ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း

ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းရပါစေသား။
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကိုမျက်မှောက်ပြုရပါစေသား ။
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

2 comments:

mw said...

Very useful.It would be better if useful links for Dhamma could be added.Just my opinion.
Great work .Keep it up!!

ကိုဇော် said...

ကျေးဇူးတင်ပါတယ်။