ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်


ဗောဇ္ဈင်သုတ်တော် ဝတ္ထု ဖြစ်စဉ်


တစ်ရံရော အခါ တန်ခိုးပြင်းထန် လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ် နာမကျန်း ဖြစ်လတ်လေသည် ။ ဟူးရား အကျော်သမားတော် များ၏ ဆေးဝါးများသောက်သုံးပါသော်လည်း ရောဂါဝေဒီနာ မသက်သာချေ။
ထိုအခါ ရှင်တော်မြတ်ဘုရား ကြွရောက်တော်မူလာပြီးဗောဇ္ဈင်ခုနှစ်ပါး တရားမန္တန် ပရိတ်တော်ကို ဟောဖော်ချီးမြှင့်တော်မူရာ ရှင်မဟာမောဂ္ဂလ္လာန် မထေရ် မှာ ရောဂါ ဝေဒနာ မှ လွတ်ကင်း ကျန်းမာခြင်းသို့ ရောက်လေရာ ထိုအခါမှ စ၍ ဗောဇ္ဈင် သုတ်တော်ဖြစ် ပေါ်ထင်ရှားပွါးများ ရွတ်ဆိုခဲ့ကြပါသတည်း ။
…………………………………………………………………………….

ဗောဇ္ဈင်သုတ်တော် ရွတ်ဖတ်ခြင်း ၏အကျိုး

ဤ ဗောဇ္ဈင်သုတ်တော် ကို နေ့စဉ်ရွတ်ဖတ် ပွါးများခြင်းဖြင့် ရောဂါ ဆိုး၊ ဝေဒနာဆိုး များ မကပ်ငြိနိုင်ပဲပျောက်ကင်းချမ်းသာစေနိုင်သည် ။ ရောဂါ ဝေဒနာ ကျရောက်နေသူများ အတွက်ဌာန်ကရိဏ်းကျ ပီပီသသ ရွတ် ပေးပါက ရောဂါ ကင်း ပျောက်ချမ်းသာရောက်ခြင်းသို့ မုချရောက်ရှိပါလိမ့်မည် ။

No comments: