ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့် ဖခင်တို့အား၊ ရငြားပါစေ အမျှဝေ၏။
မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။
သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။
ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည်၊ ဖြစ်စေသော်ဝ်။ ဝဿုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု၊ တည်စေသော်ဝ်။
အမျှ၊ အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်လော့။
သာဓု - သာဓု - သာဓု
စနေနေ့၊ နိုဝင်ဘာလ ၂၄၊ ၂၀၀၇
အမျှဝေရန်
တင်ပြသူ:
မာ့ခ်
အချိန်:
၃:၁၃&#၈၂၃၉;မနက်ခင်း
ဝေဖန်ချက်
၁
ခု
ကဏ္ဍ: အမျှဝေ
မေတ္တာသုတ်လာ မေတ္တာပို့နည်း - ၁၁နည်း
၁။ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ ၂ရပ်များစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ ၂ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၎။ ဝေးနေနီးနေ၊ ၂ထွေများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၆။ ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ဆူကြုံအလတ်၊ သုံးရပ်ကခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
တင်ပြသူ:
မာ့ခ်
အချိန်:
၂:၄၄&#၈၂၃၉;မနက်ခင်း
ဝေဖန်ချက်
ဝ
ခု
ကဏ္ဍ: မေတ္တာပို့
တောင်ကျွန်းသမ္ဗုဒ္ဓေ
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စဿတသဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါလုကာ ဂင်္ဂါ၊ အနန္တာနိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကအန္တရာရာပိ၊ ဝိနဿန္တု အသေသတော။
တင်ပြသူ:
မာ့ခ်
အချိန်:
၂:၄၁&#၈၂၃၉;မနက်ခင်း
ဝေဖန်ချက်
ဝ
ခု
ကဏ္ဍ: ဘုရားရှိခိုး
သြကာသ ဘုရားရှိခိုး
သြကာသ၊ သြကာသ ၊ သြကာသ ၊
ဲကာယကံ ၊ ၀စီကံ ၊ မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်းအကျိုးငှာ
ပထမ ၊ ဒုတိယ ၊ တတိယ၊
တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင်
ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ်
လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။
ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊
ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏ အရှင်ဘုရား။
တင်ပြသူ:
မာ့ခ်
အချိန်:
၂:၁၅&#၈၂၃၉;မနက်ခင်း
ဝေဖန်ချက်
၁
ခု
ကဏ္ဍ: ဘုရားရှိခိုး