိုယ်စားလှယ်ဟု အသီးသီး မှတ် ။


No comments: