သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း


သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း


မြတ်စွာဘုရားသခင် သည် သတ္တဝါများ အပေါ် လွန်ကဲမြင့်မြတ် သော ကရုဏာတော် ဖြင့် မသေမီ စိတ်ချရသော တရားထူးကို ဟောကြားတော်မူရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးတို့ကြောင့် စိတ်မချရသေးသော် သေခါနီး နှလုံးသွင်း ဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟောကြားတော်မူ ခဲ့ပါတယ် ။
ဘယ်လိုဟောကြားတော်မူသလဲ ဆိုတော့
( က ) မကျန်းမာ သော အခါ ဖြစ်စေ ၊ သေခါနီး ရင်ဖြစ်စေ ၊ ရောဂါ ဝေဒနာ ( ဒုက္ခဒဏ်ချက် တစ်ခုခု ) ပေါ်လာမယ်။ အဲဒါပေါ်လာတဲ့ ဒုက္ခဝေဒနာ ကို ( ဖြစ်ပျက်ရှုပေး ) ။
( ခ ) ဪ နှိပ်စက်တဲ့ တရားပါလား ၊ နှိပ်စက်တာ ဧကန်ဖြစ်လို့ ဘဝ ရဲ့ ဒုက္ခ တရား ( ဒုက္ခကြီးပါပဲ ) ။
( ဂ ) ဒီဒုက္ခတရားဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ။ ( ဖြစ်ပြီး ပျက်သွားတာပဲ ) ။
( ဃ )အားလုံး ဖြစ်ပေါ်လာသမျှ တရားတွေ ဟာ ပျက်တာချည့်ပဲ ။
( င )ဘာပဲလာလာ ပျက်မှာ ချည့်ဘဲ ၊ အဖြစ် နဲ့ အပျက်ကလွဲ ရင် ၊ ဘာမှ မရှိပါကလား ၊ ( ဖြစ်ပျက်_ဖြစ်ပျက် ) လို့ ရှုနေရမယ် ။
( စ )ဖြစ်ပြီးပျက်သွား တဲ့ ဖြစ်ပျက် အစဉ်မှာ ( ဉာဏ် ရောက်နေရမယ် )။
( ဆ ) ဒီလိုဉာဏ် ရောက်နေတော့ ဝေဒနာ ချုပ်သွားတယ် ( ဝေဒနာ ချုပ်တာ ဒုက္ခ ချုပ်တာပဲ )
( ဝေဒနာ နိရောဓ တဏှာနိ ရောဓော )
( ဇ )ဝေဒနာ ချုပ်တဲ့ နောက် ( တဏှာအလိုလို သေတယ် )၊ ဒီတော့ ပဋိစ္စ သမုပ္ပါဒ် ဒီတွင်ဘဲပြတ် ၊ ပြတ်တော့ " ဒုက္ခ နိရောဓနိဗ္ဗာနံ " လာတာပဲ ။
( ဈ )ဒုက္ခ ဝေဒနာ လာသမျှ ( ဖြစ်ပျက်သာရှု ) ဖြစ်ပျက် အနိစ္စ နောက်မဂ် ဉာဏ် လိုက်ရမယ် ။ ဒီ ဖြစ်ပျက်နဲ့ မဂ် နဲ့ မပြတ်အောင် ဉာဏ်လိုက်သွားရင် မသေခင်ကလေးမှာ သောတာပတ္တမဂ် ၊သကဒါဂါမိမဂ် ၊အနာဂါမိမဂ် ဆိုတဲ့ ( သုံးမဂ် ကျအောင် ရနိုင်တယ် )။

အနိစ္စ - ဒုက္ခ - အနတ္တ

နာမ် ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက်၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ သဘာဝ အား ၊ ဤသုံးပါးကြောင့် ၊ဖြစ်ပွါးသမျှ ၊ အနိစ္စ သည် ၊ ဒုက္ခ- အနတ္တ ချည့်သာတည်း ။

2 comments:

မြရွက်ဝေ said...

သေခါနီးစိတ်က အရမ်းအရေးကြီးတယ်လို့တော့သိတယ်။ ဘယ်လိုမှတ်ရမှန်းတော့ ခုမှသိတော့တယ်။ ကောင်းတယ်မနွေလည်ရေ- တနေ့နဲနဲနဲ့ အနှစ်သာရတွေ ဖတ်ရတာ။ မနွေလည်လည်း ကုသိုလ်တွေရတာပေါ့။

zawzaw said...

သေခါနီး စိတ်ဆိုတာ သာမန်တွေးကြည့်ရင်တော့ ဘာမှမဟုတ်သလိုဘဲ။ လူတွေဟာ သေခါနီး အတွေ့အကြုံ မရှိဘူးကြတာ များမယ်ထင်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ သေမလိုဖြစ်ဖူးခဲ့ပါတယ်။ သေဘေးကြုံတယ်လို့ ပြောရမှာပေါ့။ အဲဒီလို..သေဘေးကြုံရတဲ့ အချိန်အခိုက်အတန့်လေးမှာ ကိုယ့်ကို ကယ်တင်နိုင်တာ ဘယ်သူလဲ လို့တွေးကြည့်မိတယ်။ တကယ်တော့..ဘယ်သူမှ မကယ်နိုင်တာ တွေ့တယ်။ နောက်ပြန်တွေးမိတာက ငါသာ အဲဒီတုန်းက သေသွားခဲ့ရင် ဘယ်လိုဖြစ်မလဲ။ နောက်တစ်ခါ သေခါနီးရင် ဘယ်လိုနှလုံးသွင်းရမလဲ..စဉ်းစားမိလာတယ်။ လူတိုင်း လူတိုင်းတော့ သေပုံ၊ သေနည်းတွေ မတူနိုင်ပါဘူး။ သေရေးကို နှလုံးသွင်းသွားနိုင်ဖို့ အချိန်ရသွားတဲ့လူတွေရှိသလို နှလုံးသွင်းဖို့ အချိန်ရမသွားတဲ့ လူတွေလည်း အများကြီး ရှိပါလိမ့်မယ်။ အဓိကပြောချင်တာက..ကိုယ်တကယ်သေခါနီး အချိန်ကို စိတ်ကူးနဲ့ တွေးပြီး သေကြည့်ပါ။ ငါတကယ် သေတတ်ပြီလားလို့ တွေးကြည့်ပါလို့ အကြံပြုလိုပါတယ်။


September 20, 2009.(Sun). 1153PM