ရတဲ့နည်းနဲ့ အလုပ်လုပ်မယ်


ရတဲ့နည်းနဲ့ အလုပ်လုပ်မယ်

(အလုပ်တွင်မွေ့လျော်ခြင်း စာအုပ်မှ )

တချို့က နေမကောင်းလို့ ၊ တချို့ကထိခိုက်ဒါဏ်ရာရလို့ အလုပ်မလုပ်နိုင်တော့ဘူး ။ အလုပ်ကနေ နားနေရတယ်။ အလုပ်က ထွက်လိုက်ရတာလည်းရှိတယ် ။ အလုပ်မလုပ်ပဲ နေရတာကြာရင် သူတို့မခံနိုင်ဘူး ။ ဘာမှမလုပ်ဘဲနဲ့ ထိုင်စားနေရတဲ့ ဘဝကြီးကို လည်း သည်းမခံနိုင်တော့ဘူးနော် ။ အလုပ်ပြန်လုပ်ရဖို့ အရေးဘယ်လို နည်းနဲ့ပဲ လုပ်ရလုပ်ရ ၊ ဘာပဲ ပေးရ ပေးရ ဖြစ်တဲ့ နည်းနဲ့ ပြန်လုပ်ချင်တယ် တဲ့ နော် ။
ကြားဖူးလားမသိဘူး ။ ဒကာကြီး တစ်ယောက်အကြောင်း ဘုန်းကြီး ခဏခဏပြောဖူးတယ် ။ Stephen Hawking ဆိုတာ ၊ အာရုံကြောနဲ့ muscle နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု ဖြစ်နေတယ် ။ ALS လို့ခေါ်တဲ့ ရောဂါ ။ အဲဒီ ရောဂါဖြစ်တာ သူ အသက် နှစ်ဆယ်ကျော်ကတည်းက ၊ သူ Ph.D မရခင် ကတည်းက ဖြစ်တာနော် ။ အခု သူ ငါးဆယ်ကျော်သွားပြီ ။ ငါးဆယ့် ငါးလောက်ရှိမယ်နော် ။
သူ့ရောဂါကြောင့် သူ့muscles တွေ ( ကြွက်သားတွေ ) ဟာ အကုန်လုံးမာသွားတယ် ။ ရှုံ့သွားတယ် ။လှုပ်လို့မရဘူး ။ စကားလည်း ပြောလို့ မရဘူး ။ အခု Stephen Hawking ခန္ဓာကိုယ်က နည်းနည်းပဲ လှုပ်လို့ရတယ် နော် ။ လက်ကလေးနှစ်ချောင်း ပဲလှုပ်လို့ရတယ် ။ အဲဒီ လက်ကလေး နှစ်ချောင်း နဲ့ပဲ ကွန်ပြူတာ ခလုတ်ကို သူကိုင်ထားပြီးတော့ ကွန်ပြူတာ ထဲမှာ စာလုံးစီပြီးတော့ အသံထွက်နိုင်အောင် သူ့ မိတ်ဆွေတစ်ယောက်က တီထွင်ပေးထားတယ် ။
အဲဒီတော့ သူပြောချင်တာရှိရင် အဲဒီ ခလုတ်လေးနဲ့ နှိပ်နှိပ်ပြီးတော့ စာလုံးတွေ စီသွားရတယ်နော် ။ ဒီလက်ကလေး ပဲ လှုပ်လို့ရတယ်နော် ။ စာလုံးလေးတွေ စီပြီးတော့ဝါကျ ဆုံးသွားရင် ခလုပ်နှိပ်လိုက်လို့ရှိရင်အဲဒီ ဝါကျက စကားသံထွက်လာတယ် ။ သူ အဲဒီလို ကွန်ပြူတာ နဲ့ စကားပြောတာကို နားထောင်ဖူးတယ် ။ ဖြစ်တဲ့ နည်းနဲ့ အလုပ်လုပ်တဲ့ သူ့စိတ်ဓာတ်ကို လေးစားပါတယ် ။ သူ့ကို အင်မတန် လေးစားပါတယ် နော် ။
အဲဒီလို သူ စကားမပြောနိုင်တာ နှစ်ပေါင်းများစွာကြာပြီနော် ။အရင်တုန်းက စကားမပီဘူး ။ ပြောလို့ရတယ် ။ နောက်တော့ သူ အဆုတ်ရောဂါ တစ်ခုဖြစ်လို့ တစ်နေရာမှာ ဖောက်လိုက်ရတယ် ။လုံးဝ စကားပြောလို့ မရတော့ဘူး ။ သူ့ ကိုအစားအသောက် သူများက ခွံ့ ကျွေးမှရတယ်။ အစစ အရာရာ သူများပြုစု မှရတယ် ။ ဒါပေမဲ့ အခု အချိန်ထိ သူဟာ England တက္ကသိုလ်တစ်ခု မှာ Professor အလုပ်လုပ်တုန်းပဲ ။
ဒီလက်ကလေးနှစ်ချောင်း လှုပ်လို့ရတာကနေ စာပေ ကျမ်းဂန်တွေကို ရေးတယ် နော် ။ သူရေးတဲ့ စာအုပ်ကျမ်းဂန် ဘုန်းကြီးမှာ ရှိတယ် ။ စဉ်းစားကြည့် ။ သွက်သွက်လက်လက် ရေးနိုင်တဲ့ လူတွေတောင်မှ စာရေးရတာ တော်တော် ပင်ပန်းတယ် နော် ။ သူက ဒီလက်ကလေး နှစ်ချောင်းပဲ လှုပ်လို့ရတယ် ။ ဒါလေးနဲ့ နှိပ်နှိပ်ပြီးတော့ ကွန်ပြူတာနဲ့ သူ စာရေးရတာ။
အစည်းအဝေးပွဲတွေ သူတက်တယ် ။ သူ့ ကို မေးခွန်းတစ်ခု မေးလိုက်ပြီဆို သူ မေးခွန်းကို စဉ်းစားပြီးတော့ ဖြည်းဖြည်းချင်း ၊ ဖြည်းဖြည်းချင်း စာစီနေရတယ် ။ ပရိတ်သတ် ကလည်း ငြိမ်ပြီးတော့ နားထောင်တယ် နော် ။ ဒီပညာရှင် ဘာပြန်ပြောမလဲ ၊ သူ " Yes " လို့ တစ်ခွန်း ပြောတာက အစ အင်မတန် လေးစားတယ် ။ " No" လို့ တစ်ခွန်းပြောတာကအစ အင်မတန် လေးစားတယ် ။ ဖြေလိုက်ရင် လည်းပဲ သူ့  အဖြေဟာ အင်မတန် ရှင်းပြီးတော့ တိုတယ် ၊ တိုတို နဲ့ ရှင်းရှင်း ပြန်ဖြေတတ်တယ် ။
ဒါ့ကြောင့် သူ့စကားကို လူတွေက ပိုတန်ဖိုးထာတာ ၊ စကားအပို တစ်ခွန်းမှ သူ့မှာ မပြောနိုင်ဘူးနော် ။ အဲဒီလောက်အလုပ်ကြိုးစားတဲ့ လူနော် ။ အဲဒီလို ပုဂ္ဂိုလ် ကို ဘုန်းကြီး သိပ်လေးစားတယ် ၊ လူတွေကိုလည်း အဲဒါကို သိစေချင်တယ် ။
နောက်တစ်ယောက်က ကျတော့ Stefan Zweig လို့ခေါ်တဲ့လူ ။ သူက စာရေးဆရာ ၊ ဝတ္ထုတွေ ၊ အတ္ထုပ္ပတ္တိ တွေ ၊ စာပေ ဝေဖန်ရေးတွေ ၊ ပြဇာတ်တွေ ရေးတယ် ။ Stefan Zweig ကလည်းအဲဒီလို ပဲ ။ အာရုံကြောရောဂါ တစ်ခုဖြစ်တယ် ။ ဦးနှောက်တော့ ကောင်းပါတယ် ။ အသိဉာဏ်ကောင်းပါတယ် ။ ဒါပေမဲ့ တစ်ကိုယ်လုံး လှုပ်လို့မရဘူး ။ ခြေလည်း လှုပ်လို့မရဘူး ၊ လက်လည်း လှုပ်လို့မရဘူး ။
Stephen Hawking ကမှ လက်ချောင်းကလေး လှုပ်လို့ ရသေးတယ် ။ Stefan Zweig က ဘာမှလှုပ်လို့ မရဘူးနော် ။ သူလှုပ်လို့ ရတာ မျက်လုံး နှစ်လုံးဘဲ ရှိတယ် ။ အဲဒီ မျက်လုံးပဲ လှုပ်လို့ရတဲ့ လူက ကျမ်းဂန် တွေရေးခဲ့တယ်တဲ့ ၊ ဘယ်လို လုပ်ရေးသလဲ ။ သူ့ ရှေ့တည့်တည့်မှာ Board အကြီးကြီး တစ်ခု လုပ်ထားတယ် ။ အဲဒီမှာ အက္ခရာတွေကို ကြီးကြီး ရေးထားတယ် ။ အဲဒီစာလုံးကို မျက်စိ နဲ့ ကြည့်ပြီး သူက စာလုံးပေါင်းပေါင်းတယ် ။
သူ့မျက်လုံး ဘယ်စာလုံး ကို ကြည့်တယ် ဆိုတာ ကြည့်ပြီး တော့ နောက်တစ်ယောက်က လိုက်ရေးပေးရတယ် ။ အများဆုံးရေးရတာ သူ့ဇနီးပဲ ။ တစ်ကိုယ်လုံး လှုပ်လို့မရတဲ့ လူ ၊ စကားလည်း ပြောလို့မရတဲ့ လူ နော် ၊ မျက်လုံးပဲ လှုပ် လို့ရတဲ့ လူက မျက်လုံးနဲ့ စာရေးတယ် ။ ဘဝ ကို လုံးဝ အရှုံးမပေးဘူး ၊ သူ သိထားတဲ့ အသိဉာဏ်တွေ ကို ပေးထားခဲ့ချင်တယ် နော် ။ မပေးရ မနေနိုင်ဘူး ။ဒီလူတွေဟာ အလုပ်မလုပ်ရ မနေနိုင်ဘူး ။ ဘယ်လောက်ပဲ ကျန်းမာရေး ထိခိုက် ထိခိုက် မရမက လုပ်နေသေးတဲ့ လူတွေပဲ ၊ မလျှော့ဘူး ။
ဘာမှ အလုပ်မရှိဘဲနဲ့ အိပ်ရာထဲ မှာ အိပ်နေရတာကို သူတို့ လုံးဝ လက်မခံနိုင်ဘူး ၊ သည်း မခံနိုင်ဘူး ၊ ရတဲ့ နည်းနဲ့ အလုပ် လုပ်တယ် ။

ဆက်လက်ဖတ်ရှုရန်...

ဓမ္မစကြာသုတ်ပါဠိ


ဓမ္မစကြာသုတ်ပါဠိ


နမောတဿ ဘဂဝ တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ။

ဓမ္မ စကြာ အမွှန်း

(က) ဘိက္ခူနံ ပဉ္စ ဝဂ္ဂီနံ ၊
ဣသိပတန နာမကေ ၊
မိဂဒါယေ ဓမ္မဝရံ ၊
ယံ တံ နိဗ္ဗာ န ပါပကံ ။
(ခ)သဟမ္ပပတိ နာမကေန၊
မဟာဗြဟ္မေန ယာစိတော ၊
စတုသစ္စံ ပကာသေန္တော ၊
လောကနာထော အဒေသယိ ။
(ဂ)နန္ဒိတံ သဗ္ဗဒေဝေဟိ၊
သဗ္ဗသမ္ပတ္တိသာဓကံ ။
သဗ္ဗလောက ဟိတတ္ထာယ၊
ဓမ္မစက္ကံ ဘဏာမ ဟေ။

၁ - ဓမ္မစကြာ နိဒါန်း
ဧဝံမေသုတံ -
ဧကံ သမယံ ဘဂဝါ ဗာရာဏသီယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ ။
တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ -

၂ - အယုတ်တရား နှစ်ပါး
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ကတမေ ဒွေ -
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တ သံဟိတော၊
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော။

၃ - အလယ်အလတ် အကျင့်တရား
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
ကတမာ စသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘီသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။

၎ - ဒုက္ခ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ။
ဇာတိပိ ဒုက္ခာ ၊ ဇရာပိ ဒုက္ခာ ၊ ဗျာဓိပိဒုက္ခော ၊ မရဏံပိ ဒုက္ခံ ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ၊ ယံ ပိစ္ဆံ န လဘတိ ၊ တံပိ ဒုက္ခံ ၊ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ ။

၅ - သမုဒယ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ ။
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြာတတြာ ဘိနန္ဒိနီ ။
သေယျထိဒံ -
ကာမ တဏှာ ဘဝတဏှာ ဝိဘဝတဏှာ ။

၆ - နိရောဓသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ ။
ယော တဿာယေဝ တဏှာယ အသေသ ဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော ။

၇ - မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

၈ - ဒုက္ခ သစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၉ - ဒုက္ခသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၀ - ဒုက္ခသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၁ - သမုဒယသစ္စာ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခသမုဒယံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၂ - သမုဒယသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၃ - သမုဒယသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၄ - နိရောဓသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခနိရောဓံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၅ - နိရောဓသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာ တဗ္ဗ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၆ - နိရောဓသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ" န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၇ - မဂ္ဂသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၈ - မဂ္ဂသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၉ - မဂ္ဂသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၂၀ - ရှေးက ဘုရား ဖြစ်ကြောင်း ဝန်မခံခဲ့ပုံ
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ န သုဝိသုဒ္ဓံ အဟောသိ ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ " အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ " တိ ပစ္စညာသိံ ။

၂၁ - ယခုမှ ဘုရား ဖြစ်ကြောင်းဝန်ခံပုံ
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ န သုဝိသုဒ္ဓံ အဟောသိ ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ " အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ " တိ ပစ္စညာသိံ ။

၂၂ - ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် သိမြင်ပုံ
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ " အကုပ္ပါ မေ ဝိမုတ္တိ ၊ အယ ' မန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝါ " တိ။

၂၃ - ပဉ္စဝဂ္ဂီ ရဟန်းတို့ တရားကို နှစ်သက်ကြပုံ
ဣဒ' မဝေါစ ဘဂဝါ ။
အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ ဘဂဝတော ဘာတိတံ အဘိနန္ဒုန္တိ။

၂၄ - အရှင်ကောဏ္ဍည သောတာပန် ဖြစ်ပုံ
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ " ယံ ကိဉ္စိ သမုဒယဓမ္မံ ၊ သဗ္ဗံတံ နိရောဓ ဓမ္မ " န္တိ ။

၂၅ - နတ်၊ ဗြဟ္မာ တို့ ကောင်းချီးပေးပုံ

ပဝတ္တိ တေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံသုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒ ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
စာတုမဟာ ရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒ' မနုဿာဝေသုံ " ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရန ဝါ ဗြဟ္မုန ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ ။

၂၆ - တစ်သောင်းသော လောကဓာတ် တုန်လှုပ်ပုံ
အယဉ္စ ဒသသဟဿိ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ ။

၂၇ - အရောင်အလင်း ဖြစ်ပေါ်လာပုံ
အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတု ရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ ။

၂၈ - မြတ်စွာဘုရား ဥဒါန်းကျူးပုံ
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ " အညာသိ ဝတ ဘော ကောဏ္ဍညော ၊ အညာသိ ဝတဘော ကောဏ္ဍညော " တိ ။
ဣတိဟိဒံ အာယသ္မတော ကောဏ္ဍညဿ အညာသိ - ကောဏ္ဍညော တွေဝ နာမံ အဟောသိ ။

၂၉ - အညာသိကောဏ္ဍည ရှင်ရဟန်းအဖြစ် တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏ ဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ " လဘေယျာဟံဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ ၊ လဘေယျံ ဥပသမ္ပဒ " န္တိ ။

၃၀ - ဧဟိ ဘိက္ခုရဟန်း အဖြစ်ရပုံ
" ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ ၊ သွာက္ခာတော ဓမ္မော ၊ စရ ဗြဟ္မစရိယံ သမ္မာဒုက္ခဿ အန္တကိရိယာ ယာတိ ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ ။

ဓမ္မစက္ကပ္ပဝတ္တန သုတ္တံ နိဋ္ဌိတံ ။

ဆက်လက်ဖတ်ရှုရန်...