ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့် ဖခင်တို့အား၊ ရငြားပါစေ အမျှဝေ၏။
မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။
သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။
ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည်၊ ဖြစ်စေသော်ဝ်။ ဝဿုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု၊ တည်စေသော်ဝ်။
အမျှ၊ အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်လော့။
သာဓု - သာဓု - သာဓု
စနေနေ့၊ နိုဝင်ဘာလ ၂၄၊ ၂၀၀၇
အမျှဝေရန်
တင်ပြသူ:
မာ့ခ်
အချိန်:
၃:၁၃&#၈၂၃၉;မနက်ခင်း
ကဏ္ဍ: အမျှဝေ
Subscribe to:
Post Comments (Atom)
1 comment:
ကျွန်တော်တို့ ငယ်ငယ်ကတော့ ဘ/က တွေမှာ သင်ကြားပေးလို့ အခုထိ အမျှဝေဖြစ်ပါတယ်။ ခေတ်လူငယ်တွေ အတွက် မှတ်သားခွင့် ရအောင် ဆောင်ရွက်ပေးတဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။
(စာဖတ်သူများကိုယ်စား အားပေးရင်း ရှေ့ဆက်ကြိုးစား ဖော်ပြပေးဖို့ တိုက်တွန်းလိုက်ပါတယ်)
Post a Comment