သြကာသ ဘုရားရှိခိုး

 
သြကာသ၊ သြကာသ ၊ သြကာသ ၊
ဲကာယကံ ၊ ၀စီကံ ၊ မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်းအကျိုးငှာ
ပထမ ၊ ဒုတိယ ၊ တတိယ၊
တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင်
ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ်
လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊
ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏ အရှင်ဘုရား။

1 comment:

Khin said...

ဗြသနတရားဘာအပါးတွေလဲမသိဘူး
သိရင်ရှင်းပြကြပါဦး။